ၿမိဳ႕ေရွာင္လမ္းေဘး အိမ္၊ၿခံ ၊ေျမ ဝယ္လိုသူမ်ားအတြက္ အထူးသတိေပးခ်က္

မြို့ရှောင်လမ်းဘေး အိမ်၊ခြံ ၊မြေ ဝယ်လိုသူများအတွက် သတိပေးချက်

နောင်တွင် မြို့ရှောင်လမ်းဖောက်ပြီဆိုလျှင် မြို့ရှောင်လမ်းတလျှောက် ခြံစည်းရိုးခတ်မည်ဖြစ်၍မြို့ရှောင်လမ်းဘေး ဝယ်သူများ ငွေကြေးဆုံးရှုံးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ကြိုတင်သတိပေးထား

မြို့ရှောင်လမ်းသစ်ဘေး ဈေးဆိုင်၊ဟိုတယ်၊လူနေအိမ်ဆောက်လုပ်ခြင်းကို နောင်တွင် တိုင်း၊ပြည်နယ် အစိုးရအဖွဲ့များ က ခွင့်မပြုပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက

ပြည်ထောင်စုလွှတ်တော်နာယကမှတဆင့် ယနေ့တွင် တင်ပြလိုက်သည်။

နောင်တွင် မြို့ရှောင်လမ်းဖောက်ပါက ခြံစည်းရိုးပါ တစ်ပါတည်း ခတ်မည်ဖြစ်သည့်အတွက် မြို့ရှောင်လမ်းဘေးတွင် ဝယ်သူများအနေဖြင့် ငွေကြေးများသာ ဆုံးရှုံးသွားမည်ဖြစ်သည့်အကြောင်းပါ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

“ဒီနေရာမှာ နာယကကြီးကတစ်ဆင့် ကျနော်တင်ပြလိုတာကတော့ မြို့ရှောင်လမ်းတွေဖောက်တယ်ဆိုတဲ့ ရည်ရွယ်ချက်က မြို့တွင်းမှာရှိတဲ့ စက်ဘီးတွေ ဆိုက္ကားတွေ လူစီးယာဉ်တွေ စသည်ဖြင့်

ဒီနေရာမှာ ယာဉ် မတော်တဆ ထိခိုက်မှု မဖြစ်အောင်ရယ် နောက် သွားလိုရာခရီးကို အချိန်တိုအတွင်းသွားနိုင်အောင်လို့ ဒီမြို့ရှောင်လမ်းတွေကို ဖောက်လုပ်တာဖြစ်ပါတယ်။

သို့သော်လည်းပဲ စီးပွားရေးသမားတွေက မြို့ရှောင်လမ်းဖောက်လိုက်တာနဲ့ အဲ့လမ်းဘေးမှာရှိတဲ့ လယ်တွေ ယာတွေကို ဝယ်ပြီးတော့ အဲ့နေရာမှာ တည်းခိုခန်းကြီးတွေ စားသောက်ဆိုင်ကြီးတွေ စသည်ဖြင့် အိမ်ယာတွေ ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ပျောက်သွားမှာဖြစ်ပါတယ်။

လူမြန်မြန်သွားချင်တဲ့ မြို့ရှောင်လမ်းဟာ နောက်ကျတော့ မြို့ပြန်ဖြစ်သွားပြီးတော့မှ နောက်ထပ်မြို့ရှောင်လမ်းတစ်လမ်း ထပ်ဖောက်ရမလိုဖြစ်သွားပါတယ်။ ဒါကြောင့် နောင်ဆိုရင် မြို့ရှောင်လမ်းဖောက်ပြီဆိုရင် မြို့ရှောင်လမ်းတလျှောက် ခြံစည်းရိုးခတ်လိုက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြို့ရှောင်လမ်းဘေးမှာ ဝယ်တဲ့လူတွေအနေနဲ့ မိမိတို့ ငွေကြေးများသာ ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်းနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များကလည်းပဲ မြို့ရှောင်လမ်းတွေ ဖောက်ပြီဆိုရင်

အဲ့ဘေးမှာ ဈေးဆိုင်ဆောက်လုပ်ခြင်း Hotel ဆောက်လုပ်ခြင်း၊ လူနေအိမ်ဆောက်လုပ်ခြင်းတွေကို ခွင့်မပြုပေးဖို့ ဒီနေရာကနေ နာယကကြီးမှတစ်ဆင့် မေတ္တာရပ်ခံအပ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဦးကျော်လင်းက ပြောသည်။

ကိုမင်း/Myanmar Harp

Zawgyi

ၿမိဳ႕ေရွာင္လမ္းေဘး အိမ္၊ၿခံ ၊ေျမ ဝယ္လိုသူမ်ားအတြက္ သတိေပးခ်က္

ေနာင္တြင္ ၿမိဳ႕ေရွာင္လမ္းေဖာက္ၿပီဆိုလွ်င္ ၿမိဳ႕ေရွာင္လမ္းတေလွ်ာက္ ၿခံစည္း႐ိုးခတ္မည္ျဖစ္၍ၿမိဳ႕ေရွာင္လမ္းေဘး ဝယ္သူမ်ား ေငြေၾကးဆုံးရႈံးသြားမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ႀကိဳတင္သတိေပးထား

ၿမိဳ႕ေရွာင္လမ္းသစ္ေဘး ေဈးဆိုင္၊ဟိုတယ္၊လူေနအိမ္ေဆာက္လုပ္ျခင္းကို ေနာင္တြင္ တိုင္း၊ျပည္နယ္ အစိုးရအဖြဲ႕မ်ား က ခြင့္မျပဳေပးရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက

ျပည္ေထာင္စုလႊတ္ေတာ္နာယကမွတဆင့္ ယေန႔တြင္ တင္ျပလိုက္သည္။

ေနာင္တြင္ ၿမိဳ႕ေရွာင္လမ္းေဖာက္ပါက ၿခံစည္း႐ိုးပါ တစ္ပါတည္း ခတ္မည္ျဖစ္သည့္အတြက္ ၿမိဳ႕ေရွာင္လမ္းေဘးတြင္ ဝယ္သူမ်ားအေနျဖင့္ ေငြေၾကးမ်ားသာ ဆုံးရႈံးသြားမည္ျဖစ္သည့္အေၾကာင္းပါ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဆိုသည္။

“ဒီေနရာမွာ နာယကႀကီးကတစ္ဆင့္ က်ေနာ္တင္ျပလိုတာကေတာ့ ၿမိဳ႕ေရွာင္လမ္းေတြေဖာက္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္က ၿမိဳ႕တြင္းမွာရွိတဲ့ စက္ဘီးေတြ ဆိုကၠားေတြ လူစီးယာဥ္ေတြ စသည္ျဖင့္

ဒီေနရာမွာ ယာဥ္ မေတာ္တဆ ထိခိုက္မႈ မျဖစ္ေအာင္ရယ္ ေနာက္ သြားလိုရာခရီးကို အခ်ိန္တိုအတြင္းသြားႏိုင္ေအာင္လို႔ ဒီၿမိဳ႕ေရွာင္လမ္းေတြကို ေဖာက္လုပ္တာျဖစ္ပါတယ္။

သို႔ေသာ္လည္းပဲ စီးပြားေရးသမားေတြက ၿမိဳ႕ေရွာင္လမ္းေဖာက္လိုက္တာနဲ႔ အဲ့လမ္းေဘးမွာရွိတဲ့ လယ္ေတြ ယာေတြကို ဝယ္ၿပီးေတာ့ အဲ့ေနရာမွာ တည္းခိုခန္းႀကီးေတြ စားေသာက္ဆိုင္ႀကီးေတြ စသည္ျဖင့္ အိမ္ယာေတြ ေဆာက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္ ေပ်ာက္သြားမွာျဖစ္ပါတယ္။

လူျမန္ျမန္သြားခ်င္တဲ့ ၿမိဳ႕ေရွာင္လမ္းဟာ ေနာက္က်ေတာ့ ၿမိဳ႕ျပန္ျဖစ္သြားၿပီးေတာ့မွ ေနာက္ထပ္ၿမိဳ႕ေရွာင္လမ္းတစ္လမ္း ထပ္ေဖာက္ရမလိုျဖစ္သြားပါတယ္။ ဒါေၾကာင့္ ေနာင္ဆိုရင္ ၿမိဳ႕ေရွာင္လမ္းေဖာက္ၿပီဆိုရင္ ၿမိဳ႕ေရွာင္လမ္းတေလွ်ာက္ ၿခံစည္း႐ိုးခတ္လိုက္မွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ၿမိဳ႕ေရွာင္လမ္းေဘးမွာ ဝယ္တဲ့လူေတြအေနနဲ႔ မိမိတို႔ ေငြေၾကးမ်ားသာ ဆုံးရႈံးသြားမည္ျဖစ္ပါေၾကာင္းနဲ႔ သက္ဆိုင္ရာ တိုင္းေဒသႀကီး ျပည္နယ္ အစိုးရအဖြဲ႕မ်ားကလည္းပဲ ၿမိဳ႕ေရွာင္လမ္းေတြ ေဖာက္ၿပီဆိုရင္

အဲ့ေဘးမွာ ေဈးဆိုင္ေဆာက္လုပ္ျခင္း Hotel ေဆာက္လုပ္ျခင္း၊ လူေနအိမ္ေဆာက္လုပ္ျခင္းေတြကို ခြင့္မျပဳေပးဖို႔ ဒီေနရာကေန နာယကႀကီးမွတစ္ဆင့္ ေမတၱာရပ္ခံအပ္ပါတယ္”ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒါက္တာဦးေက်ာ္လင္းက ေျပာသည္။

ကိုမင္း/Myanmar Harp

Leave a Reply

Your email address will not be published. Required fields are marked *