အရက္ဆိုင္ မွာ စားပြဲထိုးလုပ္ခဲ့ရေပမယ့္ ငယ္ဘဝ အိပ္မက္ကို တည္ေဆာက္ႏိုင္ခဲ့တဲ့ ျမန္မာလူငယ္တဦး

Zawgyi ျဖင့္ဖတ္ရန္

အရက္ဆိုင္ မွာ စားပြဲထိုးလုပ္ခဲ့ရေပမယ့္ ငယ္ဘဝ အိပ္မက္ကို တည္ေဆာက္ႏိုင္ခဲ့တဲ့ ျမန္မာလူငယ္တဦး

ကြၽန္ေတာ္ငယ္ငယ္က အိမ္က အေတာ္ဆင္းရဲတယ္။ ကြၽန္ေတာ္ ၄ တန္းေအာင္ေတာ့ အိမ္က စားေသာက္ဆိုင္ကေလး စ ဖြင့္တယ္။ နယ္ဘက္ျဖစ္လို႔ အစားအေသာက္ထက္ အရက္ ဘီယာ ပိုေရာင္းရတယ္။ အဲ့တုန္းက က်ဴ ရွင္မေနဘူး။ ဆိုင္မွာပဲ စားပြဲထိုးရတယ္။ညေန ၅ နာရီဆို ဆိုင္ထဲ လူ စ စည္ၿပီ။ ႐ြာက အရက္သမားေတြ စ စုေနေလာက္ၿပီလို႔ ေျပာလို႔ရတယ္။ ဆိုင္ထဲ တဖြဲဖြဲ ဝင္လိုက္ ထြက္လိုက္ပါပဲ။ ဂရမ္း၊ rc၊ မန္းေလးရမ္၊ ဟိုက္ကလက္၊ ျမန္မာ၊ မန္းေလး၊ ဘီယာခ်မ္း၊ ေမၿမိဳ႕ဝိုင္၊ မန္က်ည္း၊ ေကာ္ဝီ အစုံပဲ ( မွတ္မိသေလာက္ )။ ဆိုင္မွာ စားပြဲထိုးရင္း ေက်ာင္းတက္ရင္းပါပဲ။ေႏြရာသီ ေရာက္ေတာ့ ႐ြာမွာ ယဥ္ေက်းလိမၼာသင္တန္း ဖြင့္တယ္။ အေမကပို႔ေတာ့ တက္ျဖစ္တယ္။ အဲ့မွာပဲ ကြၽန္ေတာ္ စ ခြဲျခားဆက္ဆံခံရတာပါပဲ။ ကြၽန္ေတာ္တို႔ကို စာသင္ေပးတဲ့ ဦးဇင္းက ” မိစာၦဇီဝ အသက္ေမြးမႈ လုပ္ငန္း ၅ မ်ိဳး ” အေၾကာင္း စ သင္တယ္။ အဲ့မွာ အခ်က္ ၅ ခ်က္ ရွိတယ္။

ဒါေပမဲ့ အရက္ေရာင္းတာ မေကာင္းဆိုးဝါး လုပ္ငန္းျဖစ္ေၾကာင္းကို တသီခ်င္း ကြၽန္ေတာ့္ကို တည့္တည့္ႀကီး ၾကည့္ၿပီးေျပာေတာ့တာပါပဲ။ ကြၽန္ေတာ္မွတ္မိတယ္။ အဲ့ဦးဇင္းက စသင္ကတည္းက ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနတာ။ အတန္းထဲက ေက်ာင္းသား၊ေက်ာင္းသူ ကိုရင္ သီလရွင္ အကုန္ ကြၽန္ေတာ့္ကို ႐ႊံ႕ရွာတဲ့ အၾကည့္နဲ႔ ဝိုင္းၾကည့္ၾကေတာ့တာပဲ။ကြၽန္ေတာ္ အရမ္းရွက္မိတယ္။ လူေတ ကြၽန္ေတာ့္ကို သတိမထားမိတဲ့ အခ်ိန္ ကြၽန္ေတာ္ မ်က္ရည္က်ေတာ့တာပါပဲ။ အဲ့သည့္ေန႔က ကြၽန္ေတာ့္ကို ဘယ္သူမွ စကား မေျပာေတာ့။ ကြၽန္ေတာ္လည္း တစ္ေယာက္တည္း ႀကိတ္ငိုခဲ့တယ္။ ညေနေရာက္ေတာ့ အရက္သမားေတနဲ႔ စကားေျပာရင္း ရယ္မိတာပါပဲ။ေနာက္ေန႔ ယဥ္ေက်းလိမၼာသင္တန္း ေရာက္ေတာ့ ကြၽန္ေတာ့္ကို ဆရာမတစ္ခ်ိဳ႕ ခြဲျခားဆက္ဆံတာပါပဲ။ ကြယ္ရာမွာ ကြၽန္ေတာ့္ကို ေခၚတဲ့နာမည္က “အရက္ဆိုင္က ေကာင္” တဲ့။ ဆရာမေတ ဘာေၾကာင့္ ကြၽန႔္ေတာ့္ကို ခြဲျခားဆက္ဆံမွန္း ကြၽန္ေတာ္ နားမလည္ဘူး။

