“မေန႔ကမွ ေဆး႐ုံေရာက္လာတဲ့ ေက်ာင္းထိုင္ဆရာေတာ္ ….ယေန႔ ကိုဗစ္ေၾကာင့္ ပ်ံလြန္ေတာ္မူ”

Zawgyi ျဖင့္ဖတ္ရန္

“မေန႔ကမွ ေဆး႐ုံေရာက္လာတဲ့ ေက်ာင္းထိုင္ဆရာေတာ္ ….ယေန႔ ကိုဗစ္ေၾကာင့္ ပ်ံလြန္ေတာ္မူ”

ေဆာင္းဇာျခည္

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကိုဗစ္-၁၉ အတည္ျပဳ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ယေန႔ နံနက္ ၁၁ နာရီက ပ်ံလြန္ေတာ္မူသြားေၾကာင္း သတင္းရရွိသည္။

ပ်ံလြန္ေတာ္မူသြားသည့္ ဆရာေတာ္မွာ ေက်ာက္ျဖဴၿမိဳ႕ ေအာင္ေျမရတနာေက်ာင္းထိုင္ဆရာေတာ္ သက္ေတာ္ (၇၈) ႏွစ္ ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္မွာ ေရာဂါအခံရွိေသာ ဆရာေတာ္ႀကီးတစ္ပါးျဖစ္ၿပီး ေက်ာက္ကပ္ႏွင့္ ဆီးခ်ိဳေရာဂါမ်ား ခံစားေနရေၾကာင္း ေက်ာက္ျဖဴ ေဆး႐ုံႀကီးမွ ေဒါက္တာရဲလြင္ေမာင္က ေျပာသည္။

“ဆရာေတာ္က မေန႔က ေဆး႐ုံတက္တယ္။ ဒီေန႔ ဆုံးတာေပါ့။ လူနာအမွတ္ေတာင္ မထည့္ရေသးပါဘူး။ အခုဆုံးတာနဲ႔ဆို ေက်ာက္ျဖဴေဆး႐ုံမွာ သုံးေယာက္ေျမာက္ ေသဆုံးတာပါ။ ဆရာေတာ္က မေန႔က ေဆး႐ုံ စတက္ကတည္းက ေရာဂါ ျပင္းျပင္းထန္ထန္ခံစားေနရတာပါ။ အဲဒါေၾကာင့္လည္း ဒီေန႔ ျမန္ျမန္ဆန္ဆန္ေလး ျဖစ္သြားတာပါခင္ဗ်ား” ဟု ေဒါက္တာ ရဲလြင္ေမာင္က နိရၪၥရာသို႔ ေျပာသည္။

ယင္းဆရာေတာ္မွာ ယမန္ေန႔ ႏိုဝင္ဘာ ၁၈ ရက္ေန႔ ညေန ၆ နာရီ ၄၅ မိနစ္က ေဆး႐ုံစတက္စဥ္ ကိုဗစ္-၁၉ ေရာဂါအား ျပင္းျပင္းထန္ထန္ခံစားေနရၿပီျဖစ္ေၾကာင္းလည္း ေဒါက္တာ ရဲလြင္ေမာင္က ဆက္ေျပာသည္။

ေက်ာက္ျဖဴၿမိဳ႕နယ္ လူမႈေရးတက္ႂကြလႈပ္ရွားသူ ကိုထြန္းထြန္းႏိုင္က “ေက်ာက္ျဖဴၿမိဳ႕ေပၚက ေအာင္ေျမရတနာ ေက်ာင္းက ဆရာေတာ္ေပါ့ေနာ္။ အဲဒီေက်ာင္းမွာ ကိုရင္ေလးေတြေတာ့ မရွိဘူး။ ဒါယကာနဲ႔ ဒါယိကာမ အဲဒီႏွစ္ေယာက္ပဲ ရွိတယ္။ မေန႔က ဆရာေတာ္ ေဆးခန္းသြားျပတုန္း မသကၤာလို႔ စစ္ၾကည့္ေတာ့ ပိုးေတြ႕တာေပါ့။ အဲဒီမွာ ဆရာေတာ္နဲ႔ အေဖာ္ပါသြားသူကိုလည္း ေဆး႐ုံမွာ ကြာရန္တင္းထားထားတယ္ေပါ့” ဟု နိရၪၥရာသို႔ ေျပာသည္။

