မိဘ ကို ခ်စ္ ရင္ မရွက္ပါနဲ႔” အားမငယ္ သင့္တာ ကို အားမငယ္ ပါနဲ႔ …..

အလယ္တန္း အထက္တန္း ေက်ာင္းသူဘဝတုန္းက ေက်ာင္းတက္ရင္ အတန္းေဖာ္ သူငယ္ခ်င္းေတြက ေမးၾကတယ္

” နင့္အေဖ ဘာလုပ္လဲ နင့္အေမ ဘာလုပ္လဲ ” လို႔ ေမးရင္ ကၽြန္မအရမ္းအားငယ္ရတယ္ ဝမ္းနည္းမိတယ္” ငါရဲ့ေဖေဖက စက္ခ်ဳပ္တယ္ ငါ့ရဲ့ေမေမက ထမင္းခ်က္တယ္ ” ဆိုတဲ့ အေျဖကို မရဲမဝဲ့ သူငယ္ခ်င္းေတြကို ေျဖခဲ့ရတယ္။

( ” ငါ့ေဖေဖက အင္ဂ်င္နီယာ ငါ့ေမေမက ေဒါက္တာ ” ဆိုၿပီး တခ်ိဳ႕သူငယ္ခ်င္းေတြလို ဂုဏ္ယူဝဲ့ႂကြားစြာ ေျဖခ်င္မိတယ္ )

ဒါေပမယ့္ ကၽြန္မ အေဖက စက္ခ်ဳပ္တယ္ အေမက ထမင္းခ်က္တယ္။တေန႔ေတာ့ ” ေဖေဖ သမီးကိုေလ သူငယ္ခ်င္းေတြက ေမးၾကတယ္ ေဖေဖေမေမက ဘာလုပ္တာလဲ ” တဲ့ ေျဖေတာ့ တခ်ိဳ႕သူေတြက သမီးကို ေလွာင္ရယ္ၾကတယ္ ” သမီး သိပ္ရွက္တယ္ ေဖေဖ သမီးရွက္တယ္

” သမီးလဲ သူငယ္ခ်င္းေတြရဲ့အေဖအေမလို အင္ဂ်င္နယ္ယာ ေဒါက္တာ ပညာတတ္တဲ့ ေဖေဖေမေမ လိုခ်င္တာေပါ့ ”အဲဒီအခ်ိန္မွာ ကၽြန္မအနားသို႔ ေဖေဖတိုးလာၿပီး

ဘယ္လိုေျပာလိုက္တာလဲ သမီးေရ ေဖေဖတို႔လည္း ပညာတတ္ျဖစ္ခ်င္ခဲ့တာေပါ့ ဘဝေပး အေျခအေနက ေဖေဖကို ပညာတတ္ျဖစ္ဖို႔ မေပးခဲ့ဘူးေလ ”

” ေဖေဖတို႔ ေမာင္ႏွမႏွစ္ေယာက္ဟာ ပညာတတ္ သိပ္ျဖစ္ခ်င္ခဲ့တာ ” အေမကမုဆိုးမ ဆင္းရဲတယ္ သူမ်ားဆီမွာ အငွားခံရတယ္ စားဝတ္ေနေရးအတြက္ပဲ ထမင္းမငတ္ေအာင္ စားခဲ့ရတာ ”

” ေဖေဖတို႔ကို ေက်ာင္းတက္ဖို႔ ဖတ္စာအုပ္ေတြ ဗလာစာအုပ္ေတြ မဝယ္ေပးနိုင္ခဲ့ဘူးသမီး ”

” ေဖေဖတို႔ ေမာင္ႏွမႏွစ္ေယာက္က စာအရမ္းသင္ခ်င္လို႔ ေတာင္ေပၚက ဟင္းသီးဟင္းရြက္ေတြကို သြားခူးၿပီးေရာင္းတယ္ ”