ကြၽန္ေတာ္က ဘာေတမ်ား အမွားလုပ္မိလို႔လဲ။ ဘုမသိ ဘမသိ ကိုယ္နဲ႔ တခါမွ မသိတဲ့ လူႏွစ္ေယာက္ေမြးလို႔ လူလာ ျဖစ္တယ္။ သူတို႔ကို အေဖ အေမလို႔ ကြၽန္ေတာ္ေခၚတယ္။ သူတို႔က ကြၽန္ေတာ့္ကို ခ်စ္သလို ကြၽန္ေတာ္လည္း သူတို႔ကို ခ်စ္တယ္ေလ။ သူတို႔က ကြၽန္ေတာ့္ကို ေက်ာင္းထားတယ္။ ကြၽန္ေတာ္က လိမ္လိမ္မာမာေနတယ္။ စာႀကိဳးစားခဲ့တယ္။ မိဘ အလုပ္ကို ဝိုင္းကူလုပ္ေပးခဲ့တာပါပဲ။ဒီလိုနဲ႔ ၅ တန္း တႏွစ္ကုန္တယ္။ ေႏြရာသီ ေရာက္တယ္။ ေန႔လယ္ဆို အားေနေတာ့ ၇ တန္း ဆရာမတစ္ေယာက္ဆီက ေရခဲေခ်ာင္း ယူေရာင္းတယ္။ တေခ်ာင္း ေလးဆယ္နဲ႔ ယူ ငါးဆယ္နဲ႔ ျပန္ေရာင္းတာပါပဲ။ ဘာရယ္လို႔ မသိဘူး။ အတန္း ထဲက ေကာင္မေလးေတြ ကြၽန္ေတာ္နဲ႔ ေရခဲပုန္းကို ျမင္ေတာ့ ၿပဳံးစိစိလုပ္သြားၾကတယ္။ ကြၽန္ေတာ္ကေတာ့ ခက္တည္တည္ပါပဲ။တေန႔ ကြၽန္ေတာ္က PCO ဖုန္းဆိုင္ေဘးမွာ ေရခဲေခ်ာင္းေရာင္းေနတာ။ အင္ဂ်င္နီယာ တေယာက္ ကြၽန္ေတာ့္ ေရခဲေခ်ာင္း ကို ယူစားၿပီး ပိုက္ဆံမေပးဘူး။ ကြၽန္ေတာ္လည္း ဇြတ္ေတာင္းတာေပါ့။ သူက စ သလိုလို နဲ႔ ထြက္သြားတယ္။ ကြၽန္ေတာ္က မရမက အက်ၤ ီ လိုက္ဆြဲေတာင္းေတာ့မွ တြန္းလိုက္တယ္။ ၿပီးေတာ့မွ ဆဲ ဆိုၿပီး ပိုက္ဆံေပးသြားတာ။ ဘယ္သူမွ ဒါကို ေကာင္းေကာင္းမျမင္ပါဘူး။

ပညာတတ္ေပမဲ့ လူတစ္ေယာက္ကို စိတ္ဆင္းရဲေအာင္လုပ္မွ ေပ်ာ္တဲ့သူေတြရွိပါ့လားလို႔ သင္ခန္းစာ ရလိုက္တယ္။ ညေနေရာက္ေတာ့ ထုံးစံအတိုင္းပါပဲ ။ ဆိုင္မွာ စားပြဲထိုးရတာပါပဲ။အေဖ့အမ်ိဳးေတြက ကြၽန္ေတာ့္ကို ႏွိမ္တယ္ဗ်။ “အရက္ခြက္ ကိုင္ၿပီး ႀကီးလာတဲ့ေကာင္ ႀကီးရင္ ဘာျဖစ္လာမွာ မို႔လို႔လဲတဲ့။ “အဲ့စကားကေတာ့ အသည္းနာတယ္ဗ်။ အမ်ိဳးအရင္းႀကီး ေစာ္ကားလို႔။၆တန္းက်ေတာ့လည္းတူတူပါပဲ။ ေက်ာင္းပိတ္ရင္ ေရခဲေခ်ာင္း ေရာင္း။ ညက်ေတာ့ စားပြဲထိုး။ ၇တန္းတက္ေတာ့လည္း အဂၤလိပ္စာသင္တဲ့ဆရာက မင္းဘာမွ မတတ္ဘူး။ အဆင့္မရွိဘူးတဲ့။ အဲ့သည့္အခ်ိန္က ေတာ္ေတာ္ေလးေၾကကြဲသြားတယ္ ။ ႐ြာက လာတဲ့ေကာင္ဆိုေတာ့ ႐ြာေၾကာင္းမွာ အဂၤလိပ္စာ ေကာင္းေကာင္း မသင္ေပးခဲ့ရဘူ။ ၿမိဳ႕ေရာက္ေတာ့ ေက်ာင္းမွာ grammar မသင္ရတဲ့အျပင္ အႏွိမ္ခံေတာ့ ေၾကကြဲမိတာေပါ့။

ဒါေပမဲ့ မငိုေတာ့ပါဘူး။ မရတာ ကိုယ္တစ္ေယာက္ထဲမွ မဟုတ္တာ။ ေဘး႐ြာကေကာင္ေတလည္း ရတာမွ မဟုတ္ဘဲ။ အားမငယ္မိပါဘူး။ အဲ့သည့္တုန္းက အဆင့္ ၅၇၊ ၅၈ အၿမဲရတယ္။ လူကေတာ့ ၅၈ ေယာက္ပါပဲ။ ၇တန္း ေႏြရာသီေရာက္ေတာ့ အဆင့္တက္သြားတယ္။ ေရခဲေခ်ာင္းမေရာင္းေတာ့ဘူး ေထာ္လာဂ်ီ စပယ္ယာလိုက္ရတယ္။ အုတ္၊ သဲ၊ ေက်ာက္၊ ထုံး၊ ဘိလပ္ေျမ အကုန္လိုက္တင္ဘူးတယ္။ ညေနေရာက္ရင္ေတာ့ စားပြဲထိုးပါပဲ။ ၈ တန္းလည္း ထိုနည္းလည္းေကာင္း ပါပဲ။ကိုးတန္းေရာက္ေတာ့ စားပြဲထိုးတယ္ ေက်ာင္းတက္တယ္။ က်ဴ ရွင္မေနဘူး။ brighter grammar ကိုယ့္ဘာသာ self-study လုပ္တယ္။ တစ္ႏွစ္လုံး အဂၤလိပ္စာ ေကာင္းေအာင္ ေသခ်ာလုပ္တယ္။ က်ဴရွင္မေနေတာ့ လပတ္ ႏွစ္ဝက္ကအစ အဆုံးထိ ေမးခြန္းမရပါဘူး။ က်န္တဲ့ေက်ာင္းသားေတေတာ့ ရၾကတယ္။ အဲ့ေကာင္ေတက ကြၽန္ေတာ့ကို အမွတ္ျပည့္ ရသြားမွာေၾကာက္လို႔ ဘယ္ေတာ့မွ ေမးခြန္းကို ေျပာမျပခဲ့ၾကပါဘူး။ ေျပာမျပေပးတဲ့ေကာင္ေတြကို ကြၽန္ေတာ္ ျပႆ နာ မရွာတဲ့အျပင္ ၿပဳံ းျပေနက်ပါ။

ဆယ္တန္းေရာက္ေတာ့ ကြၽန္ေတာ္ခ်စ္တဲ့ ေထာ္လာဂ်ီေလးကို အိမ္ကေရာင္းတယ္။ ၿပီးေတာ့ သူရိန္နန္းကို ပို႔တယ္။ Day တက္တာပါ။ ေဘာ္ဒါလည္း မေနႏိုင္ပါဘူး။ သူရိန္နန္းေဘးက ဘုန္းႀကီးေက်ာင္းမွာ ကပ္ေနရတာပါပဲ။ အေဆာင္က သူငယ္ခ်င္းေတြ မနက္စာ စားလို႔မေကာင္းေၾကာင္းညည္းရင္ ကြၽန္ေတာ္ကၿပဳံးတယ္။ မနက္တိုင္း မနက္စာ မစားရတာကိုး။ ေန႔လယ္စာ ေက်ာင္းမွာစားတယ္။ ညစာေတာ့ ထမင္းနဲ႔ ဟင္းေပါင္းေပါ့။ ငွက္သိုက္ဆိုတာေတာ့ တခါမွ စိတ္ကူးမယဥ္မိ။အေဆာင္ကသူငယ္ခ်င္းေတ ည စာၾကာၾကာၾကည့္ရလို႔ ညည္းတဲ့အခါ ကြၽန္ေတာ္ ၿပဳံးတယ္။ ကြၽန္ေတာ္က မီးပ်က္ရင္ စာၾကည့္မီးအိမ္ကေလးက ေသးေတာ့ေကာင္းေကာင္းမျမင္ရဘူး။ အဲ့အခ်ိန္ သူရိန္နန္းလမ္းၾကားက ဇရပ္နားမွာ ထိုင္က်က္ေနက်။ security ဦးေလးႀကီးမ်ားကို ေကာင္းေကာင္းမွတ္မိတယ္။

ဆယ္တန္း ေအာင္ေတာ့ 4D။ အေမနဲ႔အေဖ အရက္ဆိုင္ပိတ္ၿပီ။ အေၾကာင္းက သူ႔သားကို ေဆးေက်ာင္းတက္ေစခ်င္လို႔။ အထင္ေတာ့မႀကီးပါနဲ႔ ေဆးေက်ာင္းကို ေနာက္ဆုံးအမွတ္နဲ႔ မီတာပါ။ ကြၽန္ေတာ္က ျပတ္တယ္၊ ေဆးလိုင္း စိတ္မဝင္စားဘူး။ environmental science စိတ္ဝင္စားတာ။ ေဖာင္ျဖည့္ရက္နီးေတာ့ မိန္းထဲကို အဂၤလိပ္စာထူးခြၽန္ ေလွ်ာက္တယ္။ ၿပီးမွ es ဘက္ ကူးမယ္ေပါ့။ ခြင့္ျပဳတဲ့ အေဖနဲ႔အေမ ေက်းဇူးႀကီးပါတယ္။Eng ထူးခြၽန္တက္ပါတယ္။ ပထမႏွစ္ ေဝေလေလ ပါပဲ။ ဒုတိယႏွစ္ ဒုတိယ semester မွာ zool ဌာနက Dr.ေဒၚမီမီေက်ာ္နဲ႔ ေတြ႕ၿပီးတဲ့ ေနာက္ လမ္းစေတြ႕တယ္။ environmental science အေၾကာင္း သင္ယူတယ္။ ၿပီးေတာ့ ႏိုင္ငံျခား scholarship ေလွ်ာက္ဖို႔ တိုက္တြန္းတယ္။အဲ့ sem မွာပဲ စာေသခ်ာလုပ္တယ္။ indo ကို ဒီႏိုင္ငံက Asean Universities Network ထဲပါတဲ့ MU က ေက်ာင္းသား ႏွစ္ေယာက္လႊတ္ေပးတယ္။ ကံကေကာင္းေတာ့ ႏူတ္ေျဖစာေမးပြဲေအာင္သြားတယ္ ( လုံးဝ ကံေကာင္းတာပါ ) ရန္ကုန္ကိုေတာင္ တခါမွ မေရာက္ဖူးတဲ့ ေကာင္ ဘန္ေကာက္ေတာင္ transit နဲ႔ ေရာက္ဖူးသြားတယ္။ indo မွာ အေတြ႕အႀကဴံ အမ်ားႀကီး ရခဲ့တယ္။

တတိယႏွစ္ ပထမ semester ေရာက္ေတာ့ ၂၀၁၈ ႏွစ္လပိုင္းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မွာ penal discussion မွာ panel member တေယာက္အေနနဲ႔ CSR policy က႑ကို ေဆြးေႏြးခြင့္ရခဲ့တယ္။ ၿပီးေတာ့ မဲေခါင္ျမစ္နဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာတဲ့ သ ုေတသနအဖြဲ႕ထဲမွာ ပါဝင္ခြင့္ရၿပီ။ဒါကေတာ့ ကြၽန္ေတာ့္အိပ္မက္ပါ။ ငယ္ငယ္ကတည္းက environmental ကို ဝါသနာပါတဲ့ေကာင္ အိပ္မက္ေတြ ျဖစ္လာခဲ့ၿပီ။ ဒီႏွစ္ ၃လပိုင္း ၁၇ ကစလို႔ ကြၽန္ေတာ့ ဇာတိ ျမစ္ငယ္က ကေလးေတကို အဂၤလိပ္စာ four skills သင္တန္း အခမဲ့ ဖြင့္ေပးႏိုင္ခဲ့တယ္။ IPA ေတာင္ သင္ေပးခဲ့ေသးတယ္။ ကေလးေတေပ်ာ္တယ္။ ကြၽန္ေတာ္လည္း ေပ်ာ္တယ္။ အခုေတာ့ စြယ္ေတာ္က ဆည္ေျမာင္း႐ုံးထဲမွာ အဲ့နားက ကေလး ေတြ မယ္သီလရွင္ေတြကို အခမဲ့ သင္တန္းတစ္ခု ထပ္ေပးေနတယ္။ ေျမျဖဴကို အားရပါးရ ကိုင္ရင္း။ ေပ်ာ္ေပ်ာ္ႀကီး စာသင္ေနပါတယ္။

ကြၽန္ေတာ့္ကို ငယ္ငယ္က “အရက္ခြက္ ကိုင္ၿပီး ႀကီးလာတဲ့ေကာင္ ႀကီးရင္ ဘာျဖစ္လာမွာ မို႔လို႔လဲ ” ဆိုတဲ့ အမ်ိဳးေတ သူတ့ိုသားသမီးကို ေျမျဖဴ ကိုင္ၿပီး စာသင္ေပးဖိ့ု လာေျပာေနၾကတယ္။ ကြၽန္ေတာ့္တပည့္ေတြ ကြၽန္ေတာ့္ကို ကန္ေတာ့တာ ဟိုဦးဇင္းျမင္ေတာ့ အံၾသေနေလရဲ႕။ ယဥ္ေက်းလိမၼာသင္တန္းမွာ ကြၽန္ေတာ့္ကို ခြဲျခားဆက္ဆံခဲ့တဲ့ ဆရာမေတလည္း အခုေတာ့ အံၾသေနေလရဲ႕။ ကိုးတန္းတုန္းက ေမးခြန္းေတြ ေမးမိလို႔ မသိဘူးေျပာတဲ့ သူငယ္ခ်င္းေတြ ဘက ေက်ာင္းမွာ ပညာဒါန လုပ္ေနတဲ့ ကြၽန္ေတာ့္ဆီ ၁၀တန္းစာေတြ လာလာေမးေနေလရဲ႕။ grammar သင္မေပးဘဲ ႏွိမ္ခဲ့တဲ့ ဆရာႀကီး ေျမးကို ကြၽန္ေတာ္ Phonetics ေကာင္းေကာင္း သင္ေပးခဲ့တယ္။ အရက္ခြက္ကိုင္ ႀကီးလာတဲ့ ကြၽန္ေတာ္ေတာင္ အခု ကြၽန္ေတာ့္ေဒသအတြက္ အက်ိဳးရွိတဲ့ ေျမျဖဴ ကိုင္တဲ့ လက္ ျဖစ္လာခဲ့ၿပီ။ ကိုယ့္ကိုယ္ကို ေတြးရင္း ဝမ္းသာမိပါတယ္။

