ထိုင္းႏိုင္ငံမွ ျမန္မာလုပ္သားကရင္တိုင္းရင္းသား ဇနီးေမာင္ႏွံ ထိုင္းထီအျမင့္ဆံုးဆုဘတ္(6)သန္းဆုဆြတ္ခူး

Zawgyi ျဖင့္ဖတ္ရန္

“ဒီတပတ္လည္း ျမန္မာေတြ ကံေကာင္းျပန္ၿပီ”

ထိုင္းႏိုင္ငံမွ ျမန္မာလုပ္သားကရင္တိုင္းရင္းသား
ဇနီးေမာင္ႏွံ ထိုင္းထီအျမင့္ဆံုးဆုဘတ္(6)သန္းဆုဆြတ္ခူး

ထိုင္းနိုင္ငံ လေယာင္းခရိုင္ စက္မွုဇုံလုပ္ငန္းခြင္တြင္
ေဆာက္လုပ္ေရးလုပ္ကိုင္ေနေသာ ကရင္တိုင္းရင္းသားဇနီးေမာင္ႏွံ ယေန႔ 16-11-2020 ရက္ေန႔ထြက္သည့္ထိုင္းထီအျမင့္ဆုံးဆုႀကီးတစ္ေစာင္ထိုင္းဘတ္ေငြ( ၆ )သန္းဆု ေပါက္ပါတယ္။

မွတ္ခ်က္။ ။ ထိုင္းအလုပ္ရွင္မွ ေငြလိုက္ထုတ္ေပး
ပါလိမ့္မည္ ဘာလို႔လဲ ဆိုေတာ့ထီေပါက္တဲ့ ထီလက္မွတ္ေနာက္ေက်ာ ထိုင္းအလုပ္ရွင္က သူရဲ႕လက္မွတ္ေရးထိုးလိုက္ေသာေၾကာင့္ျဖစ္ပါသည္။သို႔ျဖစ္ပါ၍ လက္႐ွိ ထီဆုေငြကို ထုတ္ယူခြင့္ရိွသူမွာ ထိုင္းအလုပ္ရွင္ပါ ထီလက္မွတ္ ပိုင္႐ွင္ဇနီးေမာင္ႏွံ ထိုင္းအလုပ္ရွင္က ထုတ္ေပးမွသာဆုေငြမ်ား လက္ဝယ္ရ႐ွိမွာပါ။

ကံထူး႐ွင္ဇနီးေမာင္ႏွံကေတာ့AAC အဖြဲ႕ကို လာေရာက္ကူညီ ေစာင့္ေရွာက္ေပးရန္ ေတာင္းဆို ေမတၱာရပ္ခံေနပါတယ္။ထိုင္းထီကံထူးသူ ျမန္မာလုပ္သားမ်ားေဆာင္ရန္ ေ႐ွာင္ရန္ေတြကို အထူးသတိျပဳၾကပါ။

ရဲမင္း(AAC မဟာမိတ္အဖြဲ႕)ထိုင္းအေျခစိုက္အလုပ္သမားကူညီေရး

Unicode ျဖင့္ဖတ္ရန္

“ဒီတပတ်လည်း မြန်မာတွေ ကံကောင်းပြန်ပြီ”

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားကရင်တိုင်းရင်းသား
ဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆုဘတ်(6)သန်းဆုဆွတ်ခူး

ထိုင်းနိုင်ငံ လယောင်းခရိုင် စက်မှုဇုံလုပ်ငန်းခွင်တွင်
ဆောက်လုပ်ရေးလုပ်ကိုင်နေသော ကရင်တိုင်းရင်းသားဇနီးမောင်နှံ ယနေ့ 16-11-2020 ရက်နေ့ထွက်သည့်ထိုင်းထီအမြင့်ဆုံးဆုကြီးတစ်စောင်ထိုင်းဘတ်ငွေ( ၆ )သန်းဆု ပေါက်ပါတယ်။

မှတ်ချက်။ ။ ထိုင်းအလုပ်ရှင်မှ ငွေလိုက်ထုတ်ပေး
ပါလိမ့်မည် ဘာလို့လဲ ဆိုတော့ထီပေါက်တဲ့ ထီလက်မှတ်နောက်ကျော ထိုင်းအလုပ်ရှင်က သူရဲ့လက်မှတ်ရေးထိုးလိုက်သောကြောင့်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ လက်ရှိ ထီဆုငွေကို ထုတ်ယူခွင့်ရှိသူမှာ ထိုင်းအလုပ်ရှင်ပါ ထီလက်မှတ် ပိုင်ရှင်ဇနီးမောင်နှံ ထိုင်းအလုပ်ရှင်က ထုတ်ပေးမှသာဆုငွေများ လက်ဝယ်ရရှိမှာပါ။

ကံထူးရှင်ဇနီးမောင်နှံကတော့AAC အဖွဲ့ကို လာရောက်ကူညီ စောင့်ရှောက်ပေးရန် တောင်းဆို မေတ္တာရပ်ခံနေပါတယ်။ထိုင်းထီကံထူးသူ မြန်မာလုပ်သားများဆောင်ရန် ရှောင်ရန်တွေကို အထူးသတိပြုကြပါ။

ရဲမင်း(AAC မဟာမိတ်အဖွဲ့)ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး

Leave a Reply

Your email address will not be published. Required fields are marked *