လေးဘက်နာ (၃) မျိူးအတွက် လိမ်းဆေး နှင့် စားဆေး

လေးဘက်နာ (၃) မျိူးအတွက် လိမ်းဆေး နှင့် စားဆေး
——————————

လေးဘက်နာနှင့်စပ်သမျှ လေးဖက်နာနှင့် အရိုး အဆစ်ရောင်ရမ်းခြင်း(ဆေးရုံဆေးခန်းပြသကုသရန်ခက်ခဲသူတို့အတွက်)လေးဘက်နာ

(၃)မျိုးရှိပါသည်ဟုဆိုပါသည်။(၁)ပိုးလေးဖက်နာ (နောက်ဆက်တွဲ နှလုံးအဆို့ရှင် ပျက်စီးစေ တတ်ပါသည်)(၂) သွေးလေးဖက်နာ(အဆစ်အမြစ်တွေကောက်ကွေးသွားပြီး

မထနိုင်အောင်ဖြစ်တတ်ပါသည်)(၃)အရေပြားလေးဖက်နာ(အရေပြားမှာအနာများဖြစ်ပြီး ကျောက်ကပ်တွေပျက်စီးစေတတ်သည်) မိမိတွေ့မြင်ဖူးသည့် လွယ်ကူသောလေးဖက်နာ

နှင့်အရိုးအဆစ်ကိုက်သူတို့အတွက် လိမ်းဆေးနှင့်စားဆေးနှစ်မျိူးရှိရာ – လိမ်းဆေး – (၁) သံပုရာသီး(၅)လုံး။ (၂) မုန်ညင်းဆီ(၁)ဗူး (အိုဗာတင်းဖန်ဗူး)။

(၃)လေးညှင်းဆီ(လက်ဖက်စာဇွန်း ၁ဇွန်း)။ မုန်ညှင်းဆီဖန်ဗူးထဲသို့ သံပုရာသီး(၅)လုံး၊ လေးညှင်းဆီ လက်ဖက် စားဇွန်း၁ဇွန်း၊ ဆားအနည်းငယ်မျှထည့်၍ အဖုံးလုံ

အောင်ပိတ်ပြီး(၃)ပတ်တိစိမ်ထားပါ။အဆစ်အမြစ်နာကျင်ကိုက်ခဲသောအရိုးအဆစ်ပေါ်သို့ ထိုဆေးကို ဝင်အောင်လိမ်းပေးပြီး ပတ်တီး/အဝတ်စကို (၃)(၄)ပတ်စီးပေးရမည်။

ခံစားနေရသောဝေဒနာ အသေအချာသက်သာစေပါသည်။

စားဆေး – ရှားစောင်းလက်ပက်အနှစ်(၂၅)သား ၊ပျားရည် (၁)ပုလင်း ၊နနွင်းခါးအမှုန့် (ပရဆေးဆိုင်ဝယ်ယူနိုင်)(၅)ကျပ်သား ထို(၃)ပါးကို ရောစပ်တေ၍ နံက်ည

လက်ဖက်ဖက်စားဇွန်း(၁)ဇွန်းစီ စားရသည်။ဓာတ်စာဆေးအဖြစ် – (၁)တရုတ်စကားပွင့်ကို ပြုတ်ပြီးသုပ်စားခြင်း။ (၂)မြင်းခွာရွက်ကို နှစ်ရက်တစ်ကြိမ်သုပ်စားခြင်း၊

ဟင်းချိုချက်သောက်ခြင်းနှင့် အစိမ်းလိုက် ဝါးစားခြင်းပြုလုပ်ရပါမည်။ တိုင်းရင်းဆေးများ ကို စိတ်ရှည်သည်းခံစွာ ကုသနေစဉ် အင်္ဂလိပ်ဆေးများဖြင့်သုံးစွဲကုသခြင်း

မပြုသင့်ပါ။ရောဂါနုပါက ပျောက်ကင်းနိုင်ပါသည်။ရောဂါရင့်က တဖြည်းဖြည်းသက်သာရာမှ ပျောက်ကင်းခြင်းဆီသို့ ဦးတည်နေပါလိမ့်မည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

[unicode]











Leave a Reply

Your email address will not be published. Required fields are marked *