ေက်ာက္ျဖဴေဆး႐ုံတြင္ ယေန႔ ေန႔လယ္ပိုင္းအထိ ကိုဗစ္အတည္ျပဳလူနာ ၂၁ ဦးက်န္ရွိေနေသးကာ ေဆး႐ုံဆင္းခြင့္ရရွိသူ ၃၅၁ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္အတြင္း ယေန႔ ေန႔လယ္ပိုင္းအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၃၂၄၇ ဦးရွိၿပီး၊ ေသဆုံးသူ စုစုေပါင္း ၂၅ ဦးရွိကာ ေဆး႐ုံဆင္းခြင့္ရရွိသူ စုစုေပါင္း ၂၉၆၇ ဦးတို႔ရွိေၾကာင္း ရခိုင္ျပည္နယ္ ကိုဗစ္-၁၉ ေစာင့္ၾကည့္ေရးအဖြဲ႕မွ စာရင္းအရ သိရသည္။

Photo- IPRD Kyaukpyu

Unicode ျဖင့္ဖတ္ရန္

“မနေ့ကမှ ဆေးရုံရောက်လာတဲ့ ကျောင်းထိုင်ဆရာတော် ….ယနေ့ ကိုဗစ်ကြောင့် ပျံလွန်တော်မူ”

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု ကျောင်းထိုင်ဆရာတော်တစ်ပါး ယနေ့ နံနက် ၁၁ နာရီက ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကျောက်ဖြူမြို့ အောင်မြေရတနာကျောင်းထိုင်ဆရာတော် သက်တော် (၇၈) နှစ် ဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ ရောဂါအခံရှိသော ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကျောက်ကပ်နှင့် ဆီးချိုရောဂါများ ခံစားနေရကြောင်း ကျောက်ဖြူ ဆေးရုံကြီးမှ ဒေါက်တာရဲလွင်မောင်က ပြောသည်။

“ဆရာတော်က မနေ့က ဆေးရုံတက်တယ်။ ဒီနေ့ ဆုံးတာပေါ့။ လူနာအမှတ်တောင် မထည့်ရသေးပါဘူး။ အခုဆုံးတာနဲ့ဆို ကျောက်ဖြူဆေးရုံမှာ သုံးယောက်မြောက် သေဆုံးတာပါ။ ဆရာတော်က မနေ့က ဆေးရုံ စတက်ကတည်းက ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတာပါ။ အဲဒါကြောင့်လည်း ဒီနေ့ မြန်မြန်ဆန်ဆန်လေး ဖြစ်သွားတာပါခင်ဗျား” ဟု ဒေါက်တာ ရဲလွင်မောင်က နိရဉ္စရာသို့ ပြောသည်။

ယင်းဆရာတော်မှာ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က ဆေးရုံစတက်စဉ် ကိုဗစ်-၁၉ ရောဂါအား ပြင်းပြင်းထန်ထန်ခံစားနေရပြီဖြစ်ကြောင်းလည်း ဒေါက်တာ ရဲလွင်မောင်က ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းထွန်းနိုင်က “ကျောက်ဖြူမြို့ပေါ်က အောင်မြေရတနာ ကျောင်းက ဆရာတော်ပေါ့နော်။ အဲဒီကျောင်းမှာ ကိုရင်လေးတွေတော့ မရှိဘူး။ ဒါယကာနဲ့ ဒါယိကာမ အဲဒီနှစ်ယောက်ပဲ ရှိတယ်။ မနေ့က ဆရာတော် ဆေးခန်းသွားပြတုန်း မသင်္ကာလို့ စစ်ကြည့်တော့ ပိုးတွေ့တာပေါ့။ အဲဒီမှာ ဆရာတော်နဲ့ အဖော်ပါသွားသူကိုလည်း ဆေးရုံမှာ ကွာရန်တင်းထားထားတယ်ပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

ကျောက်ဖြူဆေးရုံတွင် ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးကျန်ရှိနေသေးကာ ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၄၇ ဦးရှိပြီး၊ သေဆုံးသူ စုစုပေါင်း ၂၅ ဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၉၆၇ ဦးတို့ရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ စာရင်းအရ သိရသည်။

Photo- IPRD Kyaukpyu

Leave a Reply

Your email address will not be published. Required fields are marked *