အဖုအကြိတ် ကအစ လေဖြတ်လေငန် းနဲ့ အမျိုး သားများ အတွက် ဂျင်း နက်အကြောင်း သိ ကောင်းစရာ

သိ ပ္ပံအမည် Kaempferia parviflora Wall. ex Baker. Synonym(s): Kaempferia rubromarginata (S.Q.Tong) R.J.Searle

Stahlianthus rubromarginatus S.Q.Tong
မျိုးရင်း Zingiberaceae (ဂျင်းမျိုးရင်း)

မူရင်းဒေသ ထိုင်း။ ပေါက်ရောက်ရာဒေသ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား။ ပုံပန်းသဏ္ဍန် ပင်စည်မရှိသော သစ်မြစ်သစ်ဖု ဆေးဖက်ဝင်အပင်ဖြစ်ပြီး ၈လက်မ ဝန်းကျင်အမြင့်ရှိပါတယ်။

အမြစ်ဥက သေးငယ်ပြီး ပြာနက်သော အဆင်းရှိပါတယ်။ အရွက်က ရွက်ထီးဖြစ်ပြီး ၃လက်မမှ ၆လက်မ ဝန်းကျင်ရှည်ပြီး ၂လက်မမှ ၄လက်မဝန်းကျင် ကျယ်ပါတယ်။

ဘဲဥပုံသဏ္ဍန် အရွက်ဖြစ်ပြီး အနည်းငယ် ခေါက်ချိုးညီမှုမရှိပါ။ အပွင့်အနည်းငယ်သာ ပွင့်ပြီး အဖြူအလယ်မှာ ခရမ်းပြာရောင်တွေ့နိုင်ပါတယ်။

ဂျင်းနက်ရဲ့ အာနိသင်

မြန်မာပြည်မှာ ဆနွင်းနက်၊ နနွင်းနက်အဖြစ် လူအများစုက အမှတ်မှားတတ်ကြပါတယ်။ တကယ်က ဂျင်းနက်၊ ဆနွင်းနက်၊ ဆနွင်းပြာ၊

ဂမုန်းတိမ်ပြာ စတဲ့ အမည်တွေဟာ ပတ်ချာလည် ရှုပ်ထွေးနေတဲ့ ပညာရှင်တို့သာ ခွဲခြား ဆန်းစစ်နိုင်တဲ့ မျိုးစိတ်တွေပါပဲ။

အခုတော့ကျနော့်အနေနဲ့ Google ရဲ့ ကျေးဇူး၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ ကျေးဇူးနဲ့ ဂျင်းနက်တမျိုးတည်းရဲ့

အကြောင်းကိုသာ အသေးစိတ်လေ့လာမိသလောက် ရေးသားဖော်ပြသွားမှာပါ။

ထိုင်းနိုင်ငံမှာ နှစ်ထောင်ချီကာ နန်းတွင်းသုံး ဂျင်းဆင်းအဖြစ် ပီယဆေးကောင်းသဖွယ် တိုးတိုးတိတ်တိတ် သုံးစွဲလာခဲ့တာ ကြာမြင့်ပြီဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ သိပ္ပံနည်းကျ စမ်းသပ်မှုပေါင်း များစွာပြုလုပ်ပြီးဖြစ်လို့ ယောကျ်ားတို့ရဲ့ ပီယဆေးကြီးအပြင်၊ ကိုယ်တွင်းကိုယ်ပ ပြည်တည်နာ၊အပူလောင်နာ၊

အဖုအကျိတ်အနာ၊ အစာအိမ်နာတွေသာမက နှလုံးအားကောင်းဆေး၊ အဆစ်အမြစ် လေးဘက်နာ၊ ကိုယ်လက်ထုံကျဉ် မသသန်မစွမ်း၊လေဖြတ်လေငန်းရောဂါတွေပါ

ကုသနိုင်တဲ့ဆေးကောင်းကြီးအဖြစ် ယုံယုံကြည်ကြည်သုံးစွဲနိုင်ကြောင်းကို အထပ်ထပ် စမ်းသပ်ပြီးသောသိပ္ပံစမ်းသပ်မှှုများများမှ သိရှိလေ့လာမိပါတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တရက်ကို ၁.၃၅ ဂရမ် (လက်ဖက်စားဇွန်းတဇွန်း) ထက် မပိုသောနှုန်းထားဖြင့်သာစားသုံးသင့်ပြီး

ပုံမှန် စားသုံးပါက အထက်ဖော်ပြပါ ရောဂါများပျောက်ကင်းသက်သာစေကြောင်းကိုသိပ္ပံစမ်းသပ်မှုများအပြင် နီးစပ်ရာ မိတ်ဆွေများမှ

