၁၅ ရက်အတွင်း အိမ်မှာနေရမည်ဖြစ်ပြီး လူစုလူဝေးနဲ့ ဝန်းရံတာတွေ လုပ်ရင် အရေးယူမည်

၁၅ ရက်အတွင်း အိမ်မှာနေရမည်ဖြစ်ပြီး လူစုလူဝေးနဲ့ ဝန်းရံတာတွေ လုပ်ရင် အရေးယူမည်

နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်နေ့အထိ Stay at Home ကာလအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး စည်းကမ်းလိုက်နာမှုတွေမှရှိဘဲ လူစုလူဝေးနဲ့ ဆန္ဒပြတဲ့သူတွေနဲ့

ဝန်းရံတာတွေပြုလုပ်လာရင် အရေးယူမှုတွေ ဖြစ်လာနိုင်တဲ့ သဘောရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၁ ကနေ ဒီဇင်ဘာ ၅ မှာဆိုရင် Stay at Home အမိန့်တွေကို ထုတ်ပြန်သွားမယ်ဆိုဒါဟာ အရင်တုန်းကဆို Stay at Home လုပ်တယ် မြို့နယ်တွေလုပ်တယ်၊ အခုဆိုရင် ၇၄ မြို့နယ်ရှိပြီ တစ်ခါမှ ကြိုပြီး အများကြီး ကြေငြာထားတာ မရှိဘူး အခုတစ်ခါမှာ ရက်တော်တော်လေးစောပြီးတော့

ကြေငြာထားတယ်ဆိုတာက ပြည်သူတွေကို Alert လုပ်ထားတဲ့သဘောပဲဖြစ်ပါတယ်။ စည်းကမ်းမလိုက်နာရင်လည်း နောက်ကနေ အရေးယူမှုတွေ လာနိုင်တယ်ဆိုတာကို ကျမအနေနဲ့ ပြောတာဖြစ်ပါတယ်။ ဒါကတော့ အရေးယူမှာဖြစ်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် ကနေ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူတွေ နေအိမ်မှာ နေထိုင်ဖို့ ပန်ကြားချက်ကို ထုတ်ပြန်သွားရေးအတွက် ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ နိုဝင်ဘာ ၁၇ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်က စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်မှုလုပ်ခဲ့တဲ့အဖွဲ့က ဦးဆောင်သူတွေကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့နဲ့ လိုက်ပါဝန်းရံသူတွေကို ကိုဗစ် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် လိုအပ်တဲ့ပညာပေး ဟောပြောမှုတွေ ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ထောက်ပံကြေးပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတဲ့သူတွေ ခေါင်းဆောင်တွေကို အရေးယူမယ်၊ ရှိတဲ့ဥပဒေတွေနဲ့ အရေးယူမယ်၊ ဝန်းရံတဲ့သူတွေကို ရောဂါကူးဆက်မှုမရှိစေဖို့

ကျန်းမာရေး၊ ပညာပေးတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်မယ်လို့ တိတိလင်း အဲ့ဒီမှာ ရေးသားထားတာ တွေ့ရတာကြောင့် ဒါကိုကြည့်ချင်းအားဖြင့် နောက်ပိုင်းမှာ

စည်းကမ်းမရှိတဲ့သူတွေကို အရေးယူမယ့်သဘောကတော့ ထွက်လာဖို့ရှိပါတယ်။ အဓိကကတော့ ဒီရက်တွေမှာ လုံးဝခရီးမသွားဖို့ ဖြစ်ပါတယ်လို့လည်း ကျန်းမာရေးနဲ့

အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *