Zawgyi ျဖင့္ဖတ္ရန္
“ မင္းကင္းၿမိဳ႕နယ္၌ ေတြ႕ရွိခဲ့သည့္ လင္းယုန္ငွက္မွာ မြန္ဂိုလီးယားႏိုင္ငံ မွငွက္ျဖစ္ ”
မင္းကင္းၿမိဳ႕နယ္၌ ေတြ႕ရွိခဲ့သည့္ လင္းယုန္ငွက္မွာ မြန္ဂိုလီးယားႏိုင္ငံ၊ ဇီဝေဗဒတကၠသိုလ္မွ သုေတသနျပဳထားသည့္ ငွက္ ျဖစ္
မင္းကင္းၿမိဳ႕နယ္ သာစည္ေက်း႐ြာတြင္ ေတြ႕ရွိခဲ့ရသည့္ အမွတ္ အသားပါရွိသည့္ လင္းယုန္ဌက္သည္ MONGOLIA ႏိုင္ငံရွိ ဇီဝေဗဒ တကၠသိုလ္ တစ္ခုတြင္ရွိေသာ ငွက္ဘာသာေဗဒ ဓာတ္ခြဲခန္းဆိုင္ရာ တကၠသိုလ္ ေက်ာင္းသားမ်ားက လင္းယုန္ငွက္၏ ပ်ံသန္းႏိုင္ႏႈန္းႏွင့္ ေရာက္ရွိသည့္ေနရာအား သိရွိႏိုင္ရန္အတြက္ သုေတသန ျပဳလုပ္သည့္ သေဘာျဖင့္ ေဆာင္႐ြက္ျခင္း ျဖစ္ႏိုင္ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္သည္
သစ္ေတာလုံၿခဳံေရး ရဲတပ္ဖြဲ႕ မွ လင္းယုန္ႏွင့္ပတ္သက္၍ Wildlife Conservation Society(WCS) ေနျပည္ေတာ္႐ုံးခြဲမွ National Landscape Coordinator ျဖစ္သူ ေဒါက္တာ ေနာ္ေမေလးသန္႔ထံ ဆက္သြယ္ ေမးျမန္းခ်က္အရ လင္းယုန္တြင္ပါရွိေသာ ORNITH LAB သည္ ငွက္ဘာသာေဗဒ ဓာတ္ခြဲခန္းဆိုင္ရာ ဌာနခြဲအမည္ ျဖစ္ေၾကာင္း၊ INST-BIOL သည္ ဇီဝေဗဒဆိုင္ရာ တကၠသိုလ္ျဖစ္ေၾကာင္း၊MONGOLIAသည္ ႏိုင္ငံ အမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
လင္းယုန္ငွက္ အမ်ိဳးအစားသည္ ေအးသည့္ ရာသီဥတုတြင္ ေနထိုင္ျခင္း မရွိဘဲ
ပူေႏြးေသာ ရာသီရွိသည့္ ေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ တတ္သည့္ အေလ့အထရွိသျဖင့္ MONGOLIA ႏိုင္ငံသည္ ယခုအခါ၌ ရာသီဥတု အလြန္ေအး ေသာ အခ်ိန္ျဖစ္ေန၍ ပူေႏြးေသာ ရာသီရွိ သည့္ေဒသဘက္သို႔ ပ်ံသန္းလာရာမွ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိနားခိုခ်ိန္တြင္ ပစ္ခတ္ခံရျခင္းျဖစ္သည္။
###crdမူရင္းေရးသားသူ
Photo #Crd
Unicode ျဖင့္ဖတ္ရန္
“ မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ မှငှက်ဖြစ် ”
မင်းကင်းမြို့နယ်၌ တွေ့ရှိခဲ့သည့် လင်းယုန်ငှက်မှာ မွန်ဂိုလီးယားနိုင်ငံ၊ ဇီဝဗေဒတက္ကသိုလ်မှ သုတေသနပြုထားသည့် ငှက် ဖြစ်
မင်းကင်းမြို့နယ် သာစည်ကျေးရွာတွင် တွေ့ရှိခဲ့ရသည့် အမှတ် အသားပါရှိသည့် လင်းယုန်ဌက်သည် MONGOLIA နိုင်ငံရှိ ဇီဝဗေဒ တက္ကသိုလ် တစ်ခုတွင်ရှိသော ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ တက္ကသိုလ် ကျောင်းသားများက လင်းယုန်ငှက်၏ ပျံသန်းနိုင်နှုန်းနှင့် ရောက်ရှိသည့်နေရာအား သိရှိနိုင်ရန်အတွက် သုတေသန ပြုလုပ်သည့် သဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်
သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ မှ လင်းယုန်နှင့်ပတ်သက်၍ Wildlife Conservation Society(WCS) နေပြည်တော်ရုံးခွဲမှ National Landscape Coordinator ဖြစ်သူ ဒေါက်တာ နော်မေလေးသန့်ထံ ဆက်သွယ် မေးမြန်းချက်အရ လင်းယုန်တွင်ပါရှိသော ORNITH LAB သည် ငှက်ဘာသာဗေဒ ဓာတ်ခွဲခန်းဆိုင်ရာ ဌာနခွဲအမည် ဖြစ်ကြောင်း၊ INST-BIOL သည် ဇီဝဗေဒဆိုင်ရာ တက္ကသိုလ်ဖြစ်ကြောင်း၊MONGOLIAသည် နိုင်ငံ အမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လင်းယုန်ငှက် အမျိုးအစားသည် အေးသည့် ရာသီဥတုတွင် နေထိုင်ခြင်း မရှိဘဲ
ပူနွေးသော ရာသီရှိသည့် ဒေသများသို့ ပြောင်းရွှေ့ နေထိုင် တတ်သည့် အလေ့အထရှိသဖြင့် MONGOLIA နိုင်ငံသည် ယခုအခါ၌ ရာသီဥတု အလွန်အေး သော အချိန်ဖြစ်နေ၍ ပူနွေးသော ရာသီရှိ သည့်ဒေသဘက်သို့ ပျံသန်းလာရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိနားခိုချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
###crdမူရင်းရေးသားသူ
Photo #Crd