ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးတစ်ယောက်မကျန် ထိုးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးထိုးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတဘ်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က က “ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့။ဒါတော့ ကျွန်မတို့ရဲ့ မူပါပဲ။

ဘယ်သူ့ကိုမှ မချန်ခဲ့ဘူး။အားလုံးကို ကျွန်မတို့ကနေပြီးတော့ ကျန်းမာရေးအရကာကွယ်မှုပေးဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ဒါပေမယ့် အားလုံးကို တစ်ချိန်တည်းထိုးပေး နိုင်တာတော့ မဖြစ်နိုင်ပါဘူး။ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ ချီပြီးတော့ကြာမှာပါ”လို့ ပြောပါတယ်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့်ကိုဗစ်ကာကွယ်ဆေးအတွက် အမှာစာကို ဒီဇင်ဘာ ၇ ရက်က ပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက “ကာကွယ်ဆေးနဲ့ ပတ်သက်လို့တော့ ကျွန်မတို့ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့၊နောက် Gavi ဆိုတဲ့ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီး ပူးပေါင်းပြီးတော့ကိုဗစ်အတွက်လုပ်ထားတဲ့ အစီအစဉ်ရှိပါတယ်။ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အစီအစဉ်ပေါ့။COVAX ဆိုတဲ့အစီအစဉ်၊အဲဒီဟာမှာ ကျွန်မတို့ကလည်း ပါဝင်ပါတယ်။

၇ ရက် နေ့တုန်းကဆိုရင် ဒီဟာ အမှာစာလည်း ပို့ပြီးပါပြီ။ဆေးတွေနဲ့ပတ်သက်လို့၊ကာကွယ် ဆေးတွေနဲ့ပတ်သက်လို့ အဲဒီဟာလည်းရနိုင်မယ်လို့လည်း ကျွန်မတို့ သိရပါတယ်။ဒါ့အပြင် မလုံလောက်တဲ့ဟာတွေကိုလည်း တစ်ခြားဘက်ကနေကျွန်မတို့ဝယ်ပါ့မယ်။ဒီ COVAX အစီအစဉ်နဲ့တော့ ကျွန်မတို့ လိုသလောက်အားလုံးတော့ရမှာမဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်မတို့နိုင်ငံတော် ကနေပြီးတော့အားလုံးအတွက်လုံလောက်အောင်လို့ စီစဉ်ထားပါတယ်။စီစဉ်တဲ့နေရာမှာဆိုရင်လည်း၊အမျိုးသားအဆင့် ကာကွယ်ဆေးထိုးတဲ့ အကြံပေးအဖွဲ့ဆိုတာလည်း၊ဝါရင့်ကျန်းမာရေး ပညာရှင်ကြီးများနဲ့ ဖွဲ့စည်းထားပြီးပါပြီ။

ဘယ်လိုအစီအစဉ်တွေနဲ့ ကျွန်မတို့လုပ်မလဲ၊ဆေးတွေကို ဘယ်လိုသိုလှောင်မလဲ၊ဘယ်လို ဖြန့်ဖြူးမလဲ၊ဘယ်လိုထိုးပေးမလဲဆိုတာ အဲဒီလိုအစီအစဉ်တွေလည်း ကျွန်မတို့လုပ်ပြီးသားဖြစ်ပါတယ်” ထပ်မံပြောပါတယ်။

Unicode

ကိုဗစ်ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးထိုးပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတဘ်။နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က က “ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှ မကျန်ဖို့ပေါ့။ဒါတော့ ကျွန်မတို့ရဲ့ မူပါပဲ။

ဘယ်သူ့ကိုမှ မချန်ခဲ့ဘူး။အားလုံးကို ကျွန်မတို့ကနေပြီးတော့ ကျန်းမာရေးအရကာကွယ်မှုပေးဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ဒါပေမယ့် အားလုံးကို တစ်ချိန်တည်းထိုးပေး နိုင်တာတော့ မဖြစ်နိုင်ပါဘူး။ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ဆိုရင် လနဲ့ ချီပြီးတော့ကြာမှာပါ”လို့ ပြောပါတယ်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့်ကိုဗစ်က

ာကွယ်ဆေးအတွက် အမှာစာကို ဒီဇင်ဘာ ၇ ရက်က ပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။နိုင်ငံတော်အတိုင်ပင်ခံက “ကာကွယ်ဆေးနဲ့ ပတ်သက်လို့တော့ ကျွန်မတို့ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းနဲ့၊နောက် Gavi ဆိုတဲ့ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီး ပူးပေါင်းပြီးတော့ကိုဗစ်အတွက်လုပ်ထားတဲ့ အစီအစဉ်ရှိပါတယ်။ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အစီအစဉ်ပေါ့။COVAX ဆိုတဲ့အစီအစဉ်၊အဲဒီဟာမှာ ကျွန်မတို့ကလည်း ပါဝင်ပါတယ်။

၇ ရက် နေ့တုန်းကဆိုရင် ဒီဟာ အမှာစာလည်း ပို့ပြီးပါပြီ။ဆေးတွေနဲ့ပတ်သက်လို့၊ကာကွယ် ဆေးတွေနဲ့ပတ်သက်လို့ အဲဒီဟာလည်းရနိုင်မယ်လို့လည်း ကျွန်မတို့ သိရပါတယ်။ဒါ့အပြင် မလုံလောက်တဲ့ဟာတွေကိုလည်း တစ်ခြားဘက်ကနေကျွန်မတို့ဝယ်ပါ့မယ်။ဒီ COVAX အစီအစဉ်နဲ့တော့ ကျွန်မတို့ လိုသလောက်အားလုံးတော့ရမှာမဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်မတို့နိုင်ငံတော် ကနေပြီးတော့အားလုံးအတွက်လုံလောက်အောင်လို့ စီစဉ်ထားပါတယ်။စီစဉ်တဲ့နေရာမှာဆိုရင်လည်း၊အမျိုးသားအဆင့် ကာကွယ်ဆေးထိုးတဲ့ အကြံပေးအဖွဲ့ဆိုတာလည်း၊ဝါရင့်ကျန်းမာရေး ပညာရှင်ကြီးများနဲ့ ဖွဲ့စည်းထားပြီးပါပြီ။

ဘယ်လိုအစီအစဉ်တွေနဲ့ ကျွန်မတို့လုပ်မလဲ၊ဆေးတွေကို ဘယ်လိုသိုလှောင်မလဲ၊ဘယ်လို ဖြန့်ဖြူးမလဲ၊ဘယ်လိုထိုးပေးမလဲဆိုတာ အဲဒီလိုအစီအစဉ်တွေလည်း ကျွန်မတို့လုပ်ပြီးသားဖြစ်ပါတယ်” ထပ်မံပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *