လှိုင်စင်တာမှ ကိုဗစ်လူနာ အမျိုးသမီးတဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်များ (ဒီလိုတွေတောင် ဖြစ်နေပြီလား)

ကိုယ့်ကိုကိုယ် Postive သံသယရှိနေရင် အိမ်မှာပဲလိုတဲ့ဆေးတွေ အကုန်ဝယ်ထားပြီး ဘယ်သူနဲ့မှမတွေ့ပဲ အစားကောင်းကောင်းစား အနားယူပြီးနေကြပါ။

တာဝန်သိသိနဲ့ ကိုယ့်သဘောနဲ့ကိုယ် Test စစ်ပြီး Postive ဆိုလို့ကတော့ အိမ်တောင်မပြန်ရတော့ပဲ သူတို့ပို့တဲ့နေရာကိုတန်းသွားပြီးနေရမှာပါ။

သူတို့ပို့လိုက်တဲ့ လှိုင်စင်တာဆိုတာ နေ့တိုင်း ရေအလုံအလောက်တိုက် မနက် နေ့လည် ညစာ သုံးနပ်ကျေွးပြီး ဘာဆေးတစ်ခုမှမတိုက်ပါဘူး။ ကိုယ့်ဆေးပါလာရင်သောက် မပါလာရင်မသောက်ရပါဘူး…

တိုက်ခန်းထဲ ပိတ်လှောင်ထားပြီး အခန်းထဲကအိမ်သာ ရေချိုးခန်းဆိုတာလည်း အနံ့မရတော့ မျက်လုံးမှိတ်ထားလို့သာ အဆင်ပြေနေသေးတဲ့အဆင့်ပါ (ဒါတောင်

စကားတော်တော်များပြီး အခန်းပြောင်းလိုက်လို့ပါ) ပထမပေးတဲ့အခန်းက အိမ်သာရေချိုးခန်းထဲ ခြေထောက်တောင် ချမရအောင် ညစ်ပတ်နေတာ၊ အိမ်သာဆေးဖို့ တုတ်တံလာပို့ပေးတာကိုလည်း အပေါ်ကို ပေးလို့မရဘူးဆိုပြီး ပြန်ပေးလိုက်ပြီး သူတို့ဆီမှာလဲ တောင်းလို့မရပါဘူး

တစ်ခန်းကို ၄ ယောက်နေရတဲ့ အခန်းထဲက နှလုံးရောဂါရှိတဲ့ အသက် ၆၁ နှစ်အန်တီတယောက် ဒီမနက် Oxygen 81 ထိကျသွားလို့ Call center ကိုဖုန်းဆက်ပြောတာ ဆရာဝန်ဖုန်းနံပါတ်ကို နာရီဝက်နီးပါးစောင့်ရတယ် ခဏနေမှ အောက်ဆီဂျင်ဗူးကို ဓာတ်လှေခါးနဲ့တင်ပေးလိုက်ပြီး ဓာတ်လှေခါးအဝမှာ သွားစောင့်ယူပြီး ကိုယ်တိုင်လုပ်ရတယ် အောက်ဆီဂျင်မဖွင့်တတ်လို့ အသိဆရာဝန်တွေကို အကူအညီတောင်းရတယ်။

ပထမ အောက်ဆီဂျင်တလုံးက ပျက်နေလို့ နောက်တစ်လုံး ထပ်တောင်းပြီး ထပ်စောင့်ရတယ် နောက်တလုံးရောက်လာတဲ့အချိန် အောက်ဆီဂျင်က 60 ထိကျနေပြီ. . . သေစရာရှိရင်သေကုန်ကြပြီ

ရောဂါမပြင်းတဲ့ကိုယ်တောင် စစ်မိတာနောင်တရပြီး စိတ်ဓာတ်တွေကျနေပြီ… ကိုယ့်ကိုကိုယ်သံသယရှိရင် အိမ်မှာပဲနေကြပါ…

PS. ဧရာဝတီစင်တာဆိုတာလည်း သူ့အသိနဲ့သူ အကတ်တွေရှိမှပို့ကြတာပါ အသိရှိတဲ့သူ အကတ်တွေရှိတဲ့လူတွေပဲ အသက်ပါကြတယ်ထင်နေကြတာ….

Khaing Nyein

############################

လှိုင်စင်တာမှ ကိုဗစ်လူနာ အမျိုးသမီးတဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ်များ (ဒီလိုတွေတောင် ဖြစ်နေပြီလား)

ကိုယ့်ကိုကိုယ် Postive သံသယရှိနေရင် အိမ်မှာပဲလိုတဲ့ဆေးတွေ အကုန်ဝယ်ထားပြီး ဘယ်သူနဲ့မှမတွေ့ပဲ အစားကောင်းကောင်းစား အနားယူပြီးနေကြပါ။

တာဝန်သိသိနဲ့ ကိုယ့်သဘောနဲ့ကိုယ် Test စစ်ပြီး Postive ဆိုလို့ကတော့ အိမ်တောင်မပြန်ရတော့ပဲ သူတို့ပို့တဲ့နေရာကိုတန်းသွားပြီးနေရမှာပါ။

သူတို့ပို့လိုက်တဲ့ လှိုင်စင်တာဆိုတာ နေ့တိုင်း ရေအလုံအလောက်တိုက် မနက် နေ့လည် ညစာ သုံးနပ်ကျွေးပြီး ဘာဆေးတစ်ခုမှမတိုက်ပါဘူး။ ကိုယ့်ဆေးပါလာရင်သောက် မပါလာရင်မသောက်ရပါဘူး…

တိုက်ခန်းထဲ ပိတ်လှောင်ထားပြီး အခန်းထဲကအိမ်သာ ရေချိုးခန်းဆိုတာလည်း အနံ့မရတော့ မျက်လုံးမှိတ်ထားလို့သာ အဆင်ပြေနေသေးတဲ့အဆင့်ပါ (ဒါတောင် စကားတော်တော်များပြီး အခန်းပြောင်းလိုက်လို့ပါ) ပထမပေးတဲ့အခန်းက အိမ်သာရေချိုးခန်းထဲ ခြေထောက်တောင် ချမရအောင် ညစ်ပတ်နေတာ၊ အိမ်သာဆေးဖို့ တုတ်တံလာပို့ပေးတာကိုလည်း အပေါ်ကို ပေးလို့မရဘူးဆိုပြီး ပြန်ပေးလိုက်ပြီး သူတို့ဆီမှာလဲ တောင်းလို့မရပါဘူး

တစ်ခန်းကို ၄ ယောက်နေရတဲ့ အခန်းထဲက နှလုံးရောဂါရှိတဲ့ အသက် ၆၁ နှစ်အန်တီတယောက် ဒီမနက် Oxygen 81 ထိကျသွားလို့ Call center ကိုဖုန်းဆက်ပြောတာ ဆရာဝန်ဖုန်းနံပါတ်ကို နာရီဝက်နီးပါးစောင့်ရတယ် ခဏနေမှ အောက်ဆီဂျင်ဗူးကို ဓာတ်လှေခါးနဲ့တင်ပေးလိုက်ပြီး ဓာတ်လှေခါးအဝမှာ သွားစောင့်ယူပြီး ကိုယ်တိုင်လုပ်ရတယ် အောက်ဆီဂျင်မဖွင့်တတ်လို့ အသိဆရာဝန်တွေကို အကူအညီတောင်းရတယ်။

ပထမ အောက်ဆီဂျင်တလုံးက ပျက်နေလို့ နောက်တစ်လုံး ထပ်တောင်းပြီး ထပ်စောင့်ရတယ် နောက်တလုံးရောက်လာတဲ့အချိန် အောက်ဆီဂျင်က 60 ထိကျနေပြီ. . . သေစရာရှိရင်သေကုန်ကြပြီ

ရောဂါမပြင်းတဲ့ကိုယ်တောင် စစ်မိတာနောင်တရပြီး စိတ်ဓာတ်တွေကျနေပြီ… ကိုယ့်ကိုကိုယ်သံသယရှိရင် အိမ်မှာပဲနေကြပါ…

PS. ဧရာဝတီစင်တာဆိုတာလည်း သူ့အသိနဲ့သူ အကတ်တွေရှိမှပို့ကြတာပါ အသိရှိတဲ့သူ အကတ်တွေရှိတဲ့လူတွေပဲ အသက်ပါကြတယ်ထင်နေကြတာ….

Khaing Nyein

Leave a Reply

Your email address will not be published. Required fields are marked *