ေရနစ္ခါနီးအဘြားကို ေရတြင္းထဲခုန္ဆင္းၿပီး ကယ္တင္ခဲ့တဲ့ ရဲအရာရွိေလး

Zawgyi ျဖင့္ဖတ္ရန္

ေရနစ္ခါနီးအဘြားကို ေရတြင္းထဲခုန္ဆင္းၿပီး ကယ္တင္ခဲ့တဲ့ ရဲအရာရွိေလး

မၾကာေသးခင္တုန္းက အိႏၵိယႏိုင္ငံ Andhra Pradesh ျပည္နယ္ေန ရဲအရာရွိေလးတစ္ဦးဟာ အသက္အ႐ြယ္ႀကီးရင့္သူ အမ်ိဳးသမီးတစ္ဦးကို အသက္စြန႔္ကယ္တင္ခဲ့ေၾကာင္း storypick သတင္းစာမ်က္ႏွာအရ သိရပါတယ္။ အဆိုပါ ရဲအရာရွိေလးဟာ ႏွစ္ႀကိမ္ေတာင္ျပန္မစဥ္းစားဘဲ ေရတြင္းထဲခုန္ဆင္းကာ ေရနစ္ေတာ့မယ့္ အဘြားရဲ႕အသက္ကို ကယ္ေပးခဲ့တာျဖစ္ပါတယ္။

အဆိုပါအဘြားကေတာ့ Vijayawada ၿမိဳ႕ Gudur ေက်း႐ြာေန အသက္ ၇၀အ႐ြယ္အဘြားတစ္ေယာက္ျဖစ္ပါတယ္။ ညလယ္ေကာင္တစ္ခုမွာ ရဲအရာရွိ A Siva Kumar နဲ႔ Shyam တို႔ဟာ ေနအိမ္ေရတြင္းထဲ အမ်ိဳုးသမီးႀကီးတစ္ေယာက္ ျပဳတ္က်လို႔ဆိုတဲ့ အေရးေပၚဖုန္းေခၚဆိုမႈတစ္ခုကို လက္ခံရရွိခဲ့ပါတယ္။ ေရတြင္းထဲက်ေနတဲ့ အမ်ိဳးသမီးႀကီးကို အနီးနား႐ြာသားေတြက ကယ္တင္ဖို႔ိႀကိဳးစားခဲ့ေပမယ့္ ေရတြင္းက ေမွာင္ေနတဲ့အတြက္ ေသခ်ာမျမင္ခဲ့ၾကပါဘူး။

ရဲအရာရွိလူငယ္ေတြဟာ ခ်က္ခ်င္းပဲ မိနစ္ပိုင္းအတြင္း ေရတြင္းေနရာဆီေရာက္ေအာင္ သြားခဲ့ပါတယ္။ ဒီေတာ့မွ B Savritri အမည္ရတဲ့ ေရနစ္လုနီးျဖစ္ေနတဲ့ အဘြားကိုကယ္တင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အဘြား B Savritri ကိုကယ္စဥ္မွာ အနီးမွာ ႀကိဳးလည္းမရွိ၊ ေလွကားလည္းမရွိတဲ့အတြက္ Siva Kumare ဟာ ေရတြင္းထဲကိုယ္တိုင္ခုန္ဆင္းၿပီးကယ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

“အဲ့ဒီအခ်ိန္ ကြၽန္ေတာ္ေတြးတာတစ္ခုပဲရွိတယ္။ အဘြားကိုကယ္ႏိုင္ဖို႔ပါ။ အဘြားေရမနစ္ေအာင္လို႔ သူ႔ကို ကြၽန္ေတာ့္ေပါင္ေပၚမွာတင္ထားခဲ့တာ” လို႔ Siva က ျပန္ေျဖခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ Siva နဲ႔အဘြားတို႔ကို Siva ရဲ႕လုပ္ေဖာ္ကိုင္ဖက္ရဲေတြနဲ႔ ႐ြာသားေတြစုေပါင္းၿပီး ႀကိဳးနဲ႔အေပၚဆြဲတင္ခဲ့ၾကပါတယ္။ Siva ကေတာ့ ဒဏ္ရာနည္းနည္းပဲရခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ Siva ေရာ အဘြားပါ ႏွစ္ဦးစလုံးေဆးဝါးအကူအညီယူခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

