ေရႏုတ္ေျမာင္းထဲ ၂၂ႏွစ္ေက်ာ္ အခ်ိန္ကုန္ဆုံးခဲ့ရတဲ့လင္မယားစုံတြဲ

Zawgyi ျဖင့္ဖတ္ရန္

ေရႏုတ္ေျမာင္းထဲ ၂၂ႏွစ္ေက်ာ္ အခ်ိန္ကုန္ဆုံးခဲ့ရတဲ့လင္မယားစုံတြဲ

တူႏွစ္ကိုယ္ တဲအိုပ်က္လို႔ပဲဆိုဆို၊ ႏွစ္ကိုယ္သားခ်စ္လို႔ရရင္ေက်နပ္ၿပီဆိုတာ ေလထဲမွာပဲရွိတဲ့စကားလို႔ ထင္ၾကပါလိမ့္မယ္။ တကယ္ေတာ့ ဒါကို အျပင္မွာ လက္ေတြ႕သက္ေသျပခဲ့တဲ့သူေတြရွိပါတယ္။ သူတို႔ကေတာ့ Columbia က လင္မယားစုံတြဲျဖစ္တဲ့ Miguel Restrepo နဲ႔ သူ႔ရဲ႕ဇနီး Maria Garcia တို႔ပဲျဖစ္ပါတယ္။

သူတို႔ဟာ ေရႏုတ္ေျမာင္းထဲမွာအိမ္သဖြယ္ေနထိုင္လာတာ ၂၂ႏွစ္ၾကာၿပီျဖစ္ၿပီး အျပင္က တစ္ခ်ိဳ႕ေသာ လင္မယားေတြထက္ေတာင္ ပိုခ်စ္ခင္၊ ပိုၿပီးသစၥာရွိၾကပါတယ္။ သူတို႔ႏွစ္ဦးဟာ ေဆးစြဲေနတဲ့လူႏွစ္ေယာက္အျဖစ္

စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ တစ္ေယာက္နဲ႔တစ္ေယာက္ သံေယာဇဥ္တြယ္လာတဲ့အခ်ိန္မွာေတာ့ အိမ္ေထာင္တစ္ခုတည္ေဆာက္ၿပီး ေဆးျဖတ္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ဒီလိုဆုံးျဖတ္ၿပီးတဲ့အခ်ိန္ သူတို႔မွာေနစရာေနစရာအိမ္ေတာင္မရွိပါဘူး။ ဒါေပမယ့္ ဒါဟာ သူတို႔အတြက္ အခက္အခဲမဟုတ္သလို၊ အေရးပါတဲ့အရာတစ္ခုလဲမဟုတ္ပါဘူး။ သူတို႔ဟာ ေရဆိုးေျမာင္းတစ္ခုကို ျပဳျပင္ၿပီး တူတူေနထိုင္ခဲ့ပါတယ္။

သူတို႔ရဲ႕မိသားစုဝင္အေနနဲ႔ Blackie အမည္ရေခြးကေလးတစ္ေကာင္ရွိပါတယ္။ ေရဆိုးေျမာင္းဆိုၿပီးအထင္မေသးလိုက္ပါနဲ႔၊ လွ်ပ္စစ္မီးလဲရသလို၊ မီးဖိုေခ်ာင္အေသးစားေလးေတာင္ရွိပါတယ္။ ကဲ..ဘာလိုေသးလဲ။

Unicode ျဖင့္ဖတ္ရန္

ရေနုတ်မြောင်းထဲ ၂၂နှစ်ကျော် အချိန်ကုန်ဆုံးခဲ့ရတဲ့လင်မယားစုံတွဲ

တူနှစ်ကိုယ် တဲအိုပျက်လို့ပဲဆိုဆို၊ နှစ်ကိုယ်သားချစ်လို့ရရင်ကျေနပ်ပြီဆိုတာ လေထဲမှာပဲရှိတဲ့စကားလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဒါကို အပြင်မှာ လက်တွေ့သက်သေပြခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ကတော့ Columbia က လင်မယားစုံတွဲဖြစ်တဲ့ Miguel Restrepo နဲ့ သူ့ရဲ့ဇနီး Maria Garcia တို့ပဲဖြစ်ပါတယ်။

သူတို့ဟာ ရေနုတ်မြောင်းထဲမှာအိမ်သဖွယ်နေထိုင်လာတာ ၂၂နှစ်ကြာပြီဖြစ်ပြီး အပြင်က တစ်ချို့သော လင်မယားတွေထက်တောင် ပိုချစ်ခင်၊ ပိုပြီးသစ္စာရှိကြပါတယ်။ သူတို့နှစ်ဦးဟာ ဆေးစွဲနေတဲ့လူနှစ်ယောက်အဖြစ်

စတင်တွေ့ရှိခဲ့ပြီးနောက် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွယ်လာတဲ့အချိန်မှာတော့ အိမ်ထောင်တစ်ခုတည်ဆောက်ပြီး ဆေးဖြတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတဲ့အချိန် သူတို့မှာနေစရာနေစရာအိမ်တောင်မရှိပါဘူး။ ဒါပေမယ့် ဒါဟာ သူတို့အတွက် အခက်အခဲမဟုတ်သလို၊ အရေးပါတဲ့အရာတစ်ခုလဲမဟုတ်ပါဘူး။ သူတို့ဟာ ရေဆိုးမြောင်းတစ်ခုကို ပြုပြင်ပြီး တူတူနေထိုင်ခဲ့ပါတယ်။

သူတို့ရဲ့မိသားစုဝင်အနေနဲ့ Blackie အမည်ရခွေးကလေးတစ်ကောင်ရှိပါတယ်။ ရေဆိုးမြောင်းဆိုပြီးအထင်မသေးလိုက်ပါနဲ့၊ လျှပ်စစ်မီးလဲရသလို၊ မီးဖိုချောင်အသေးစားလေးတောင်ရှိပါတယ်။ ကဲ..ဘာလိုသေးလဲ။

Leave a Reply

Your email address will not be published. Required fields are marked *