သ႐ုပ္ေဆာင္ (ဦး) ေဗလုဝ ၏ က်န္းမာေရး အေျခအေနေၾကာင့္ ပင္လုံေဆး႐ုံတြင္ ေဆးဝါးကုသမွု ခံယူေနရ

Zawgyi ျဖင့္ဖတ္ရန္

သ႐ုပ္ေဆာင္ (ဦး) ေဗလုဝ ၏ က်န္းမာေရး အေျခအေနေၾကာင့္ ပင္လုံေဆး႐ုံတြင္ ေဆးဝါးကုသမွု ခံယူေနရ

ျပည္သူ႔ အခ်စ္ေတာ္ ဟာသႏွင့္ ဗြီဒီယို သ႐ုပ္ေဆာင္ (ဦး) ေဗလုဝ ၏ က်န္းမာေရး အေျခအေနေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ့သစ္ (ေျမာက္ပိုင္း) ၿမိဳ့နယ္ရွိ ပင္လုံ ေဆး႐ုံ တြင္ ေဆးဝါးကုသမွု ခံယူေနရေၾကာင္း လူရႊင္ေတာ္ အသင္း (ရန္ကုန္) ၏ ျပန္ၾကားေရးမွူး (ဦး) ေကာင္းေက်ာ္က ျပည္ျမန္မာ ကို ေျပာသည္။

နိုဝင္ဘာလ ၁၇ ရက္တြင္ ေဆး႐ုံတင္ရသည္ဟု သိရကာ အက်ိဳးအေၾကာင္းကို မသိရေသးေၾကာင္းလည္း ၄င္းက ဆိုသည္။“ဒီေန႔ေတာ့ သက္သာတယ္လို့ ေျပာတယ္။ ကိုယ္တိုင္ေတာ့ သြားမေမးရေသးဘူး” ဟု ၄င္းက ဆိုသည္။

(ဦး) ေဗလုဝ သည္ ယခုႏွစ္ ဇန္နဝါရီလ က ဦးေႏွာက္ေသြးေၾကာပိတ္ ေဝဒနာ ကို ခံစားခဲ့ရသည့္ အတြက္ ေဆးဝါး ကုသမွု ခံယူခဲ့သူ ျဖစ္ၿပီး က်န္းမာေရး အေျခအေန သက္သာလာခဲ့ကာ ေနအိမ္တြင္ပင္ ေလ့က်င့္ခန္း မ်ား ႏွင့္ ေဆးဝါးကုသမွု ဆက္လက္ ခံယူေနျခင္း ျဖစ္သည္။

HAP ဓာတ္ပုံ – Bay Bay FB ပုံစာ – ဦးေဗလုဝ ကို ေဖေဖာ္ဝါရီလ က ေတြ႕ျမင္ရစဥ္

Unicode ျဖင့္ဖတ္ရန္

သရုပ်ဆောင် (ဦး) ဗေလုဝ ၏ ကျန်းမာရေး အခြေအနေကြောင့် ပင်လုံဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရ

ပြည်သူ့ အချစ်တော် ဟာသနှင့် ဗွီဒီယို သရုပ်ဆောင် (ဦး) ဗေလုဝ ၏ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံ ဆေးရုံ တွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း လူရွှင်တော် အသင်း (ရန်ကုန်) ၏ ပြန်ကြားရေးမှူး (ဦး) ကောင်းကျော်က ပြည်မြန်မာ ကို ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်တွင် ဆေးရုံတင်ရသည်ဟု သိရကာ အကျိုးအကြောင်းကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။“ဒီနေ့တော့ သက်သာတယ်လို့ ပြောတယ်။ ကိုယ်တိုင်တော့ သွားမမေးရသေးဘူး” ဟု ၎င်းက ဆိုသည်။

(ဦး) ဗေလုဝ သည် ယခုနှစ် ဇန်နဝါရီလ က ဦးနှောက်သွေးကြောပိတ် ဝေဒနာ ကို ခံစားခဲ့ရသည့် အတွက် ဆေးဝါး ကုသမှု ခံယူခဲ့သူ ဖြစ်ပြီး ကျန်းမာရေး အခြေအနေ သက်သာလာခဲ့ကာ နေအိမ်တွင်ပင် လေ့ကျင့်ခန်း များ နှင့် ဆေးဝါးကုသမှု ဆက်လက် ခံယူနေခြင်း ဖြစ်သည်။

HAP ဓာတ်ပုံ – Bay Bay FB ပုံစာ – ဦးဗေလုဝ ကို ဖေဖော်ဝါရီလ က တွေ့မြင်ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *