လမ်းခင်းသည့် ကျောက်မှုန်များထဲတွင် ရွှေပါဝင်သည်ဟုဆိုကာ လူအများ လာရောက်ကောက်ယူနေ

လမ်းခင်းသည့် ကျောက်မှုန်များထဲတွင် ရွှေပါဝင်သည်ဟုဆိုကာ လူအများ လာရောက်ကောက်ယူနေ

တာချီလိတ်၊ နိုဝင်ဘာ ၂၀

တာချီလိတ်မြို့တွင် ဖောက်လုပ်နေသည့် မြို့ရှောင်လမ်းသစ်၌ ခင်းထားသည့် ကျောက်မှုန်များထဲတွင် ရွှေပါဝင်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၀ရက် နံနက်ပိုင်းမှ စတင်ကာ လူအများ လာရောက်ကောက်ယူလျှက်ရှိသည်။

နိုဝင်ဘာလ ၂၀ရက် နံနက်ပိုင်းမှ စတင်ကာ ညနေပိုင်းအထိ လူအများ လာရောက်ကောက်ယူလျှက်ရှိကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ကျောက်မှုန်လေးတွေထဲမှာ လက်လက် လက်လက်နဲ့ သတ္တုလေးတွေပါတယ်။ အဲဒါကို ရွှေဆိုပြီး ကောက်နေကြတာပဲ။ ဘယ်သူက စလဲတော့မသိဘူး” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းကို ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်ခင်းခဲ့ခြင်း ဖြစ်ပြီး အရှည် ၆ကီလိုမီတာကျော် ရှိသည့်အနက် ၄ကီလိုမီတာ ခင်းပြီး ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါခင်းပြီးသည့် ၄ကီလိုမီတာပေါ်တွင် မဂ္ဂနိစ် သတ္တုထုတ်လုပ်ရေးမှ ထွက်သည့် စွန့်ပစ်ကျောက်မှုန်များ ခင်းထားခြင်းဖြစ်ကြောင်း သိရသည်။

#MeKongNews

[Z]လမ္းခင္းသည့္ ေက်ာက္မႈန္မ်ားထဲတြင္ ေ႐ႊပါဝင္သည္ဟုဆိုကာ လူအမ်ား လာေရာက္ေကာက္ယူေန

တာခ်ီလိတ္၊ ႏိုဝင္ဘာ ၂၀

တာခ်ီလိတ္ၿမိဳ႕တြင္ ေဖာက္လုပ္ေနသည့္ ၿမိဳ႕ေရွာင္လမ္းသစ္၌ ခင္းထားသည့္ ေက်ာက္မႈန္မ်ားထဲတြင္ ေ႐ႊပါဝင္သည္ဟုဆိုကာ ႏိုဝင္ဘာလ ၂၀ရက္ နံနက္ပိုင္းမွ စတင္ကာ လူအမ်ား လာေရာက္ေကာက္ယူလွ်က္ရွိသည္။

ႏိုဝင္ဘာလ ၂၀ရက္ နံနက္ပိုင္းမွ စတင္ကာ ညေနပိုင္းအထိ လူအမ်ား လာေရာက္ေကာက္ယူလွ်က္ရွိေၾကာင္း မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာသည္။

“ေက်ာက္မႈန္ေလးေတြထဲမွာ လက္လက္ လက္လက္နဲ႔ သတၱဳေလးေတြပါတယ္။ အဲဒါကို ေ႐ႊဆိုၿပီး ေကာက္ေနၾကတာပဲ။ ဘယ္သူက စလဲေတာ့မသိဘူး” ဟု ၎က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းကို ၿပီးခဲ့သည့္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္ စတင္ခင္းခဲ့ျခင္း ျဖစ္ၿပီး အရွည္ ၆ကီလိုမီတာေက်ာ္ ရွိသည့္အနက္ ၄ကီလိုမီတာ ခင္းၿပီး ျဖစ္ေၾကာင္း လမ္းဦးစီးဌာနမွ သိရသည္။

အဆိုပါခင္းၿပီးသည့္ ၄ကီလိုမီတာေပၚတြင္ မဂၢနိစ္ သတၱဳထုတ္လုပ္ေရးမွ ထြက္သည့္ စြန႔္ပစ္ေက်ာက္မႈန္မ်ား ခင္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

#MeKongNews

Leave a Reply

Your email address will not be published. Required fields are marked *