“သမၼတကေတာ္မွသည္ ျမန္မာျပည္၏ အမ်ိဳးသမီးသမၼတအျဖစ္သို့”

“သမၼတကေတာ္မွသည္ ျမန္မာျပည္၏ အမ်ိဳးသမီးသမၼတအျဖစ္သို့”

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ့ ေတာင္ၿပိဳကမ္းၿပိဳအနိုင္ရသြားတာေၾကာင့္ လာမယ့္ အရပ္သားအစိုးရသစ္မွာ ႀကီးမားတဲ့အေျပာင္းအလဲေတြ ေပၚထြက္လာဖို့ရွိေနပါတယ္။

လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရာထူးမွာ ဆက္ရွိေနၿပီး သမၼတသစ္တစ္ဦးနဲ႔အတူ အစိုးရသစ္အဖြဲ႕ကိုပါ ဖြဲ႕စည္းရမွာပါ။ တစ္ခ်ိန္တည္းမွာပဲ ျမန္မာျပည္ရဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ရာထူးအေျပာင္းအလဲလည္း ျဖစ္လာဖို့ရွိေနပါတယ္။

လက္ရွိ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတြထဲမွာ နိုင္ငံေတာ္သမၼတျဖစ္လာနိုင္ေျခရွိသူက အဓိက ၃ဦးရွိေနပါတယ္လို့ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ နီးစပ္တဲ့သတင္းရပ္ကြက္ေတြက ဆိုပါတယ္။

တစ္ဦးကေတာ့ လက္ရွိသမၼတ ဦးဝင္းျမင့္ျဖစ္ၿပီး ေနာက္တစ္ဦးကေတာ့ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ျဖစ္ပါတယ္။ သူတို့ႏွစ္ဦးဟာ လက္ရွိပါတီရဲ့ ဒုတိယဥကၠဌေတြလည္းျဖစ္သလို ဗဟိုအလုပ္အမွု ေဆာင္အဖြဲ႕ဝင္ေတြလည္းျဖစ္ၾကပါတယ္။

ေနာက္တစ္ဦးကေတာ့ ေဒၚစုစုလြင္ပါ။ ေဒၚစုစုလြင္ဟာ NLD ပါတီထူေထာင္သူေတြထဲက တစ္ဦးျဖစ္တဲ့ ဦးလြင္ရဲ့သမီးျဖစ္ၿပီး အၿငိမ္းစားသမၼတႀကီး ဦးထင္ေက်ာ္ရဲ့ဇနီးလည္းျဖစ္သလို သုံးခြဲၿမိဳ့နယ္ရဲ့ ျပည္သူ႔လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္ပါတယ္။

ဒါသာ တကယ္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ေဒၚစုစုလြင္ဟာ အၿငိမ္းစားသမၼတကေတာ္အျဖစ္ကေန ျမန္မာျပည္ရဲ့ ပထမဆုံးေသာ အမ်ိဳးသမီးသမၼတတစ္ဦးျဖစ္လာမွာပါ။

“အန္တီစုစုလြင္ကို သမၼတအျဖစ္ ေရြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္တို့အေနနဲ႔ အာဆီယံကိုေရာ ကမၻာကိုပါ ျမန္မာျပည္မွာ တကယ့္အေျပာင္းအလဲေတြျဖစ္ေနၿပီလို့ ျပနိုင္ပါတယ္”လို့ ပါတီသတင္းရပ္ကြက္တစ္ခုက ဆိုပါတယ္။

“ျမန္မာျပည္ရဲ့ ပထမဆုံးအမ်ိဳးသမီးသမၼတဆိုတဲ့ပုံရိပ္က ေရွ႕ဆက္သြားမယ့္ျမန္မာျပည္အေျပာင္းအလဲအတြက္ ေကာင္းသလို ေခတ္မီတဲ့ျမန္မာ၊ အမ်ိဳးသမီးေတြဟာ လုပ္ပိုင္ခြင့္အာဏာရဲ့ တပ္ဦးမွာရွိတဲ့တိုင္းျပည္လို့ ဆိုနိုင္မွာေပါ့”

စစ္တပ္ဦးေဆာင္ေရးဆြဲခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ နိုင္ငံေတာ္သမၼတဟာ ပါတီရဲ့လုပ္ငန္းေတြကို လုပ္ေဆာင္ခြင့္မရွိတာမို့ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ပိုင္းအတြင္း အဓိက်သူျဖစ္လာပါတယ္။

ေနာက္ထပ္ ၅ႏွစ္တာကာလအတြင္း ပါတီတြင္း မ်ိဳးဆက္သစ္ေတြအတြက္ လမ္းေၾကာင္းခင္းေပးတဲ့အလုပ္ကို ပဲ့ကိုင္ထိန္းေက်ာင္းဖို့က ေဒါက္တာေဇာ္ရဲ့ က်န္းမာေရးကလည္း ထည့္သြင္းစဥ္းစားရမယ့္အခ်က္ျဖစ္ပါတယ္။

လက္ရွိ သမၼတႀကီးဦးဝင္းျမင့္ဟာ ျပည္သူ႔လႊတ္ေတာ္ဥကၠဌဘဝကေန နိုင္ငံေတာ္သမၼတရာထူးကို ဆက္ခံခဲ့သူျဖစ္တာမို့ လာမယ့္သက္တမ္းအတြင္း အစိုးရအဖြဲ႕ထဲ တက္တက္ႂကြႂကြလုပ္မယ့္အစား ေဒါက္တာေဇာ္နည္းတူ ပါတီလုပ္ငန္းေတြကို ဦးေဆာင္နိုင္ဖို့အတြက္ လႊတ္ေတာ္ထဲမွာ ဒုတိယဥကၠဌရာထူးေလာက္သာ ယူထားမယ့္သေဘာရွိေနပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္ ေနာက္ထပ္ စိုးရိမ္ပူပန္ရမယ့္ကိစၥတစ္ခုကေတာ့ အရပ္ဖက္-စစ္ဖက္ဆက္ဆံေရးျဖစ္ပါတယ္။ လက္ရွိ ကာကြယ္ေရးဦးစီး ခ်ဳပ္ ဗိုလ္ခ်ဳပ္မွူးႀကီး မင္းေအာင္လွိုင္ဟာ လာမယ့္ႏွစ္ ဇြန္လကုန္က်ရင္ အၿငိမ္းစားယူဖို့ သက္တမ္းေစ့ပါၿပီ။

တပ္ခ်ဳပ္ရဲ့အနာဂတ္ကိစၥ လူမွုကြန္ရက္ေတြေပၚမွာလည္း ပြက္ေလာထေနပါတယ္။ သူဟာ ၂၀၁၆ခုႏွစ္မွာ အသက္ ၆၀ျပည့္ခဲ့ၿပီး NLD အစိုးရအာဏာလႊဲေျပာင္းမယူခင္မွာပဲ ေနာက္ထပ္ သက္တမ္း ၅ႏွစ္တိုးေပးခံခဲ့ရပါတယ္။ အခုလာမယ့္ သက္တမ္းအတြက္ NLD အစိုးရက လက္ခံမယ့္ပုံမရွိပါဘူး။

နိုင္ငံေတာ္ကာကြယ္ေရးနဲ႔လုံျခဳံေရးေကာင္စီကို သမၼတကေခၚယူၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ခန႔္အပ္ရတာျဖစ္ပါတယ္။

ကာလုံလို့ေခၚတဲ့ ဒီေကာင္စီအစည္းအေဝးမွာ စစ္တပ္က ၆ဦး၊ အရပ္ဖက္က ၅ဦးရွိတာမို့ မဲခြဲတဲ့အခါ တပ္ကသာအနိုင္ရမွာမို့ NLD အစိုးရဟာ ၂၀၁၆ခုႏွစ္ အာဏာယူခဲ့ခ်ိန္ကစလို့ ဒီကာလုံအစည္းအေဝးကို တစ္ခါမွ မေခၚယူခဲ့ပါဘူး။

တကယ္လို့ေခၚယူခဲ့ရင္လည္း ႏွစ္ဖက္ၾကား ရင္ၾကားေစ့လို့မရတဲ့ ပြတ္တိုက္မွုေတြ အႀကီးအက်ယ္ျဖစ္လာၿပီး ဖြဲ႕စည္းပုံဆိုင္ရာ အက်ပ္အတည္းထဲ ေရာက္သြားဖို့သာရွိပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒုတိယသမၼတေလာင္း ၃ဦးကို ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တပ္မေတာ္အစုအဖြဲ႕ ၃ခုစီက တစ္ဦးဆီ ေရြးခ်ယ္တင္ေျမႇာက္ၿပီး အဲဒီ ၃ဦးကို လႊတ္ေတာ္တစ္ရပ္လုံးက မဲေပးေရြးခ်ယ္ရတာျဖစ္ပါတယ္။

မဲအမ်ားဆုံးရတဲ့သူက နိုင္ငံေတာ္သမၼတျဖစ္လာၿပီး က်န္ဒုတိယသမၼတႏွစ္ဦးကေတာ့ ဒုတိယသမၼတ-၁၊ ဒုတိယသမၼတ -၂ အသီးသီးတင္ေျမႇာက္ခံရတာျဖစ္ပါတယ္။

“အရင္တစ္ေခါက္နဲ႔မတူတာကေတာ့ နိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ျပည္နယ္တိုင္းအစိုးရအဖြဲ႕ေတြကို ဦးေဆာင္ဖြဲ႕ရမယ့္သူေတြကို ကိုယ္တိုင္ကိုယ္က် ေရြးခ်ယ္ေနပါတယ္”လို့ မုံရြာေအာင္ရွင္က ေျပာပါတယ္။

ေရြးခ်ယ္ေရးလုပ္ငန္းေတြ ၿပီးဆုံးသြားတဲ့အခါ ခန႔္ထားဖို့ လ်ာထားတဲ့ ျပည္နယ္တိုင္းဝန္ႀကီးခ်ဳပ္နဲ႔အစိုးရအဖြဲ႕ေတြ ၿပီးရင္ေတာ့ ျပည္ေထာင္စုအဆင့္ဝန္ႀကီးေတြ ေရြးခ်ယ္ေရးအဆင့္ကို လုပ္ေဆာင္မွာျဖစ္ပါတယ္။ လက္ရွိဖြဲ႕စည္းဖို့ လ်ာထားတဲ့ ဝန္ႀကီး၊ ဝန္ႀကီးခ်ဳပ္ေတြဟာ လာမယ့္ ဧၿပီလ တစ္ရက္ေနာက္ပိုင္း သက္ဆိုင္ရာအစိုးရတာဝန္ေတြကို ထမ္းေဆာင္ရမွာျဖစ္ပါတယ္။

DHANA

“သမ္မတကတော်မှသည် မြန်မာပြည်၏ အမျိုးသမီးသမ္မတအဖြစ်သို့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ပြိုကမ်းပြိုအနိုင်ရသွားတာကြောင့် လာမယ့် အရပ်သားအစိုးရသစ်မှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပေါ်ထွက်လာဖို့ရှိနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးမှာ ဆက်ရှိနေပြီး သမ္မတသစ်တစ်ဦးနဲ့အတူ အစိုးရသစ်အဖွဲ့ကိုပါ ဖွဲ့စည်းရမှာပါ။ တစ်ချိန်တည်းမှာပဲ မြန်မာပြည်ရဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးအပြောင်းအလဲလည်း ဖြစ်လာဖို့ရှိနေပါတယ်။

လက်ရှိ NLD ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်လာနိုင်ခြေရှိသူက အဓိက ၃ဦးရှိနေပါတယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်တွေက ဆိုပါတယ်။

တစ်ဦးကတော့ လက်ရှိသမ္မတ ဦးဝင်းမြင့်ဖြစ်ပြီး နောက်တစ်ဦးကတော့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိပါတီရဲ့ ဒုတိယဥက္ကဌတွေလည်းဖြစ်သလို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တွေလည်းဖြစ်ကြပါတယ်။

နောက်တစ်ဦးကတော့ ဒေါ်စုစုလွင်ပါ။ ဒေါ်စုစုလွင်ဟာ NLD ပါတီထူထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးလွင်ရဲ့သမီးဖြစ်ပြီး အငြိမ်းစားသမ္မတကြီး ဦးထင်ကျော်ရဲ့ဇနီးလည်းဖြစ်သလို သုံးခွဲမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။

ဒါသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒေါ်စုစုလွင်ဟာ အငြိမ်းစားသမ္မတကတော်အဖြစ်ကနေ မြန်မာပြည်ရဲ့ ပထမဆုံးသော အမျိုးသမီးသမ္မတတစ်ဦးဖြစ်လာမှာပါ။

“အန်တီစုစုလွင်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ အာဆီယံကိုရော ကမ္ဘာကိုပါ မြန်မာပြည်မှာ တကယ့်အပြောင်းအလဲတွေဖြစ်နေပြီလို့ ပြနိုင်ပါတယ်”လို့ ပါတီသတင်းရပ်ကွက်တစ်ခုက ဆိုပါတယ်။

“မြန်မာပြည်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဆိုတဲ့ပုံရိပ်က ရှေ့ဆက်သွားမယ့်မြန်မာပြည်အပြောင်းအလဲအတွက် ကောင်းသလို ခေတ်မီတဲ့မြန်မာ၊ အမျိုးသမီးတွေဟာ လုပ်ပိုင်ခွင့်အာဏာရဲ့ တပ်ဦးမှာရှိတဲ့တိုင်းပြည်လို့ ဆိုနိုင်မှာပေါ့”

