အေမစု အိမ္ထဲမွာ ကိုရိုနာကာကြယ္ၿပီး ဝန္ႀကီး ေတြကို ပညာေပးမိန႔္မွာခ်က္ေလးအရမ္းထိေရာက္တာပုံကိုၾကည့္ရင္သိနိုင္ပါတယ္

အေမစု အိမ္ထဲမွာ ကိုရိုနာကာကြယ္ၿပီး ဝန္ႀကီး ေတြကို ပညာေပးမိန႔္မွာခ်က္ေလးအရမ္းထိေရာက္တာပုံကိုၾကည့္ရင္သိနိုင္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္_အထင္မေသးပါနဲ႔၊ အထင္လည္းသိပ္မႀကီးပါနဲ႔
ေဒၚေအာင္ဆန္းစုၾကည္

photo Thet Aung

လူတိုင္းဟာ ကိုယ့္က႑နဲ႔ကိုယ္ ရွိတယ္။ ကိုယ့္တန္ဖိုးနဲ႔ကိုယ္ ရွိတယ္။ ကိုယ့္ကိုယ္ကိုယ္ အထင္မေသးပါနဲ႔။ အထင္လည္း သိပ္မႀကီးပါနဲ႔။ သူမ်ားကိုလည္း အထင္မေသးပါနဲ႔။ သိပ္လည္း အထင္မႀကီးပါနဲ႔။ သိပ္လည္း အထင္မႀကီးပါနဲ႔လို့ ေျပာခ်င္တာက မနာလိုျဖစ္ေလာက္ေအာင္ အထင္မႀကီးပါနဲ႔။

လူတစ္ေယာက္ရဲ့အရည္အခ်င္းကို အသိအမွတ္ျပဳတာဟာ ေကာင္းတဲ့ကိစၥပါ။ ဒါေပမဲ့ မနာလိုတဲ့အဆင့္အထိ အထင္ႀကီးသြားရင္ မေကာင္းပါဘူး။ ကိုယ့္ကိုယ္ကိုယ္လည္း သိပ္အထင္မႀကီးပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ သိပ္အထင္ႀကီးတဲ့သူေတြက ဘယ္ေတာ့မွ ထပ္ၿပီးသင္လို့မရေတာ့ဘူး။

သင္ရခက္တဲ့၊ သင္ရအခက္ဆုံးလူေတြထဲမွာ ငါအားလုံးသိၿပီဆိုတဲ့ လူမ်ိဳးပဲ။ အဲဒီေတာ့ ကိုယ့္ကိုယ္ကိုယ္လည္း သိပ္ၿပီးအထင္မႀကီးပါနဲ႔၊ ဒါေပမဲ့လည္း သိပ္ၿပီး အထင္လည္းမေသးပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ အထင္ေသးၿပီး ယုံၾကည္မွုနည္းလို့ရွိရင္ တိုးတက္မွု မရနိုင္ပါဘူး။

ဘာျဖစ္လို့လဲဆိုေတာ့ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွု မရွိတဲ့အခါက်ေတာ့ မစြန္႔စားရဲဘူးေပါ့။ ကၽြန္မ ခဏခဏ သတိေပးပါတယ္။ ဘ၀ဟာ စြန္႔စားမွုပဲ။ စြန္႔စားရမယ္။ ေန႔စဥ္ စြန္႔စားသြားရမယ့္ကိစၥ။ ဒါေၾကာင့္မို့လို့ စြန္႔စားရဲတဲ့ သတၱိရွိပါ။ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွု ရွိသင့္သေလာက္ေတာ့ ရွိဖို့လိုပါတယ္။ ယုံၾကည္မွု လြန္သြားလို့ရွိရင္ေတာ့ မေကာင္းဘူးေပါ့။

ဘာမဆို လြန္ကဲတယ္ဆိုတာ မေကာင္းဘူး။ ကၽြန္မတို့ ငယ္ငယ္ကတည္းက သင္ရတဲ့အတိုင္းေပါ့။ သတိကလြဲၿပီး ဘာမဆို လြန္ကဲတယ္ဆိုတာ မေကာင္းဘူးဆိုတာ၊ ဘာမဆို လြန္ကဲတဲ့ဟာ မရွိဘဲနဲ႔ သတၱိရွိရွိနဲ႔ ကၽြန္မတို့နိုင္ငံရဲ့အနာဂတ္အတြက္၊ ကၽြန္မတို့လူသားေတြရဲ့ အနာဂတ္အတြက္ လူငယ္ေတြဟာ ဆက္လက္ၿပီး ေဆာင္ရြက္သြားနိုင္မယ္လို့ ေမၽွာ္လင့္ပါတယ္။

Maung Tun Wai
Eternal Light Magazine

အမေစု အိမ်ထဲမှာ ကိုရိုနာကာကွယ်ပြီး ဝန်ကြီး တွေကို ပညာပေးမိန့်မှာချက်လေးအရမ်းထိရောက်တာပုံကိုကြည့်ရင်သိနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်_အထင်မသေးပါနဲ့၊ အထင်လည်းသိပ်မကြီးပါနဲ့
ဒေါ်အောင်ဆန်းစုကြည်

photo Thet Aung

လူတိုင်းဟာ ကိုယ့်ကဏ္ဍနဲ့ကိုယ် ရှိတယ်။ ကိုယ့်တန်ဖိုးနဲ့ကိုယ် ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ အထင်လည်း သိပ်မကြီးပါနဲ့။ သူများကိုလည်း အထင်မသေးပါနဲ့။ သိပ်လည်း အထင်မကြီးပါနဲ့။ သိပ်လည်း အထင်မကြီးပါနဲ့လို့ ပြောချင်တာက မနာလိုဖြစ်လောက်အောင် အထင်မကြီးပါနဲ့။

လူတစ်ယောက်ရဲ့အရည်အချင်းကို အသိအမှတ်ပြုတာဟာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ မနာလိုတဲ့အဆင့်အထိ အထင်ကြီးသွားရင် မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်အထင်မကြီးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတဲ့သူတွေက ဘယ်တော့မှ ထပ်ပြီးသင်လို့မရတော့ဘူး။

သင်ရခက်တဲ့၊ သင်ရအခက်ဆုံးလူတွေထဲမှာ ငါအားလုံးသိပြီဆိုတဲ့ လူမျိုးပဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်လည်း သိပ်ပြီးအထင်မကြီးပါနဲ့၊ ဒါပေမဲ့လည်း သိပ်ပြီး အထင်လည်းမသေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အထင်သေးပြီး ယုံကြည်မှုနည်းလို့ရှိရင် တိုးတက်မှု မရနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိတဲ့အခါကျတော့ မစွန့်စားရဲဘူးပေါ့။ ကျွန်မ ခဏခဏ သတိပေးပါတယ်။ ဘဝဟာ စွန့်စားမှုပဲ။ စွန့်စားရမယ်။ နေ့စဉ် စွန့်စားသွားရမယ့်ကိစ္စ။ ဒါကြောင့်မို့လို့ စွန့်စားရဲတဲ့ သတ္တိရှိပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိသင့်သလောက်တော့ ရှိဖို့လိုပါတယ်။ ယုံကြည်မှု လွန်သွားလို့ရှိရင်တော့ မကောင်းဘူးပေါ့။

ဘာမဆို လွန်ကဲတယ်ဆိုတာ မကောင်းဘူး။ ကျွန်မတို့ ငယ်ငယ်ကတည်းက သင်ရတဲ့အတိုင်းပေါ့။ သတိကလွဲပြီး ဘာမဆို လွန်ကဲတယ်ဆိုတာ မကောင်းဘူးဆိုတာ၊ ဘာမဆို လွန်ကဲတဲ့ဟာ မရှိဘဲနဲ့ သတ္တိရှိရှိနဲ့ ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက်၊ ကျွန်မတို့လူသားတွေရဲ့ အနာဂတ်အတွက် လူငယ်တွေဟာ ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Maung Tun Wai
Eternal Light Magazine

Leave a Reply

Your email address will not be published. Required fields are marked *