မကူညီခဲ့တဲ့ လူအားလုံးကို အခုေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔ မကူညီခဲ့လု႔ိ အခု သူတစ္ပါးကို ေကာင္းေကာင္း ကူညီ တတ္တဲ့လူျဖစ္လာပါၿပီ။ ဘြဲ႕ရၿပီးရင္လည္း ေက်ာင္းဆရာပဲ လုပ္မယ္။ ကေလးေတြရဲ႕ အိပ္မက္ေတကို ပံ့ပိုး ေပးမယ္ because ” Every child is special.”ကြၽန္ေတာ္ တိုက္တြန္းခ်င္တာက ကေလးသူငယ္ေတြ လိင္အၾကမ္းဖက္ခံရတာ၊ လမ္းေဘးေရာက္ေနတာေတြကို အျမန္ဆုံး ထိန္းသိမ္းဖို႔လိုလာပါၿပီ။ လုံၿခဳံစိတ္ခ်ရတဲ့ စာသင္ခန္းထဲ ပို႔ဖို႔ လိုလာပါၿပီ။ အခု လမ္းေဘးမွာ ပလပ္စတစ္ေကာက္ေနတဲ့ ကေလးေတြ ေနာင္တခ်ိန္မွာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာရွင္ေတြ ျဖစ္လာႏိုင္ပါတယ္။ ကေလးတိုင္းကို မွန္မွန္ကန္ကန္ျပဳစုၿပိဳးေထာင္ႏိုင္ရင္ အနာဂတ္က လွပ ေနပါၿပီ။

share from : burmese.asia

Unicode ျဖင့္ဖတ္ရန္

အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး

ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး။ ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် )။ ဆိုင်မှာ စားပွဲထိုးရင်း ကျောင်းတက်ရင်းပါပဲ။နွေရာသီ ရောက်တော့ ရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တယ်။ အမေကပို့တော့ တက်ဖြစ်တယ်။ အဲ့မှာပဲ ကျွန်တော် စ ခွဲခြားဆက်ဆံခံရတာပါပဲ။ ကျွန်တော်တို့ကို စာသင်ပေးတဲ့ ဦးဇင်းက ” မိစ္ဆာဇီဝ အသက်မွေးမှု လုပ်ငန်း ၅ မျိုး ” အကြောင်း စ သင်တယ်။ အဲ့မှာ အချက် ၅ ချက် ရှိတယ်။

ဒါပေမဲ့ အရက်ရောင်းတာ မကောင်းဆိုးဝါး လုပ်ငန်းဖြစ်ကြောင်းကို တသီချင်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်ပြီးပြောတော့တာပါပဲ။ ကျွန်တော်မှတ်မိတယ်။ အဲ့ဦးဇင်းက စသင်ကတည်းက ကျွန်တော့်ကို စိုက်ကြည့်နေတာ။ အတန်းထဲက ကျောင်းသား၊ကျောင်းသူ ကိုရင် သီလရှင် အကုန် ကျွန်တော့်ကို ရွှံ့ရှာတဲ့ အကြည့်နဲ့ ဝိုင်းကြည့်ကြတော့တာပဲ။ကျွန်တော် အရမ်းရှက်မိတယ်။ လူတေ ကျွန်တော့်ကို သတိမထားမိတဲ့ အချိန် ကျွန်တော် မျက်ရည်ကျတော့တာပါပဲ။ အဲ့သည့်နေ့က ကျွန်တော့်ကို ဘယ်သူမှ စကား မပြောတော့။ ကျွန်တော်လည်း တစ်ယောက်တည်း ကြိတ်ငိုခဲ့တယ်။ ညနေရောက်တော့ အရက်သမားတေနဲ့ စကားပြောရင်း ရယ်မိတာပါပဲ။နောက်နေ့ ယဉ်ကျေးလိမ္မာသင်တန်း ရောက်တော့ ကျွန်တော့်ကို ဆရာမတစ်ချို့ ခွဲခြားဆက်ဆံတာပါပဲ။ ကွယ်ရာမှာ ကျွန်တော့်ကို ခေါ်တဲ့နာမည်က “အရက်ဆိုင်က ကောင်” တဲ့။ ဆရာမတေ ဘာကြောင့် ကျွန့်တော့်ကို ခွဲခြားဆက်ဆံမှန်း ကျွန်တော် နားမလည်ဘူး။