credit – ShweMom

Unicode ျဖင့္ဖတ္ရန္

ရေနစ်ခါနီးအဘွားကို ရေတွင်းထဲခုန်ဆင်းပြီး ကယ်တင်ခဲ့တဲ့ ရဲအရာရှိလေး

မကြာသေးခင်တုန်းက အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်နေ ရဲအရာရှိလေးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့ကြောင်း storypick သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ ရဲအရာရှိလေးဟာ နှစ်ကြိမ်တောင်ပြန်မစဉ်းစားဘဲ ရေတွင်းထဲခုန်ဆင်းကာ ရေနစ်တော့မယ့် အဘွားရဲ့အသက်ကို ကယ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါအဘွားကတော့ Vijayawada မြို့ Gudur ကျေးရွာနေ အသက် ၇၀အရွယ်အဘွားတစ်ယောက်ဖြစ်ပါတယ်။ ညလယ်ကောင်တစ်ခုမှာ ရဲအရာရှိ A Siva Kumar နဲ့ Shyam တို့ဟာ နေအိမ်ရေတွင်းထဲ အမျိုုးသမီးကြီးတစ်ယောက် ပြုတ်ကျလို့ဆိုတဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ရေတွင်းထဲကျနေတဲ့ အမျိုးသမီးကြီးကို အနီးနားရွာသားတွေက ကယ်တင်ဖို့ိကြိုးစားခဲ့ပေမယ့် ရေတွင်းက မှောင်နေတဲ့အတွက် သေချာမမြင်ခဲ့ကြပါဘူး။

ရဲအရာရှိလူငယ်တွေဟာ ချက်ချင်းပဲ မိနစ်ပိုင်းအတွင်း ရေတွင်းနေရာဆီရောက်အောင် သွားခဲ့ပါတယ်။ ဒီတော့မှ B Savritri အမည်ရတဲ့ ရေနစ်လုနီးဖြစ်နေတဲ့ အဘွားကိုကယ်တင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဘွား B Savritri ကိုကယ်စဉ်မှာ အနီးမှာ ကြိုးလည်းမရှိ၊ လှေကားလည်းမရှိတဲ့အတွက် Siva Kumare ဟာ ရေတွင်းထဲကိုယ်တိုင်ခုန်ဆင်းပြီးကယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

“အဲ့ဒီအချိန် ကျွန်တော်တွေးတာတစ်ခုပဲရှိတယ်။ အဘွားကိုကယ်နိုင်ဖို့ပါ။ အဘွားရေမနစ်အောင်လို့ သူ့ကို ကျွန်တော့်ပေါင်ပေါ်မှာတင်ထားခဲ့တာ” လို့ Siva က ပြန်ဖြေခဲ့ပါတယ်။ ထို့နောက်မှာတော့ Siva နဲ့အဘွားတို့ကို Siva ရဲ့လုပ်ဖော်ကိုင်ဖက်ရဲတွေနဲ့ ရွာသားတွေစုပေါင်းပြီး ကြိုးနဲ့အပေါ်ဆွဲတင်ခဲ့ကြပါတယ်။ Siva ကတော့ ဒဏ်ရာနည်းနည်းပဲရခဲ့ပါတယ်။ ထို့နောက်မှာတော့ Siva ရော အဘွားပါ နှစ်ဦးစလုံးဆေးဝါးအကူအညီယူခဲ့ကြတယ်လို့လည်း သိရပါတယ်။

credit – ShweMom

Leave a Reply

Your email address will not be published. Required fields are marked *