ဗုိလ္ခ်ဴ ပ္ေအာင္ဆန္းႏွင့္ ေဒၚခင္ၾကည္တုိ ့အေၾကာင္း တေစ့တေစာင္း

[Zawgyi]

ဗုိလ္ခ်ဴ ပ္ေအာင္ဆန္းႏွင့္ ေဒၚခင္ၾကည္တုိ ့အေၾကာင္း တေစ့တေစာင္း

၁၉၄၂ ခုႏွစ္ စက္တင္ဘာလ (၆) ရက္ ေန ့လည္ (၂) နာရီအခ်ိန္တြင္ မဂၤလာလက္ထပ္ပဲြ က်င္းပျပဳလုပ္ခဲ့ပါသည္။ ဂ်ပန္ေခတ္ေဆးရုံၾကီးတြင္ ျဖစ္ပါသည္။

ထုိ ့ေနာက္ ပထမဦးဆုံး ေနထုိင္ရာအရပ္မွာ အလံျပဘုရားလမ္းက ေနအိမ္ ျဖစ္ပါတယ္။ ဧရာဝတီသေဘၤာကုမၸ႑ီ မန္ေနဂ်ာခ်ဴ ပ္ေနအိမ္ ျဖစ္ပါတယ္။ (ယခုလည္း ရွိပါေသးတယ္) ယုဇနဂါးဒင္းဟုိတယ္နားမွာပါ…

ထုိ ့ေနာက္ စစ္႒ာနခ်ဴ ပ္ရွိရာ ပ်ဥ္းမနားတြင္ သြားေရာက္ေနထုိင္ခဲ့ပါတယ္။ရန္ကုန္ျပန္ေရာက္ျပီးခ်ိန္တြင္ (၆) မုိင္ အင္လ်ားကန္ေစာင္းရွိ Grassmere Vale အမည္ရွိအိမ္တြင္ ေနထုိင္ပါတယ္။ ေျမနီလမ္းကေလးအဆုံး တစ္ထပ္တုိက္ကေလးပါ။

ေနာက္ ဂ်ပန္ေတာ္လွန္ေရးျဖစ္ခ်ိန္တြင္ ဗုိလ္ခ်ဴ ပ္ေအာင္ဆန္းသည္ တစ္ေနရာ (သရက္ေခ်ာင္း) … ေဒၚခင္ၾကည္ – ညီမျဖစ္သူ ေဒၚအမာ – သားႏွစ္ဦး – ေဒၚေအာင္ဆန္းစုၾကည္ (ကုိယ္ဝန္လြယ္ထား) တစ္ေနရာစီ ျဖစ္ပါတယ္။ဂ်ပန္ေတာ္လွန္ေရး ျပီးသည့္ေနာက္ ရန္ကုန္ကုိ သိမ္းယူျပီးခ်ိန္တြင္ ဗုိလ္ခ်ဴ ပ္ေအာင္ဆန္းသည္ ဦးထြန္းျမတ္လမ္းနဲ ့ ကန္ေတာ္ၾကီးေထာင့္ ေနအိမ္တြင္ ေနထုိင္ပါသည္။

ထုိ ့ေနာက္တြင္မွ ၁၉၄၅ ခုႏွစ္ ေမလ ၁ ရက္မွ ၁၉၄၇ ဇူလုိင္လ ၁၉ ရက္ လုပ္ၾကံခံရသည့္ေန ့အထိ တာဝါလိန္းလမ္း ေနအိမ္တြင္ ေနထုိင္ခဲ့ပါသည္။ အဆုိပါေနအိမ္သည္ ၁၉၂၁ ခုႏွစ္က ေဆာက္လုပ္ခဲ့ေသာ အေဆာက္အဦးျဖစ္ျပီး အေနာက္တုိင္းဗိသုကာဟန္ ေရာေႏွာထားပါသည္။ ေနအိမ္အေဆာက္အအုံကုိ ျခံအက်ယ္ ၂ ဒႆ မ ၄၂၃ ဧကရွိ ဘဲဥပုံသ႑န္ (Oval Shape) ေျမကြက္တြင္ ေဆာက္လုပ္ထားျခင္း ျဖစ္ပါသည္။

အဆုိပါေနအိမ္တြင္ ဗုိလ္ခ်ဴ ပ္ကေတာ္ ေဒၚခင္ၾကည္ႏွင့္ မိသားစုသည္ ၁၉၅၃ ခုႏွစ္ ေမလအထိ ေနထုိင္ခဲ့ပါသည္။ (သားအလတ္ျဖစ္သူ ကုိကုိလင္း ကြယ္လြန္ျပီးေနာက္ ေျပာင္းေရႊ ့ခဲ့ပါသည္။ ယခုလက္ရွိ ေနထုိင္ရာ အမွတ္ ၅၄ – ၅၆ တကၠသုိလ္ရိပ္သာလမ္းေနအိမ္သုိ ့)

သမုိင္းအမွန္မ်ားကုိ သိေစရန္အတြက္ (စဥ္းစားခ်င့္ခ်ိန္နုိင္ရန္အတြက္ပါ) ေဖာ္ျပလုိက္ရပါသည္… ေနာက္မွ အေသးစိတ္ သီးျခားပုိစ့္ တင္ပါမည္ (ေဒၚေအာင္ဆန္းစုၾကည္ ေမြးဖြားရာႏွင့္ ပတ္သက္၍ပါ)

ကုိးကား – ဦးေအာင္ၾကီး ေရး ေဆာင္းပါးတစ္ပုဒ္ ၊သခင္တင္ျမ ေရး ေဆာင္းပါးတစ္ပုဒ္၊သန္းဝင္းလႈိင္ ေရး စာအုပ္တစ္အုပ္ထဲမွ

Via Aung Kyaw Moe

[Unicode]

ဗိုလ်ချူ ပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့အကြောင်း တစေ့တစောင်း

၁၉၄၂ ခုနှစ် စက်တင်ဘာလ (၆) ရက် နေ့လည် (၂) နာရီအချိန်တွင် မင်္ဂလာလက်ထပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်ခေတ်ဆေးရုံကြီးတွင် ဖြစ်ပါသည်။

ထို့နောက် ပထမဦးဆုံး နေထိုင်ရာအရပ်မှာ အလံပြဘုရားလမ်းက နေအိမ် ဖြစ်ပါတယ်။ ဧရာဝတီသင်္ဘောကုမ္ပဏ္ဍီ မန်နေဂျာချူ ပ်နေအိမ် ဖြစ်ပါတယ်။ (ယခုလည်း ရှိပါသေးတယ်) ယုဇနဂါးဒင်းဟိုတယ်နားမှာပါ…

ထို့နောက် စစ်ဋ္ဌာနချူ ပ်ရှိရာ ပျဉ်းမနားတွင် သွားရောက်နေထိုင်ခဲ့ပါတယ်။ရန်ကုန်ပြန်ရောက်ပြီးချိန်တွင် (၆) မိုင် အင်လျားကန်စောင်းရှိ Grassmere Vale အမည်ရှိအိမ်တွင် နေထိုင်ပါတယ်။ မြေနီလမ်းကလေးအဆုံး တစ်ထပ်တိုက်ကလေးပါ။

နောက် ဂျပန်တော်လှန်ရေးဖြစ်ချိန်တွင် ဗိုလ်ချူ ပ်အောင်ဆန်းသည် တစ်နေရာ (သရက်ချောင်း) … ဒေါ်ခင်ကြည် – ညီမဖြစ်သူ ဒေါ်အမာ – သားနှစ်ဦး – ဒေါ်အောင်ဆန်းစုကြည် (ကိုယ်ဝန်လွယ်ထား) တစ်နေရာစီ ဖြစ်ပါတယ်။ဂျပန်တော်လှန်ရေး ပြီးသည့်နောက် ရန်ကုန်ကို သိမ်းယူပြီးချိန်တွင် ဗိုလ်ချူ ပ်အောင်ဆန်းသည် ဦးထွန်းမြတ်လမ်းနဲ့ ကန်တော်ကြီးထောင့် နေအိမ်တွင် နေထိုင်ပါသည်။

ထို့နောက်တွင်မှ ၁၉၄၅ ခုနှစ် မေလ ၁ ရက်မှ ၁၉၄၇ ဇူလိုင်လ ၁၉ ရက် လုပ်ကြံခံရသည့်နေ့အထိ တာဝါလိန်းလမ်း နေအိမ်တွင် နေထိုင်ခဲ့ပါသည်။ အဆိုပါနေအိမ်သည် ၁၉၂၁ ခုနှစ်က ဆောက်လုပ်ခဲ့သော အဆောက်အဦးဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန် ရောနှောထားပါသည်။ နေအိမ်အဆောက်အအုံကို ခြံအကျယ် ၂ ဒဿ မ ၄၂၃ ဧကရှိ ဘဲဥပုံသဏ္ဍန် (Oval Shape) မြေကွက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

အဆိုပါနေအိမ်တွင် ဗိုလ်ချူ ပ်ကတော် ဒေါ်ခင်ကြည်နှင့် မိသားစုသည် ၁၉၅၃ ခုနှစ် မေလအထိ နေထိုင်ခဲ့ပါသည်။ (သားအလတ်ဖြစ်သူ ကိုကိုလင်း ကွယ်လွန်ပြီးနောက် ပြောင်းရွှေ ့ခဲ့ပါသည်။ ယခုလက်ရှိ နေထိုင်ရာ အမှတ် ၅၄ – ၅၆ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်သို့)

သမိုင်းအမှန်များကို သိစေရန်အတွက် (စဉ်းစားချင့်ချိန်နိုင်ရန်အတွက်ပါ) ဖော်ပြလိုက်ရပါသည်… နောက်မှ အသေးစိတ် သီးခြားပိုစ့် တင်ပါမည် (ဒေါ်အောင်ဆန်းစုကြည် မွေးဖွားရာနှင့် ပတ်သက်၍ပါ)

ကိုးကား – ဦးအောင်ကြီး ရေး ဆောင်းပါးတစ်ပုဒ် ၊သခင်တင်မြ ရေး ဆောင်းပါးတစ်ပုဒ်၊သန်းဝင်းလှိုင် ရေး စာအုပ်တစ်အုပ်ထဲမှ

Via Aung Kyaw Moe

Leave a Reply

Your email address will not be published. Required fields are marked *