ကျွန်တော်က ဘာတေများ အမှားလုပ်မိလို့လဲ။ ဘုမသိ ဘမသိ ကိုယ်နဲ့ တခါမှ မသိတဲ့ လူနှစ်ယောက်မွေးလို့ လူလာ ဖြစ်တယ်။ သူတို့ကို အဖေ အမေလို့ ကျွန်တော်ခေါ်တယ်။ သူတို့က ကျွန်တော့်ကို ချစ်သလို ကျွန်တော်လည်း သူတို့ကို ချစ်တယ်လေ။ သူတို့က ကျွန်တော့်ကို ကျောင်းထားတယ်။ ကျွန်တော်က လိမ်လိမ်မာမာနေတယ်။ စာကြိုးစားခဲ့တယ်။ မိဘ အလုပ်ကို ဝိုင်းကူလုပ်ပေးခဲ့တာပါပဲ။ဒီလိုနဲ့ ၅ တန်း တနှစ်ကုန်တယ်။ နွေရာသီ ရောက်တယ်။ နေ့လယ်ဆို အားနေတော့ ၇ တန်း ဆရာမတစ်ယောက်ဆီက ရေခဲချောင်း ယူရောင်းတယ်။ တချောင်း လေးဆယ်နဲ့ ယူ ငါးဆယ်နဲ့ ပြန်ရောင်းတာပါပဲ။ ဘာရယ်လို့ မသိဘူး။ အတန်း ထဲက ကောင်မလေးတွေ ကျွန်တော်နဲ့ ရေခဲပုန်းကို မြင်တော့ ပြုံးစိစိလုပ်သွားကြတယ်။ ကျွန်တော်ကတော့ ခက်တည်တည်ပါပဲ။တနေ့ ကျွန်တော်က PCO ဖုန်းဆိုင်ဘေးမှာ ရေခဲချောင်းရောင်းနေတာ။ အင်ဂျင်နီယာ တယောက် ကျွန်တော့် ရေခဲချောင်း ကို ယူစားပြီး ပိုက်ဆံမပေးဘူး။ ကျွန်တော်လည်း ဇွတ်တောင်းတာပေါ့။ သူက စ သလိုလို နဲ့ ထွက်သွားတယ်။ ကျွန်တော်က မရမက အင်္ကျ ီ လိုက်ဆွဲတောင်းတော့မှ တွန်းလိုက်တယ်။ ပြီးတော့မှ ဆဲ ဆိုပြီး ပိုက်ဆံပေးသွားတာ။ ဘယ်သူမှ ဒါကို ကောင်းကောင်းမမြင်ပါဘူး။

ပညာတတ်ပေမဲ့ လူတစ်ယောက်ကို စိတ်ဆင်းရဲအောင်လုပ်မှ ပျော်တဲ့သူတွေရှိပါ့လားလို့ သင်ခန်းစာ ရလိုက်တယ်။ ညနေရောက်တော့ ထုံးစံအတိုင်းပါပဲ ။ ဆိုင်မှာ စားပွဲထိုးရတာပါပဲ။အဖေ့အမျိုးတွေက ကျွန်တော့်ကို နှိမ်တယ်ဗျ။ “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲတဲ့။ “အဲ့စကားကတော့ အသည်းနာတယ်ဗျ။ အမျိုးအရင်းကြီး စော်ကားလို့။၆တန်းကျတော့လည်းတူတူပါပဲ။ ကျောင်းပိတ်ရင် ရေခဲချောင်း ရောင်း။ ညကျတော့ စားပွဲထိုး။ ၇တန်းတက်တော့လည်း အင်္ဂလိပ်စာသင်တဲ့ဆရာက မင်းဘာမှ မတတ်ဘူး။ အဆင့်မရှိဘူးတဲ့။ အဲ့သည့်အချိန်က တော်တော်လေးကြေကွဲသွားတယ် ။ ရွာက လာတဲ့ကောင်ဆိုတော့ ရွာကြောင်းမှာ အင်္ဂလိပ်စာ ကောင်းကောင်း မသင်ပေးခဲ့ရဘူ။ မြို့ရောက်တော့ ကျောင်းမှာ grammar မသင်ရတဲ့အပြင် အနှိမ်ခံတော့ ကြေကွဲမိတာပေါ့။