လက်တို့ ပြောကြားချက်များရောမိမိကိုယ်တိုင် ပျားရည်ဖြင့် တေပြီး စားသုံးရာမှရော သိရှိကြုံတွေ့သည်များကို ဖောက်သည်ချ အသိပေးဖော်ပြလိုက်ရပါတယ်။

ဂျင်းနက်မှာ ဘိုင်အိုဖလက်ဗနွိုက်ဆိုတဲ့ ဗီတာမင် ပီလို့ ခေါ်တဲ့ အဝါရောင်၊ အပြာရောင် ရောင်ခြယ်စု တမျိုးပါဝင်ပြီး၊

အင်းဆက်၊ မှို၊ အဏုဇီဝဖျက်ပိုးတွေကို ကာကွယ်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာရောဂါကိုလဲ တိုက်ဖျက်နိုင်စွမ်း အာနိသင်ရှိတယ်လို့လဲ ဆိုပါတယ်။

ပါဝင်မှု ဓာတ်ပေါင်းများနှင့် အချိုးများ
The three ‘main’ methoxyflavonoids

ပါဝင်တဲ့ ဓာတ်ပေါင်းတွေကို ကြွက်တွေကို စမ်းသပ်အဖြေရှာကြည့်ရာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားလာခြင်း၊

လိင်ပိုင်းဆိုင်ရာ ဟော်မုန်းပမာဏ များလာခြင်း၊ နှလုံးသွေးကြောအားကောင်းစေခြင်း၊ ကြွက်တို့ရဲ့ ကိုယ်တွင်း ကိုယ်ပ အနာရောဂါများ အပူလောင်နာများ သက်သာစေခြင်း၊

ဝိတ်ကျအဆီလျော့စေခြင်း၊ ဓာတ်မတည့်မှု အဆိပ်သင့်မှု သက်သာစေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်တို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်စေခြင်း၊

စတဲ့ အကျိုးရလဒ်ကောင်းတွေကို စမ်းသပ်အဖြေရှာမိပြီး ယိုးဒယားတို့ရဲ့ တိုင်းရင်းဆေးကောင်းအဖြစ် နှစ်ထောင်ချီ သုံးစွဲလာခဲ့ပုံကို ဆင်ခြင်ကြည့်နိုင်ပါတယ်။

သိပ္ပံစမ်းသပ်ချက်အရ တရက် လက်ဖက်စားဇွန်းတဇွန်းထက် လုံး၀ ပိုမစားမိဖို့ အထူးသတိပေးလိုပါတယ်။

တိုင်းရင်းဆေးဖော်စပ်နည်း ကင်ဆာအကျိတ် နှင့်ရိုးရိုးအဖုအကျိတ်

ဂျင်းနက် အမှုန့်၃ ရွေး- နှမ်းဆီလက်ဖက်စားဇွန်း ၁ ဇွန်းရောပြီးလိမ်းပါ။

အဆုတ်နှင့်ပတ်သက်သောရောဂါများ
ကွမ်းရွက်ပြုတ်ရေ ၁ဇွန်း အမှူံ့၁ရွေး အချိုးအတိုင်းသေသေချာချာရောပြီးသောက်ပါယ။

ဝမ်းနှင့်ပတ်သက်တဲ့ရောဂါများ
အမှူံ့ကိုရေနှင့်ရောလိမ်းပါ။ သွေးပြီးလိမ်းရင်ပိုကောင်းပါတယ်။

တုတ်ကွေးရောဂါတွေ (လက်ရှိ H1N1 H5N1) ပျားရည် ၁ဇွန်း နနွင်းနက်အရည် ဇွန်းတဝက်ရောပြီး
ည ၈နာရီ (အိပ်ခါနီး) ဝန်းကျင်ပုံမှန် သောက်ပေးပါ။
ကြိုတင်ကာကွယ်ဆေးအဖြစ်လဲ သောက်လို့ရပါတယ်။

မျက်နှာပြင်ရှိ တင်းတိပ် မှဲ့ခြောက်များ
ပျားရည်လက်ဖက်စားဇွန်း ၁ဇွန်း အမှူံ့ ဇွန်းတဝက် သံပုရာရည် အစက် ၅ စက်ခန့် ရောပြီးမျက်နှာပြင်ကိုလိမ်းပါ။

၁၀ မိနစ်ထားပြီးရေဆေးပါ။ မျက်နှာလေဖျန်းခြင်းမှလဲကာကွယ်နိုင်ပါတယ်။ မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *