ႀကံေတြကိုခိုးစားရင္း ခႏၵာကိုယ္မွအားမနာ လူလည္က်ၿပီး မီးတိုင္ေနာက္မွာပုန္းေနခဲ့တဲ့ ဆင္ေလး

Zawgyi ျဖင့္ဖတ္ရန္

ႀကံေတြကိုခိုးစားရင္း ခႏၵာကိုယ္မွအားမနာ လူလည္က်ၿပီး မီးတိုင္ေနာက္မွာပုန္းေနခဲ့တဲ့ ဆင္ေလး

လူလည္က်တဲ့ဆင္တစ္ေကာင္ဟာ ထိုင္းနိုင္ငံရွိ ႀကံခင္းတစ္ခုမွာ ႀကံခိုးစားၿပီးေနာက္ မီးတိုင္ေနာက္မွာပုန္းေနဖို့ႀကိဳးစားေနခဲ့ပါတယ္။အဆိုပါဆင္ကို ထိုင္းနိုင္ငံ ခ်င္းမိုင္ၿမိဳ့ေျမာက္ပိုင္းေတာင္တန္းေဒသမွာ ေတြ႕ရွိခဲ့ၾကတာပါ။သူက လူေတြကိုရွင္းရွင္းလင္းလင္းျမင္ရေပမဲ့ စုံစမ္းစစ္ေဆးသမားေတြက သူ႔ဆီကို မီးထိုးၿပီးခ်ဥ္းကပ္လာတာကိုျမင္တာေၾကာင့္ က်ဥ္းေျမာင္းတဲ့မီးတိုင္ေနာက္ကို တမင္ပုန္းေနခဲ့ပုံပါဘဲ။ခန္႔မွန္းေျခအရ ဆင္အေကာင္ေပါင္း ၂,၀၀၀ဟာ ထိုင္းနိုင္ငံမွာ ေတာရိုင္းဆင္ေတြလို လြတ္လပ္စြာေနထိုင္ေနၾကၿပီး အလားတူအေရအတြက္မွာေတာ့ ဖမ္းဆီးခ်ဴပ္ေႏွာင္ခံထားရပါတယ္။

ေတာရိုင္းဆင္ေတြက နိုင္ငံ့အကာအကြယ္အမ်ိဳးသားဥယ်ာဥ္ေတြထဲမွာ က်င္လည္ေနၾကပါတယ္။ဒါေပမဲ့ အစားအစာအတြက္ လယ္သမားေတြရဲ့အစားအစာစုေဆာင္းရာေနရာကို ဝင္ရွုပ္တတ္တာေၾကာင့္ လူသားေတြနဲ႔အျမဲျပႆနာျဖစ္ေနတတ္ပါတယ္။ဆင္ေတြဟာ ထိုင္းနိုင္ငံရဲ့ရိုးရာယဥ္ေက်းမွုအတြက္ အေရးပါေနၿပီး သူတို့အားသတ္ျဖတ္မွုအတြက္ အမ်ားဆုံးေထာင္ဒဏ္၃ႏွစ္အထိ ခ်မွတ္ထားပါတယ္။လြန္ခဲ့တဲ့၁၉၈၆ခုႏွစ္ကတည္းက ဆင္ေတြဟာ ထိုင္းနိုင္ငံရဲ့မ်ိဳးသုန္းလုနီးပါးရွိတဲ့မ်ိဳးစိတ္တစ္မ်ိဳးျဖစ္လာခဲ့တာပါ။

အဆိုပါဆင္ဟာ အိႏၵိယဆင္ျဖစ္ၿပီး အာဖရိကဆင္နဲ႔ကြဲျပားေနတာက သူ႔ရဲ့ေသးငယ္တဲ့နားရြက္ေလးေတြပါ။အိမ္ေမြးေၾကာင္ေလးက သူ႔ခႏၶာကိုယ္ထက္အဆမတန္ႀကီးတဲ့ဆင္ကို သတၱိရွိရွိတိုက္ထုတ္ေနခဲ့ေပမဲ့ လူတစ္ေယာက္ကို ေျခေထာက္နဲ႔ဖိသတ္နိုင္တဲ့သားရဲကို အနီးကပ္မၿခိမ္းေျခာက္ရဲခဲ့ပါဘူး။ေဒသခံေတြက အသက္၃၅ႏွစ္အရြယ္ Pai Salickလို့ေခၚတဲ့အဆိုပါဆင္က အိမ္နားအစာလာရွာစားတတ္တဲ့ဆင္လို့ လူသိမ်ားေၾကာင္းဆိုထားၾကၿပီး ေဒသခံဥယ်ာဥ္မွူး Amnat Norasinက “သူကေတာထဲမွာေနေပမဲ့ ညအခ်ိန္မွာ အိမ္တိုင္းကိုလွည့္ပတ္ၿပီး အစာရွာစားတယ္။သူဘယ္သူလဲဆိုလူတိုင္းသိတယ္”လို့လည္းဆိုထားပါေသးတယ္။

Mia (Mckzone Daily)

Source : dailymail

Unicode ျဖင့္ဖတ္ရန္

ကြံတွေကိုခိုးစားရင်း ခန္ဒာကိုယ်မှအားမနာ လူလည်ကျပြီး မီးတိုင်နောက်မှာပုန်းနေခဲ့တဲ့ ဆင်လေး

လူလည်ကျတဲ့ဆင်တစ်ကောင်ဟာ ထိုင်းနိုင်ငံရှိ ကြံခင်းတစ်ခုမှာ ကြံခိုးစားပြီးနောက် မီးတိုင်နောက်မှာပုန်းနေဖို့ကြိုးစားနေခဲ့ပါတယ်။အဆိုပါဆင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မြောက်ပိုင်းတောင်တန်းဒေသမှာ တွေ့ရှိခဲ့ကြတာပါ။သူက လူတွေကိုရှင်းရှင်းလင်းလင်းမြင်ရပေမဲ့ စုံစမ်းစစ်ဆေးသမားတွေက သူ့ဆီကို မီးထိုးပြီးချဉ်းကပ်လာတာကိုမြင်တာကြောင့် ကျဉ်းမြောင်းတဲ့မီးတိုင်နောက်ကို တမင်ပုန်းနေခဲ့ပုံပါဘဲ။ခန့်မှန်းခြေအရ ဆင်အကောင်ပေါင်း ၂,၀၀၀ဟာ ထိုင်းနိုင်ငံမှာ တောရိုင်းဆင်တွေလို လွတ်လပ်စွာနေထိုင်နေကြပြီး အလားတူအရေအတွက်မှာတော့ ဖမ်းဆီးချူပ်နှောင်ခံထားရပါတယ်။

တောရိုင်းဆင်တွေက နိုင်ငံ့အကာအကွယ်အမျိုးသားဥယျာဉ်တွေထဲမှာ ကျင်လည်နေကြပါတယ်။ဒါပေမဲ့ အစားအစာအတွက် လယ်သမားတွေရဲ့အစားအစာစုဆောင်းရာနေရာကို ဝင်ရှုပ်တတ်တာကြောင့် လူသားတွေနဲ့အမြဲပြဿနာဖြစ်နေတတ်ပါတယ်။ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအတွက် အရေးပါနေပြီး သူတို့အားသတ်ဖြတ်မှုအတွက် အများဆုံးထောင်ဒဏ်၃နှစ်အထိ ချမှတ်ထားပါတယ်။လွန်ခဲ့တဲ့၁၉၈၆ခုနှစ်ကတည်းက ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့မျိုးသုန်းလုနီးပါးရှိတဲ့မျိုးစိတ်တစ်မျိုးဖြစ်လာခဲ့တာပါ။

အဆိုပါဆင်ဟာ အိန္ဒိယဆင်ဖြစ်ပြီး အာဖရိကဆင်နဲ့ကွဲပြားနေတာက သူ့ရဲ့သေးငယ်တဲ့နားရွက်လေးတွေပါ။အိမ်မွေးကြောင်လေးက သူ့ခန္ဓာကိုယ်ထက်အဆမတန်ကြီးတဲ့ဆင်ကို သတ္တိရှိရှိတိုက်ထုတ်နေခဲ့ပေမဲ့ လူတစ်ယောက်ကို ခြေထောက်နဲ့ဖိသတ်နိုင်တဲ့သားရဲကို အနီးကပ်မခြိမ်းခြောက်ရဲခဲ့ပါဘူး။ဒေသခံတွေက အသက်၃၅နှစ်အရွယ် Pai Salickလို့ခေါ်တဲ့အဆိုပါဆင်က အိမ်နားအစာလာရှာစားတတ်တဲ့ဆင်လို့ လူသိများကြောင်းဆိုထားကြပြီး ဒေသခံဥယျာဉ်မှူး Amnat Norasinက “သူကတောထဲမှာနေပေမဲ့ ညအချိန်မှာ အိမ်တိုင်းကိုလှည့်ပတ်ပြီး အစာရှာစားတယ်။သူဘယ်သူလဲဆိုလူတိုင်းသိတယ်”လို့လည်းဆိုထားပါသေးတယ်။

Mia (Mckzone Daily)

Source : dailymail

Leave a Reply

Your email address will not be published. Required fields are marked *