ဒါပေမဲ့ မငိုတော့ပါဘူး။ မရတာ ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ ဘေးရွာကကောင်တေလည်း ရတာမှ မဟုတ်ဘဲ။ အားမငယ်မိပါဘူး။ အဲ့သည့်တုန်းက အဆင့် ၅၇၊ ၅၈ အမြဲရတယ်။ လူကတော့ ၅၈ ယောက်ပါပဲ။ ၇တန်း နွေရာသီရောက်တော့ အဆင့်တက်သွားတယ်။ ရေခဲချောင်းမရောင်းတော့ဘူး ထော်လာဂျီ စပယ်ယာလိုက်ရတယ်။ အုတ်၊ သဲ၊ ကျောက်၊ ထုံး၊ ဘိလပ်မြေ အကုန်လိုက်တင်ဘူးတယ်။ ညနေရောက်ရင်တော့ စားပွဲထိုးပါပဲ။ ၈ တန်းလည်း ထိုနည်းလည်းကောင်း ပါပဲ။ကိုးတန်းရောက်တော့ စားပွဲထိုးတယ် ကျောင်းတက်တယ်။ ကျူ ရှင်မနေဘူး။ brighter grammar ကိုယ့်ဘာသာ self-study လုပ်တယ်။ တစ်နှစ်လုံး အင်္ဂလိပ်စာ ကောင်းအောင် သေချာလုပ်တယ်။ ကျူရှင်မနေတော့ လပတ် နှစ်ဝက်ကအစ အဆုံးထိ မေးခွန်းမရပါဘူး။ ကျန်တဲ့ကျောင်းသားတေတော့ ရကြတယ်။ အဲ့ကောင်တေက ကျွန်တော့ကို အမှတ်ပြည့် ရသွားမှာကြောက်လို့ ဘယ်တော့မှ မေးခွန်းကို ပြောမပြခဲ့ကြပါဘူး။ ပြောမပြပေးတဲ့ကောင်တွေကို ကျွန်တော် ပြဿ နာ မရှာတဲ့အပြင် ပြုံ းပြနေကျပါ။

ဆယ်တန်းရောက်တော့ ကျွန်တော်ချစ်တဲ့ ထော်လာဂျီလေးကို အိမ်ကရောင်းတယ်။ ပြီးတော့ သူရိန်နန်းကို ပို့တယ်။ Day တက်တာပါ။ ဘော်ဒါလည်း မနေနိုင်ပါဘူး။ သူရိန်နန်းဘေးက ဘုန်းကြီးကျောင်းမှာ ကပ်နေရတာပါပဲ။ အဆောင်က သူငယ်ချင်းတွေ မနက်စာ စားလို့မကောင်းကြောင်းညည်းရင် ကျွန်တော်ကပြုံးတယ်။ မနက်တိုင်း မနက်စာ မစားရတာကိုး။ နေ့လယ်စာ ကျောင်းမှာစားတယ်။ ညစာတော့ ထမင်းနဲ့ ဟင်းပေါင်းပေါ့။ ငှက်သိုက်ဆိုတာတော့ တခါမှ စိတ်ကူးမယဉ်မိ။အဆောင်ကသူငယ်ချင်းတေ ည စာကြာကြာကြည့်ရလို့ ညည်းတဲ့အခါ ကျွန်တော် ပြုံးတယ်။ ကျွန်တော်က မီးပျက်ရင် စာကြည့်မီးအိမ်ကလေးက သေးတော့ကောင်းကောင်းမမြင်ရဘူး။ အဲ့အချိန် သူရိန်နန်းလမ်းကြားက ဇရပ်နားမှာ ထိုင်ကျက်နေကျ။ security ဦးလေးကြီးများကို ကောင်းကောင်းမှတ်မိတယ်။

ဆယ်တန်း အောင်တော့ 4D။ အမေနဲ့အဖေ အရက်ဆိုင်ပိတ်ပြီ။ အကြောင်းက သူ့သားကို ဆေးကျောင်းတက်စေချင်လို့။ အထင်တော့မကြီးပါနဲ့ ဆေးကျောင်းကို နောက်ဆုံးအမှတ်နဲ့ မီတာပါ။ ကျွန်တော်က ပြတ်တယ်၊ ဆေးလိုင်း စိတ်မဝင်စားဘူး။ environmental science စိတ်ဝင်စားတာ။ ဖောင်ဖြည့်ရက်နီးတော့ မိန်းထဲကို အင်္ဂလိပ်စာထူးချွန် လျှောက်တယ်။ ပြီးမှ es ဘက် ကူးမယ်ပေါ့။ ခွင့်ပြုတဲ့ အဖေနဲ့အမေ ကျေးဇူးကြီးပါတယ်။Eng ထူးချွန်တက်ပါတယ်။ ပထမနှစ် ဝေလေလေ ပါပဲ။ ဒုတိယနှစ် ဒုတိယ semester မှာ zool ဌာနက Dr.ဒေါ်မီမီကျော်နဲ့ တွေ့ပြီးတဲ့ နောက် လမ်းစတွေ့တယ်။ environmental science အကြောင်း သင်ယူတယ်။ ပြီးတော့ နိုင်ငံခြား scholarship လျှောက်ဖို့ တိုက်တွန်းတယ်။အဲ့ sem မှာပဲ စာသေချာလုပ်တယ်။ indo ကို ဒီနိုင်ငံက Asean Universities Network ထဲပါတဲ့ MU က ကျောင်းသား နှစ်ယောက်လွှတ်ပေးတယ်။ ကံကကောင်းတော့ နူတ်ဖြေစာမေးပွဲအောင်သွားတယ် ( လုံးဝ ကံကောင်းတာပါ ) ရန်ကုန်ကိုတောင် တခါမှ မရောက်ဖူးတဲ့ ကောင် ဘန်ကောက်တောင် transit နဲ့ ရောက်ဖူးသွားတယ်။ indo မှာ အတွေ့အကြူံ အများကြီး ရခဲ့တယ်။