” ဟင္းသီးဟင္းရြက္ေရာင္းလို႔ ရတဲ့ပိုက္ဆံကို စု သူမ်ားဆီက တဆင့္ စာအုပ္အေဟာင္းေလးေတြဝယ္ၿပီးေဖေဖတို႔ ေမာင္ႏွမႏွစ္ေယာက္ ေက်ာင္းတက္ခဲ့ရတာ ” ” ေဖေဖတို႔က ဆင္းရဲေတာ့ ဘယ္သူကမွ ဂ႐ုမစိုက္ၾကဘူး သမီးေရ ”

” စာအုပ္အသစ္ေတြ မဝယ္နိုင္ဘူး သူမ်ားဆီကဝယ္တဲ့ စာအုပ္အေဟာင္းေလးနဲ႔ စာေရးခဲ့တယ္ ”

ဆရာကို အမွတ္ျခစ္ဖို႔ စာအုပ္သြားထပ္ေတာ့ ” မင္းဘာစာအုပ္နဲ႔ေရးထားတာလဲ ညစ္ပတ္စုတ္ျပတ္ သတ္ေနတာပဲ ေရာ့ ကြာ ” ဆိုၿပီး ေဖေဖ့စာအုပ္ကို ဆရာက လႊင့္ပစ္တယ္သမီးေရ

” စာအုပ္ကထဲက စာရြက္ေလးေတြ တရြက္စီကြာၾကသြားခဲ့တယ္ ေဖေဖလည္း အရမ္းရွက္လို႔ ငိုၿပီးစာရြက္ေလးေတြကို တရြက္ခ်င္းစီ ေကာက္ခဲ့ရတယ္ ”

အဲဒါနဲ႔ ေဖေဖ ေလးတန္းေျဖၿပီး ေက်ာင္းနားခဲ့ရတယ္ သမီးေရ ” အရြယ္ေရာက္လာေတာ့ ေဖေဖစက္ခ်ဳပ္ပညာကို တတ္ကၽြမ္းေအာင္ ဆရာတေယာက္ဆီမွာ သင္ခဲ့တယ္ ”

” သမီးတို႔ ေမာင္ႏွမႏွစ္ေယာက္ကို ေဖေဖတို႔ ေမာင္ႏွမ ႏွစ္ေယာက္လို မျဖစ္ရေလေအာင္ ေဖေဖတတ္တဲ့ စက္ခ်ဳပ္ပညာနဲ႔ ပညာတတ္ျဖစ္ေအာင္ ပညာသင္ရေအာင္ ေက်ာင္းတက္ရေအာင္ ထားေပးတယ္ ” ေလ

ေဖေဖေျပာတဲ့စကားေတြကို နားေထာင္ရတာေတာ့ ကၽြန္မရင္ထဲဝမ္းနည္းၿပီး မ်က္ရည္စက္ေတြ က်လာယ္ေဖေဖက စကားတခြန္းပဲေျပာတယ္ ” ဂုဏ္ယူလိုက္စမ္းပါ သမီးေရ … မရွက္ပါနဲ႔ ငါ့မိဘေတြက သူတို႔တတ္တဲ့ အတတ္ပညာ ရွာလို႔ေပးလို႔ ရတဲ့ပိုက္ဆံနဲ႔ ငါ့အစ္ကိုကို ဘြဲ႕ရေအာင္ ေက်ာင္းထားေပးခဲ့တယ္

ငါ့ကို အခုေက်ာင္းထားေပးေနတယ္ ဆိုၿပီး ေျပာလိုက္စမ္းပါ သမီးေရ ” တဲ့ေလ ။တခ်ိန္က မေျပာနိုင္ခဲ့တဲ့စကားေတြကို အခုေတာ့ ေဖေဖ့ေက်းဇူးေတြေၾကာင့္ ရဲဝဲ့စြာေျပာနိုင္ခဲ့ၿပီ ေဖေဖ

သမီး မရွက္ေတာ့ဘူး ေဖေဖ ” သူငယ္ခ်င္းတို႔ မိတ္ေဆြတို႔ေရ ” ငယ္တဲ့အခ်ိန္မွာေတာ့ စဥ္းစားဉာဏ္ အေတြးအေခၚ ဗဟုသုတ မရွိေသးတဲ့ အရြယ္မို႔ ရွက္တတ္ရင္ရွက္နိုင္ပါတယ္

