Source.shwetoe
unicode version
ညောင်ရွှေမြို့မှာ ခေတ္တတည်းခိုနေတဲ့ အီတလီနိုင်ငံသူလေးရဲ့ (၁၂) ပတ်တိတိလှူဒါန်းသွားမည့်အလှူ
မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ အီတလီ သူလေးကဆန်ဆီ ကြက်ဥစသဖြင့်လိုအပ်တာတို့ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးနဲ့ ပတ်သတ်ပြီး
မြန်မာနိုင်ငံရှိ သူဌေးကြီးများ အနုပညာရှင် ညီကိုမောင်နှမများနဲ့ပရဟိတ အဖွဲ့အစည်း အချို့အနေဖြင့် မိမိတတ်နိုင်သလောက် တဖက်တလမ်းကနေ ပါဝင်ကူညီပြီး
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဆေးဝါး Q စင်တာနဲ့ အခက်အခဲဖြစ်နေတဲ့ မိသားစုဝင်များအား လှူတန်းမှုများကို တစ်ဖက်တစ်လမ်းက လုပ်ဆောင်နေကြတာကို အားလုံးလည်း သိကြမှာပါ။
အဲ့လို ပရဟိတ အလုပ်တွေကို ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ သာမကဘဲ မြန်မာ နိုင်ငံသား မဟုတ်ကြတဲ့ အခြားသော နိုင်ငံရပ်ခြားက သူတွေလည်း ပါရှိနေပါတယ်။မိမိ နိုင်ငံသား မဟုတ်ပဲ မြန်မာနိုင်ငံအတွက် ယခုလိုအလှူအတန်းများ လှူဒါန်းပေးတာဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူ ပီတိဖြစ်မိပါတယ်။
ယခုအခါလည်း ညောင်ရွှေမြို့မှာရှိတဲ့ ( SOUND OF TRAVEL HOTEL ) တွင် တည်းခိုနေတဲ့ အီတလီ နိုင်ငံသူ မနော်နော်မှ (၂၀၂၀) ခုနှစ် (၇)ရက်နေ့မှာတော့ နန္ဒဝန် ရပ်ကွက်နှင့် ဘုရားကြီးရွာ ရှိလူဦးရေ (၂၀၀) ကို ဆန် ဆီ ကြက်ဥ နှင့် အာလူးများ ပေးဝေ လှူဒါန်းမှု များပြုလုပ်နေမှုကို ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် မှလာရောက် ကြည့် ရှု့လာခဲ့ပါတယ်။
ထိုအလှူအား တစ်ကြိမ်တစ်ခါသာ လှူဒါန်းမှာ မဟုတ်ပဲ အပတ်စဉ် တနင်္လာနေ့တိုင်း ( ၁၂ ) ပတ်တိတိ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း ခုလိုအလှူလေးကို သာဓုခေါ် ပေး့ကပါအုံးနော်။
ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလည်း သူမရဲ့ ထူးခြားတဲ့ အီတလီ နိုင်ငံသူလေး မနော်နော်ရဲ့ အလှူအတွက် ကုသိုလ်ရအောင် လူအများသိရအောင် share ပေးပြီး ပြန်လည် မျှဝေပေးကြပါဦးနော်။ မူရင်းရေးသားသူ လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။ Source.shwetoe
Leave a Reply
Your email address will not be published. Required fields are marked *