စစ်တပ်ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတဟာ ပါတီရဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်မရှိတာမို့ ဒေါက်တာဇော်မြင့်မောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းအတွင်း အဓိကျသူဖြစ်လာပါတယ်။

နောက်ထပ် ၅နှစ်တာကာလအတွင်း ပါတီတွင်း မျိုးဆက်သစ်တွေအတွက် လမ်းကြောင်းခင်းပေးတဲ့အလုပ်ကို ပဲ့ကိုင်ထိန်းကျောင်းဖို့က ဒေါက်တာဇော်ရဲ့ ကျန်းမာရေးကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

လက်ရှိ သမ္မတကြီးဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဌဘဝကနေ နိုင်ငံတော်သမ္မတရာထူးကို ဆက်ခံခဲ့သူဖြစ်တာမို့ လာမယ့်သက်တမ်းအတွင်း အစိုးရအဖွဲ့ထဲ တက်တက်ကြွကြွလုပ်မယ့်အစား ဒေါက်တာဇော်နည်းတူ ပါတီလုပ်ငန်းတွေကို ဦးဆောင်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာ ဒုတိယဥက္ကဌရာထူးလောက်သာ ယူထားမယ့်သဘောရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် နောက်ထပ် စိုးရိမ်ပူပန်ရမယ့်ကိစ္စတစ်ခုကတော့ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးဖြစ်ပါတယ်။ လက်ရှိ ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့်နှစ် ဇွန်လကုန်ကျရင် အငြိမ်းစားယူဖို့ သက်တမ်းစေ့ပါပြီ။

တပ်ချုပ်ရဲ့အနာဂတ်ကိစ္စ လူမှုကွန်ရက်တွေပေါ်မှာလည်း ပွက်လောထနေပါတယ်။ သူဟာ ၂၀၁၆ခုနှစ်မှာ အသက် ၆၀ပြည့်ခဲ့ပြီး NLD အစိုးရအာဏာလွှဲပြောင်းမယူခင်မှာပဲ နောက်ထပ် သက်တမ်း ၅နှစ်တိုးပေးခံခဲ့ရပါတယ်။ အခုလာမယ့် သက်တမ်းအတွက် NLD အစိုးရက လက်ခံမယ့်ပုံမရှိပါဘူး။

နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို သမ္မတကခေါ်ယူပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ရတာဖြစ်ပါတယ်။

ကာလုံလို့ခေါ်တဲ့ ဒီကောင်စီအစည်းအဝေးမှာ စစ်တပ်က ၆ဦး၊ အရပ်ဖက်က ၅ဦးရှိတာမို့ မဲခွဲတဲ့အခါ တပ်ကသာအနိုင်ရမှာမို့ NLD အစိုးရဟာ ၂၀၁၆ခုနှစ် အာဏာယူခဲ့ချိန်ကစလို့ ဒီကာလုံအစည်းအဝေးကို တစ်ခါမှ မခေါ်ယူခဲ့ပါဘူး။

တကယ်လို့ခေါ်ယူခဲ့ရင်လည်း နှစ်ဖက်ကြား ရင်ကြားစေ့လို့မရတဲ့ ပွတ်တိုက်မှုတွေ အကြီးအကျယ်ဖြစ်လာပြီး ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းထဲ ရောက်သွားဖို့သာရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတလောင်း ၃ဦးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့ ၃ခုစီက တစ်ဦးဆီ ရွေးချယ်တင်မြှောက်ပြီး အဲဒီ ၃ဦးကို လွှတ်တော်တစ်ရပ်လုံးက မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။

မဲအများဆုံးရတဲ့သူက နိုင်ငံတော်သမ္မတဖြစ်လာပြီး ကျန်ဒုတိယသမ္မတနှစ်ဦးကတော့ ဒုတိယသမ္မတ-၁၊ ဒုတိယသမ္မတ -၂ အသီးသီးတင်မြှောက်ခံရတာဖြစ်ပါတယ်။

“အရင်တစ်ခေါက်နဲ့မတူတာကတော့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြည်နယ်တိုင်းအစိုးရအဖွဲ့တွေကို ဦးဆောင်ဖွဲ့ရမယ့်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နေပါတယ်”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ရွေးချယ်ရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့အခါ ခန့်ထားဖို့ လျာထားတဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့တွေ ပြီးရင်တော့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ ရွေးချယ်ရေးအဆင့်ကို လုပ်ဆောင်မှာဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းဖို့ လျာထားတဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်တွေဟာ လာမယ့် ဧပြီလ တစ်ရက်နောက်ပိုင်း သက်ဆိုင်ရာအစိုးရတာဝန်တွေကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။

DHANA

Leave a Reply

Your email address will not be published. Required fields are marked *