တတိယနှစ် ပထမ semester ရောက်တော့ ၂၀၁၈ နှစ်လပိုင်းက International Conference on Burma/ Myanmar Studies – 2 ( ICBMS 2 ) မှာ penal discussion မှာ panel member တယောက်အနေနဲ့ CSR policy ကဏ္ဍကို ဆွေးနွေးခွင့်ရခဲ့တယ်။ ပြီးတော့ မဲခေါင်မြစ်နဲ့ ပတ်သက်ပြီးတော့ လေ့လာတဲ့ သ ုတေသနအဖွဲ့ထဲမှာ ပါဝင်ခွင့်ရပြီ။ဒါကတော့ ကျွန်တော့်အိပ်မက်ပါ။ ငယ်ငယ်ကတည်းက environmental ကို ဝါသနာပါတဲ့ကောင် အိပ်မက်တွေ ဖြစ်လာခဲ့ပြီ။ ဒီနှစ် ၃လပိုင်း ၁၇ ကစလို့ ကျွန်တော့ ဇာတိ မြစ်ငယ်က ကလေးတေကို အင်္ဂလိပ်စာ four skills သင်တန်း အခမဲ့ ဖွင့်ပေးနိုင်ခဲ့တယ်။ IPA တောင် သင်ပေးခဲ့သေးတယ်။ ကလေးတေပျော်တယ်။ ကျွန်တော်လည်း ပျော်တယ်။ အခုတော့ စွယ်တော်က ဆည်မြောင်းရုံးထဲမှာ အဲ့နားက ကလေး တွေ မယ်သီလရှင်တွေကို အခမဲ့ သင်တန်းတစ်ခု ထပ်ပေးနေတယ်။ မြေဖြူကို အားရပါးရ ကိုင်ရင်း။ ပျော်ပျော်ကြီး စာသင်နေပါတယ်။

ကျွန်တော့်ကို ငယ်ငယ်က “အရက်ခွက် ကိုင်ပြီး ကြီးလာတဲ့ကောင် ကြီးရင် ဘာဖြစ်လာမှာ မို့လို့လဲ ” ဆိုတဲ့ အမျိုးတေ သူတ့ိုသားသမီးကို မြေဖြူ ကိုင်ပြီး စာသင်ပေးဖိ့ု လာပြောနေကြတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ကို ကန်တော့တာ ဟိုဦးဇင်းမြင်တော့ အံသြနေလေရဲ့။ ယဉ်ကျေးလိမ္မာသင်တန်းမှာ ကျွန်တော့်ကို ခွဲခြားဆက်ဆံခဲ့တဲ့ ဆရာမတေလည်း အခုတော့ အံသြနေလေရဲ့။ ကိုးတန်းတုန်းက မေးခွန်းတွေ မေးမိလို့ မသိဘူးပြောတဲ့ သူငယ်ချင်းတွေ ဘက ကျောင်းမှာ ပညာဒါန လုပ်နေတဲ့ ကျွန်တော့်ဆီ ၁၀တန်းစာတွေ လာလာမေးနေလေရဲ့။ grammar သင်မပေးဘဲ နှိမ်ခဲ့တဲ့ ဆရာကြီး မြေးကို ကျွန်တော် Phonetics ကောင်းကောင်း သင်ပေးခဲ့တယ်။ အရက်ခွက်ကိုင် ကြီးလာတဲ့ ကျွန်တော်တောင် အခု ကျွန်တော့်ဒေသအတွက် အကျိုးရှိတဲ့ မြေဖြူ ကိုင်တဲ့ လက် ဖြစ်လာခဲ့ပြီ။ ကိုယ့်ကိုယ်ကို တွေးရင်း ဝမ်းသာမိပါတယ်။

မကူညီခဲ့တဲ့ လူအားလုံးကို အခုကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ မကူညီခဲ့လု့ိ အခု သူတစ်ပါးကို ကောင်းကောင်း ကူညီ တတ်တဲ့လူဖြစ်လာပါပြီ။ ဘွဲ့ရပြီးရင်လည်း ကျောင်းဆရာပဲ လုပ်မယ်။ ကလေးတွေရဲ့ အိပ်မက်တေကို ပံ့ပိုး ပေးမယ် because ” Every child is special.”ကျွန်တော် တိုက်တွန်းချင်တာက ကလေးသူငယ်တွေ လိင်အကြမ်းဖက်ခံရတာ၊ လမ်းဘေးရောက်နေတာတွေကို အမြန်ဆုံး ထိန်းသိမ်းဖို့လိုလာပါပြီ။ လုံခြုံစိတ်ချရတဲ့ စာသင်ခန်းထဲ ပို့ဖို့ လိုလာပါပြီ။ အခု လမ်းဘေးမှာ ပလပ်စတစ်ကောက်နေတဲ့ ကလေးတွေ နောင်တချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတိုင်းကို မှန်မှန်ကန်ကန်ပြုစုပြိုးထောင်နိုင်ရင် အနာဂတ်က လှပ နေပါပြီ။

share from : burmese.asia

Leave a Reply

Your email address will not be published. Required fields are marked *