အိမ္ေခါင္မိုးေပၚျပဳတ္က်လာတဲ့ ဥကၠာခဲေၾကာင့္ တစ္ေန႔တည္းနဲ႔ ပြေပါက္တိုးခဲ့တဲ့အမ်ိဳးသား

Zawgyi ျဖင့္ဖတ္ရန္

အိမ္ေခါင္မိုးေပၚျပဳတ္က်လာတဲ့ ဥကၠာခဲေၾကာင့္ တစ္ေန႔တည္းနဲ႔ ပြေပါက္တိုးခဲ့တဲ့အမ်ိဳးသား

အင္ဒိုနီးရွားႏိုင္ငံက အမ်ိဳးသားတစ္ဦးကေတာ့ သူ႔အိမ္ေခါင္မိုးေပၚကို ေပါင္ ၁.၄ သန္းတန္ ဥကၠာခဲ ျပဳတ္က်လာခဲ့ၿပီးတဲ့ေနာက္မွာ ေန႔ခ်င္းညခ်င္း ေငြေတြပိုင္ဆိုင္သြားခဲ့ပါတယ္။ ဥကၠာခဲက အသက္ ၃၃ ႏွစ္အ႐ြယ္ ဂ်ိဳရွာ ဟူတာဂါလြန္ (Josua Hutagalung) ရဲ႕အိမ္ေခါင္မိုးကေန တဆင့္ျပဳတ္က်လာခဲ့တာျဖစ္ပါတယ္။ အဲဒီဥကၠာခဲက အေလးခ်ိန္ ၂.၁ ကီလိုဂရမ္နဲ႔ သက္တမ္းကေတာ့ ႏွစ္ေပါင္း ၄.၅ ဘီလ်ံဝန္းက်င္ျဖစ္တယ္လို႔ သိရပါတယ္။

ဥကၠာခဲက အလြန္ရွားပါးတဲ့အမ်ိဳးအစား CM1/2 carbonaceous Chondrite ျဖစ္ၿပီး ေပါင္ ၁.၄ သန္းဝန္းက်င္ တန္ဖိုးရွိတယ္လို႔လည္း သတင္းဌာနအရ သိရပါတယ္။ ဂ်ိဳရွာကေတာ့ ဥကၠာခဲေၾကာင့္ ႏွစ္ေပါင္း ၃၀ စာ လစာနဲ႔အညီ ေငြေတြရရွိသြားခဲ့ပါတယ္။ “ကြၽန္ေတာ္ ဥကၠာခဲကို မ, ၾကည့္လိုက္ေတာ့ ေက်ာက္တုံးက ေႏြးေနတုန္းပါပဲ။ ကြၽန္ေတာ္လည္း အိမ္ထဲ သယ္လာခဲ့တယ္။ အိမ္ကို အရမ္းလႈပ္ခါသြားေလာက္တဲ့အထိ အသံက အရမ္းက်ယ္ေလာင္ခဲ့တာပါ။ ကြၽန္ေတာ္ ရွာေဖြၾကည့္ခဲ့ေတာ့ အိမ္ေခါင္မိုး ပ်က္စီးေနတာကို ျမင္ေတြ႕ခဲ့ရတယ္” လို႔ ဂ်ိဳရွာက ဆိုပါတယ္။

“ဒီေက်ာက္တုံးက လူေတြ ဥကၠာခဲလို ေခၚေခၚေနတဲ့ ေကာင္းကင္က အရာဝတၳဳတစ္ခုျဖစ္ရမယ္လို႔ ကြၽန္ေတာ္ သံသယရွိခဲ့တယ္”လို႔လည္း ဆိုပါတယ္။ ကေလး (၃) ဦးဖခင္ ဂ်ိဳရွာက သူရရွိတဲ့ ဝင္ေငြ တစ္စိတ္တစ္ပိုင္းကို သူ႔ရဲ႕အဖြဲ႕အစည္းအတြက္ ဘုရားေက်ာင္းေဆာက္လုပ္ဖို႔ အသုံးျပဳသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။ ဂ်ိဳရွာ ေမွ်ာ္လင့္ထားတဲ့ဒီတစ္ခုတည္းမဟုတ္ပါဘူး။ “ကြၽန္ေတာ္ သမီးေလးတစ္ေယာက္ အၿမဲလိုခ်င္ခဲ့တာ။ အခုဆိုရင္ ဒါက သမီးေလးတစ္ေယာက္ရဖို႔အတြက္ ကြၽန္ေတာ္ကံေကာင္းမယ္ဆိုတဲ့ လကၡဏာျဖစ္တယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္” လို႔ ဂ်ိဳရွာက ေျပာပါတယ္။

ဥကၠာခဲကို ဝယ္သြားတဲ့ အေမရိကန္ဥကၠာခဲကြၽမ္းက်င္ပညာရွင္ ဂ်ာရက္ ကိုလင္စ္ ( Jared Collins) ကလည္း “ဥကၠာခဲကို ဝယ္ယူဖို႔ ကြၽန္ေတာ္ ဖုန္းကို ေကာက္ကိုင္လိုက္တယ္။ ဒါက ကိုဗစ္ကပ္ေရာဂါအခ်ိန္အခါႀကီးမွာပါပဲ။ ကြၽန္ေတာ္အတြက္ ေက်ာက္တုံးကို ဝယ္ယူတာ (ဒါမွမဟုတ္) သုေတသီေတြနဲ႔စုေဆာင္းသူေတြနဲ႔ အလုပ္လုပ္ကိုင္ဖို႔အတြက္ ဝယ္ယူတာ၊ ႏွစ္ခုတည္းက တစ္ခုခုအတြက္ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ္ ေငြေတြကို သယ္ေဆာင္လာခဲ့ၿပီး ဂ်ိဳရွာကို သြားရွာခဲ့တယ္” လို႔ ေျပာပါတယ္။ အခုဆိုရင္ ကိုလင္စ္က ဥကၠာခဲကို The Centre for Meteorite Studies မွာ ႏိုက္ထ႐ိုဂ်င္အရည္ထဲ သိမ္းဆည္းထားမယ့္ အေမရိကန္ဥကၠာခဲစုေဆာင္းသူ ရွိတဲ့အေမရိကန္ႏိုင္ငံသို႔ပို႔ေဆာင္ၿပီးသြားပါၿပီ။

Ref: Ladbible “Man Makes Fortune In A Day After £1.4m Meteorite Crashes Through His Roof”

Credit WL (႐ိုးရာေလး)

Unicode ျဖင့္ဖတ္ရန္

အိမ်ခေါင်မိုးပေါ်ပြုတ်ကျလာတဲ့ ဥက္ကာခဲကြောင့် တစ်နေ့တည်းနဲ့ ပွပေါက်တိုးခဲ့တဲ့အမျိုးသား

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ဦးကတော့ သူ့အိမ်ခေါင်မိုးပေါ်ကို ပေါင် ၁.၄ သန်းတန် ဥက္ကာခဲ ပြုတ်ကျလာခဲ့ပြီးတဲ့နောက်မှာ နေ့ချင်းညချင်း ငွေတွေပိုင်ဆိုင်သွားခဲ့ပါတယ်။ ဥက္ကာခဲက အသက် ၃၃ နှစ်အရွယ် ဂျိုရှာ ဟူတာဂါလွန် (Josua Hutagalung) ရဲ့အိမ်ခေါင်မိုးကနေ တဆင့်ပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။ အဲဒီဥက္ကာခဲက အလေးချိန် ၂.၁ ကီလိုဂရမ်နဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၄.၅ ဘီလျံဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။

ဥက္ကာခဲက အလွန်ရှားပါးတဲ့အမျိုးအစား CM1/2 carbonaceous Chondrite ဖြစ်ပြီး ပေါင် ၁.၄ သန်းဝန်းကျင် တန်ဖိုးရှိတယ်လို့လည်း သတင်းဌာနအရ သိရပါတယ်။ ဂျိုရှာကတော့ ဥက္ကာခဲကြောင့် နှစ်ပေါင်း ၃၀ စာ လစာနဲ့အညီ ငွေတွေရရှိသွားခဲ့ပါတယ်။ “ကျွန်တော် ဥက္ကာခဲကို မ, ကြည့်လိုက်တော့ ကျောက်တုံးက နွေးနေတုန်းပါပဲ။ ကျွန်တော်လည်း အိမ်ထဲ သယ်လာခဲ့တယ်။ အိမ်ကို အရမ်းလှုပ်ခါသွားလောက်တဲ့အထိ အသံက အရမ်းကျယ်လောင်ခဲ့တာပါ။ ကျွန်တော် ရှာဖွေကြည့်ခဲ့တော့ အိမ်ခေါင်မိုး ပျက်စီးနေတာကို မြင်တွေ့ခဲ့ရတယ်” လို့ ဂျိုရှာက ဆိုပါတယ်။

“ဒီကျောက်တုံးက လူတွေ ဥက္ကာခဲလို ခေါ်ခေါ်နေတဲ့ ကောင်းကင်က အရာဝတ္ထုတစ်ခုဖြစ်ရမယ်လို့ ကျွန်တော် သံသယရှိခဲ့တယ်”လို့လည်း ဆိုပါတယ်။ ကလေး (၃) ဦးဖခင် ဂျိုရှာက သူရရှိတဲ့ ဝင်ငွေ တစ်စိတ်တစ်ပိုင်းကို သူ့ရဲ့အဖွဲ့အစည်းအတွက် ဘုရားကျောင်းဆောက်လုပ်ဖို့ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဂျိုရှာ မျှော်လင့်ထားတဲ့ဒီတစ်ခုတည်းမဟုတ်ပါဘူး။ “ကျွန်တော် သမီးလေးတစ်ယောက် အမြဲလိုချင်ခဲ့တာ။ အခုဆိုရင် ဒါက သမီးလေးတစ်ယောက်ရဖို့အတွက် ကျွန်တော်ကံကောင်းမယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ဂျိုရှာက ပြောပါတယ်။

ဥက္ကာခဲကို ဝယ်သွားတဲ့ အမေရိကန်ဥက္ကာခဲကျွမ်းကျင်ပညာရှင် ဂျာရက် ကိုလင်စ် ( Jared Collins) ကလည်း “ဥက္ကာခဲကို ဝယ်ယူဖို့ ကျွန်တော် ဖုန်းကို ကောက်ကိုင်လိုက်တယ်။ ဒါက ကိုဗစ်ကပ်ရောဂါအချိန်အခါကြီးမှာပါပဲ။ ကျွန်တော်အတွက် ကျောက်တုံးကို ဝယ်ယူတာ (ဒါမှမဟုတ်) သုတေသီတွေနဲ့စုဆောင်းသူတွေနဲ့ အလုပ်လုပ်ကိုင်ဖို့အတွက် ဝယ်ယူတာ၊ နှစ်ခုတည်းက တစ်ခုခုအတွက်ဖြစ်နိုင်ပါတယ်။ ကျွန်တော် ငွေတွေကို သယ်ဆောင်လာခဲ့ပြီး ဂျိုရှာကို သွားရှာခဲ့တယ်” လို့ ပြောပါတယ်။ အခုဆိုရင် ကိုလင်စ်က ဥက္ကာခဲကို The Centre for Meteorite Studies မှာ နိုက်ထရိုဂျင်အရည်ထဲ သိမ်းဆည်းထားမယ့် အမေရိကန်ဥက္ကာခဲစုဆောင်းသူ ရှိတဲ့အမေရိကန်နိုင်ငံသို့ပို့ဆောင်ပြီးသွားပါပြီ။

Ref: Ladbible “Man Makes Fortune In A Day After £1.4m Meteorite Crashes Through His Roof”

Credit WL (ရိုးရာလေး)

Leave a Reply

Your email address will not be published. Required fields are marked *