[Zawgyi]
ကေလးမေမြးခင္ နာရီပိုင္းအလိုအထိ ကိုယ္ဝန္ရွိမွန္းမသိခဲ့တဲ့ မိန္းကေလး
Connie Whitton အမည္ရတဲ့အသက္ (၁၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ဟာ selfie ႐ိုက္ရတာ အလြန္သေဘာက်တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ သူမက ေပါင္ (၅၀)ေလာက္ဝိတ္က်သြားရာကေန ႐ုတ္တရက္အၾကာင္းျပခ်က္မရွိဘဲ ဝိတ္ျပန္တက္လာတာေၾကာင့္ အံ့အားသင့္ေနခဲ့ၿပီး လူမႈကြန္ယက္ေပၚကို ဓာတ္ပုံေတြတင္ေနခဲ့တာပါ။
သူမဟာ ခါးကိုက္တဲ့ေဝဒနာကို အဆက္မျပတ္ခံစားလာရတာေၾကာင့္ ေဆး႐ုံကို ေဆးစစ္ဖို႔သြားခဲ့ပါတယ္။ ဒီအခါမွကိုယ္ဝန္ရွိေနေၾကာင္း သိခဲ့ရတဲ့အေၾကာင္းကို The Sun သတင္းစာမ်က္ႏွာကေန ေတြ႕ရွိထားတာျဖစ္ပါတယ္။ ေလးနာရီၾကာတဲ့အခါမွာေတာ့ (၇)ေပါင္၊ (၆)ေအာင္စရွိတဲ့ သားေယာက်ၤားေလး Seth ကို ေမြးဖြားခဲ့တာျဖစ္ပါတယ္။သူမက Mirror သတင္းဌာနကို အခုလိုပဲေျပာျပခဲ့ပါတယ္။
“ကြၽန္မကိုယ္ဝန္ရွိတဲ့အေၾကာင္းသိရတာက ည(၉)နာရီမွာပါ။ မနက္ (၁း၀၅)မိနစ္ေရာက္ေတာ့ သားေလး Seth က ရင္ခြင္ထဲေရာက္ေနခဲ့ၿပီ.. ဒီ (၄)နာရီအခ်ိန္ဟာ ကြၽန္မအတြက္ေတာ့ ကိုယ္ဝန္ေဆာင္တဲ့(၉)လပါပဲ… ကိုယ္ဝန္ရွိေနမွန္း ကြၽန္မမသိခဲ့ပါဘူး…ရွိေနေၾကာင္းလကၡဏာေတြလည္း မျပဘူး…ဗိုက္လဲမထြက္သလို မနက္ပိုင္းေအာ့အန္တာေတြဘာေတြလည္း မရွိဘူးေလ…..” လို႔သူမကေျပာပါတယ္။
ကေလးေမြးခါနီးမွာ ကေလးရဲ႕ လူးလြန႔္လႈပ္ရွားတာေတြကိုလည္း သူမက မခံစားမိဘူးလို႔ ေျပာျပခဲ့ပါတယ္။Connie ရဲ႕အေမျဖစ္သူက သမီးကို အတင္းေဆး႐ုံကိုေဆးစစ္ဖို႔ သြားျပခိုင္းခဲ့ပါတယ္။ဆရာဝန္က သူမရဲ႕ဆီးအိမ္ကို ပိုးဝင္မႈ ရွိ၊ မရွိစစ္ေဆးၿပီးတဲ့အခါမွာေတာ့ Connie ဟာ ကေလးရဲ႕ ႏွလုံးခုန္သံကိုၾကားလိုက္ရၿပီး ပါးစပ္အေဟာင္းသားျဖစ္သြားခဲ့ရပါတယ္။
သူမက ကိုယ္ဝန္ အခုမွစတည္တဲ့အခ်ိန္လို႔ထင္ေနေပမယ့္ ဆရာဝန္က ကိုယ္ဝန္ရင့္ေနၿပီး ေမြးဖို႔နီးေနၿပီျဖစ္တဲ့အေၾကာင္း ေျပာဆိုခဲ့ပါတယ္။ပူပူေႏြးေႏြးမိခင္ျဖစ္လာတဲ့ Connie နဲ႔ သူမရဲ႕ခ်စ္သူ Liam (အသက္ ၁၉ႏွစ္)တို႔ကေတာ့ မိသားစုေလးတစ္ခုစတင္ဖို႔ အရင္ကတည္းက ေမွ်ာ္လင့္ေနခဲ့ၾကၿပီး သားကေလးေမြးလာတဲ့အခါ အမည္ကိုေတာင္ Seth လို႔ နာမည္မွည့္ဖို႔ကို ႀကိဳၿပီးေ႐ြးထားၾကတာပါ။
Source : Tobismart Mckzonedaily
[Unicode]
ကလေးမမွေးခင် နာရီပိုင်းအလိုအထိ ကိုယ်ဝန်ရှိမှန်းမသိခဲ့တဲ့ မိန်းကလေး
Connie Whitton အမည်ရတဲ့အသက် (၁၉)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ selfie ရိုက်ရတာ အလွန်သဘောကျတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမက ပေါင် (၅၀)လောက်ဝိတ်ကျသွားရာကနေ ရုတ်တရက်အကြာင်းပြချက်မရှိဘဲ ဝိတ်ပြန်တက်လာတာကြောင့် အံ့အားသင့်နေခဲ့ပြီး လူမှုကွန်ယက်ပေါ်ကို ဓာတ်ပုံတွေတင်နေခဲ့တာပါ။
သူမဟာ ခါးကိုက်တဲ့ဝေဒနာကို အဆက်မပြတ်ခံစားလာရတာကြောင့် ဆေးရုံကို ဆေးစစ်ဖို့သွားခဲ့ပါတယ်။ ဒီအခါမှကိုယ်ဝန်ရှိနေကြောင်း သိခဲ့ရတဲ့အကြောင်းကို The Sun သတင်းစာမျက်နှာကနေ တွေ့ရှိထားတာဖြစ်ပါတယ်။ လေးနာရီကြာတဲ့အခါမှာတော့ (၇)ပေါင်၊ (၆)အောင်စရှိတဲ့ သားယောင်္ကျားလေး Seth ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။သူမက Mirror သတင်းဌာနကို အခုလိုပဲပြောပြခဲ့ပါတယ်။
“ကျွန်မကိုယ်ဝန်ရှိတဲ့အကြောင်းသိရတာက ည(၉)နာရီမှာပါ။ မနက် (၁း၀၅)မိနစ်ရောက်တော့ သားလေး Seth က ရင်ခွင်ထဲရောက်နေခဲ့ပြီ.. ဒီ (၄)နာရီအချိန်ဟာ ကျွန်မအတွက်တော့ ကိုယ်ဝန်ဆောင်တဲ့(၉)လပါပဲ… ကိုယ်ဝန်ရှိနေမှန်း ကျွန်မမသိခဲ့ပါဘူး…ရှိနေကြောင်းလက္ခဏာတွေလည်း မပြဘူး…ဗိုက်လဲမထွက်သလို မနက်ပိုင်းအော့အန်တာတွေဘာတွေလည်း မရှိဘူးလေ…..” လို့သူမကပြောပါတယ်။
ကလေးမွေးခါနီးမှာ ကလေးရဲ့ လူးလွန့်လှုပ်ရှားတာတွေကိုလည်း သူမက မခံစားမိဘူးလို့ ပြောပြခဲ့ပါတယ်။Connie ရဲ့အမေဖြစ်သူက သမီးကို အတင်းဆေးရုံကိုဆေးစစ်ဖို့ သွားပြခိုင်းခဲ့ပါတယ်။ဆရာဝန်က သူမရဲ့ဆီးအိမ်ကို ပိုးဝင်မှု ရှိ၊ မရှိစစ်ဆေးပြီးတဲ့အခါမှာတော့ Connie ဟာ ကလေးရဲ့ နှလုံးခုန်သံကိုကြားလိုက်ရပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။
သူမက ကိုယ်ဝန် အခုမှစတည်တဲ့အချိန်လို့ထင်နေပေမယ့် ဆရာဝန်က ကိုယ်ဝန်ရင့်နေပြီး မွေးဖို့နီးနေပြီဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ပူပူနွေးနွေးမိခင်ဖြစ်လာတဲ့ Connie နဲ့ သူမရဲ့ချစ်သူ Liam (အသက် ၁၉နှစ်)တို့ကတော့ မိသားစုလေးတစ်ခုစတင်ဖို့ အရင်ကတည်းက မျှော်လင့်နေခဲ့ကြပြီး သားကလေးမွေးလာတဲ့အခါ အမည်ကိုတောင် Seth လို့ နာမည်မှည့်ဖို့ကို ကြိုပြီးရွေးထားကြတာပါ။
Source : Tobismart Mckzonedaily