အသက္အရြယ္ႀကီးလာလို႔ စဥ္းစားဉာဏ္ အေတြးအေခၚ ဗဟုသုတေတြကို ရင့္က်က္လာတဲ့အခါ မရွက္သင့္တာကို မရွက္ပါနဲ႔ အားမငယ္သင့္တာကို အားမငယ္ပါနဲ႔

#ဒါေၾကာင့္ မိဘကိုခ်စ္ရင္ မရွက္ပါနဲ႔။

unicode

အလယ်တန်း အထက်တန်း ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင် အတန်းဖော် သူငယ်ချင်းတွေက မေးကြတယ်

” နင့်အဖေ ဘာလုပ်လဲ နင့်အမေ ဘာလုပ်လဲ ” လို့ မေးရင် ကျွန်မအရမ်းအားငယ်ရတယ် ဝမ်းနည်းမိတယ်” ငါရဲ့ဖေဖေက စက်ချုပ်တယ် ငါ့ရဲ့မေမေက ထမင်းချက်တယ် ” ဆိုတဲ့ အဖြေကို မရဲမဝဲ့ သူငယ်ချင်းတွေကို ဖြေခဲ့ရတယ်။

( ” ငါ့ဖေဖေက အင်ဂျင်နီယာ ငါ့မေမေက ဒေါက်တာ ” ဆိုပြီး တချို့သူငယ်ချင်းတွေလို ဂုဏ်ယူဝဲ့ကြွားစွာ ဖြေချင်မိတယ် )

ဒါပေမယ့် ကျွန်မ အဖေက စက်ချုပ်တယ် အမေက ထမင်းချက်တယ်။တနေ့တော့ ” ဖေဖေ သမီးကိုလေ သူငယ်ချင်းတွေက မေးကြတယ် ဖေဖေမေမေက ဘာလုပ်တာလဲ ” တဲ့ ဖြေတော့ တချို့သူတွေက သမီးကို လှောင်ရယ်ကြတယ် ” သမီး သိပ်ရှက်တယ် ဖေဖေ သမီးရှက်တယ်

” သမီးလဲ သူငယ်ချင်းတွေရဲ့အဖေအမေလို အင်ဂျင်နယ်ယာ ဒေါက်တာ ပညာတတ်တဲ့ ဖေဖေမေမေ လိုချင်တာပေါ့ ”အဲဒီအချိန်မှာ ကျွန်မအနားသို့ ဖေဖေတိုးလာပြီး

ဘယ်လိုပြောလိုက်တာလဲ သမီးရေ ဖေဖေတို့လည်း ပညာတတ်ဖြစ်ချင်ခဲ့တာပေါ့ ဘဝပေး အခြေအနေက ဖေဖေကို ပညာတတ်ဖြစ်ဖို့ မပေးခဲ့ဘူးလေ ”

” ဖေဖေတို့ မောင်နှမနှစ်ယောက်ဟာ ပညာတတ် သိပ်ဖြစ်ချင်ခဲ့တာ ” အမေကမုဆိုးမ ဆင်းရဲတယ် သူများဆီမှာ အငှားခံရတယ် စားဝတ်နေရေးအတွက်ပဲ ထမင်းမငတ်အောင် စားခဲ့ရတာ ”

” ဖေဖေတို့ကို ကျောင်းတက်ဖို့ ဖတ်စာအုပ်တွေ ဗလာစာအုပ်တွေ မဝယ်ပေးနိုင်ခဲ့ဘူးသမီး ”

” ဖေဖေတို့ မောင်နှမနှစ်ယောက်က စာအရမ်းသင်ချင်လို့ တောင်ပေါ်က ဟင်းသီးဟင်းရွက်တွေကို သွားခူးပြီးရောင်းတယ် ”

” ဟင်းသီးဟင်းရွက်ရောင်းလို့ ရတဲ့ပိုက်ဆံကို စု သူများဆီက တဆင့် စာအုပ်အဟောင်းလေးတွေဝယ်ပြီးဖေဖေတို့ မောင်နှမနှစ်ယောက် ကျောင်းတက်ခဲ့ရတာ ” ” ဖေဖေတို့က ဆင်းရဲတော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး သမီးရေ ”

” စာအုပ်အသစ်တွေ မဝယ်နိုင်ဘူး သူများဆီကဝယ်တဲ့ စာအုပ်အဟောင်းလေးနဲ့ စာရေးခဲ့တယ် ”

ဆရာကို အမှတ်ခြစ်ဖို့ စာအုပ်သွားထပ်တော့ ” မင်းဘာစာအုပ်နဲ့ရေးထားတာလဲ ညစ်ပတ်စုတ်ပြတ် သတ်နေတာပဲ ရော့ ကွာ ” ဆိုပြီး ဖေဖေ့စာအုပ်ကို ဆရာက လွှင့်ပစ်တယ်သမီးရေ

” စာအုပ်ကထဲက စာရွက်လေးတွေ တရွက်စီကွာကြသွားခဲ့တယ် ဖေဖေလည်း အရမ်းရှက်လို့ ငိုပြီးစာရွက်လေးတွေကို တရွက်ချင်းစီ ကောက်ခဲ့ရတယ် ”

အဲဒါနဲ့ ဖေဖေ လေးတန်းဖြေပြီး ကျောင်းနားခဲ့ရတယ် သမီးရေ ” အရွယ်ရောက်လာတော့ ဖေဖေစက်ချုပ်ပညာကို တတ်ကျွမ်းအောင် ဆရာတယောက်ဆီမှာ သင်ခဲ့တယ် ”

” သမီးတို့ မောင်နှမနှစ်ယောက်ကို ဖေဖေတို့ မောင်နှမ နှစ်ယောက်လို မဖြစ်ရလေအောင် ဖေဖေတတ်တဲ့ စက်ချုပ်ပညာနဲ့ ပညာတတ်ဖြစ်အောင် ပညာသင်ရအောင် ကျောင်းတက်ရအောင် ထားပေးတယ် ” လေ

ဖေဖေပြောတဲ့စကားတွေကို နားထောင်ရတာတော့ ကျွန်မရင်ထဲဝမ်းနည်းပြီး မျက်ရည်စက်တွေ ကျလာယ်ဖေဖေက စကားတခွန်းပဲပြောတယ် ” ဂုဏ်ယူလိုက်စမ်းပါ သမီးရေ … မရှက်ပါနဲ့ ငါ့မိဘတွေက သူတို့တတ်တဲ့ အတတ်ပညာ ရှာလို့ပေးလို့ ရတဲ့ပိုက်ဆံနဲ့ ငါ့အစ်ကိုကို ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်

ငါ့ကို အခုကျောင်းထားပေးနေတယ် ဆိုပြီး ပြောလိုက်စမ်းပါ သမီးရေ ” တဲ့လေ ။တချိန်က မပြောနိုင်ခဲ့တဲ့စကားတွေကို အခုတော့ ဖေဖေ့ကျေးဇူးတွေကြောင့် ရဲဝဲ့စွာပြောနိုင်ခဲ့ပြီ ဖေဖေ

သမီး မရှက်တော့ဘူး ဖေဖေ ” သူငယ်ချင်းတို့ မိတ်ဆွေတို့ရေ ” ငယ်တဲ့အချိန်မှာတော့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတ မရှိသေးတဲ့ အရွယ်မို့ ရှက်တတ်ရင်ရှက်နိုင်ပါတယ်

အသက်အရွယ်ကြီးလာလို့ စဉ်းစားဉာဏ် အတွေးအခေါ် ဗဟုသုတတွေကို ရင့်ကျက်လာတဲ့အခါ မရှက်သင့်တာကို မရှက်ပါနဲ့ အားမငယ်သင့်တာကို အားမငယ်ပါနဲ့

#ဒါကြောင့် မိဘကိုချစ်ရင် မရှက်ပါနဲ့။

Leave a Reply

Your email address will not be published. Required fields are marked *