
[Zawgyi]






ကိုမင်း/Myanmar Harp

[Unicode]

လန်ဒန်ရောက်မြန်မာ့ထောပတ် အီတလီနဲ့ ဂျာမနီကိုခရီးဆက်မယ်

လန်ဒန်ပြည်သူတွေကတောင် စားကောင်းလွန်းလို့ အရသာကောင်းမွန်တယ်လို့ ချီးကျူးနေကြတဲ့ မြန်မာ့ထောပတ် ဟာ အီတလီနဲ့ ဂျာမနီရဲ့ကမ်းလှမ်းမှုကို ရပြီလို့ မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယ ဥက္ကဋ္ဌရဲ့ ပြောကြားချက်အရသိရပါတယ်။

အီတလီနဲ့ဂျာမနီရဲ့ သံရုံးတွေကတဆင့် အခုကမ်းလှမ်းမှုဟာ မြန်မာ့ထောပတ်အတွက်တော့ ပထမဦးဆုံးအကြိမ်ပါ။အခုမှစကမ်းလှမ်းတာမို့ ဘယ်လောက်ယူမယ်၊ဘယ်လိုပို့မယ်ဆိုတာ ဆက်ဆွေးနွေးကြရအုန်းမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် လန်ဒန်ရောက်မြန်မာ့ထောပတ် ဟာ အီတလီနဲ့ ဂျာမနီကိုခရီးဆက်နိုင်ဖို့ သေချာသလောက်ရှိနေပါပြီ။မြန်မာထောပတ်သီးကို ထိုင်းနဲ့ မြန်မာ ၂နိုင်ငံထဲသာ မြန်မာကပို့နေတာကနေ လန်ဒန်ထိ ဈေးကွက်စချဲ့နိုင်ပါပြီ။

ယခုရက်ထဲ မြန်မာ့ ဖရဲဟာလည်း ယူအေအီးအထိ ခရီးဆက်နိုင်ခဲ့တာမို့ မြန်မာ့အသီးအနှံအချို့ကို ပြည်ပနိုင်ငံကြီးတွေက မျက်စိတအားကြနေတယ်လို့ ဆိုကြရမှာဖြစ်ပါတယ်။

ကိုမင်း/Myanmar Harp

Leave a Reply

Your email address will not be published. Required fields are marked *