သန်လျင်သဘာဝတရားရိပ်သာတွင် ကူးစက်လူနာ (၄၀၇) ဦးအထိရှိလာ၊ သေဆုံးသူ (၈) ဦးရှိ

“အခုထိကူးစက်ခံရသူ ၄၀၇ ယောက်ရှိပါပြီ။ ဘုန်းကြီး၊ သီလရှင်၊ အမျိုးသားရော အမျိုးသမီးရော ကူးစက်ခံထားရတာပါ။ Category (အမျိုးအစား) တော့ မခွဲရသေးဘူး။ သေဆုံးသူကတော့ ခုလက်ရှိထိ ၈ ဦးပါ။ ရောဂါပြင်းထန်တဲ့သူကတော့ ၄ ဦးလောက်ရှိပါတယ်” ဟု ပြောပါတယ်။

ကူးစက်ခံရသူများထဲတွင် သေဆုံးသူ ၈ ဦးအထိရှိနေပြီး ရောဂါမှသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၀၀ ဦး အထိရှိပြီဖြစ်ကြောင်း သိရပါတယ်။

သဘာဝတရားရိပ်သာရှိ သံဃာတော်နှစ်ပါးတွင် အောက်တိုဘာလအတွင်းက ကိုဗစ် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ရိပ်သာရှိ သွေးသစ္စာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ အဆိုပါရိပ်သာ၌ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ၄၀၇ ဦးအထိရှိပြီဖြစ်ပြီး သေဆုံးသူ ၈ ဦးထိရှိလာပြီဖြစ်ပါတယ်။

###########################

သန်လျင်သဘာဝတရားရိပ်သာတွင် ကူးစက်လူနာ (၄၀၇) ဦးအထိရှိလာ၊ သေဆုံးသူ (၈) ဦးရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာတွင် ကိုဗစ် အတည်ပြုလူနာ ၄၀၇ ဦးအထိရှိလာပြီဖြစ်ကြောင်း အဆိုပါရိပ်သာမှ စေတနာ့ဆရာဝန်အဖြစ် တာဝန်ယူဆောင်ရွက်နေသူတဦးထံမှ သိရပါတယ်။

“အခုထိကူးစက်ခံရသူ ၄၀၇ ယောက်ရှိပါပြီ။ ဘုန်းကြီး၊ သီလရှင်၊ အမျိုးသားရော အမျိုးသမီးရော ကူးစက်ခံထားရတာပါ။ Category (အမျိုးအစား) တော့ မခွဲရသေးဘူး။ သေဆုံးသူကတော့ ခုလက်ရှိထိ ၈ ဦးပါ။ ရောဂါပြင်းထန်တဲ့သူကတော့ ၄ ဦးလောက်ရှိပါတယ်” ဟု ပြောပါတယ်။

ကူးစက်ခံရသူများထဲတွင် သေဆုံးသူ ၈ ဦးအထိရှိနေပြီး ရောဂါမှသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၂၀၀ ဦး အထိရှိပြီဖြစ်ကြောင်း သိရပါတယ်။

သဘာဝတရားရိပ်သာရှိ သံဃာတော်နှစ်ပါးတွင် အောက်တိုဘာလအတွင်းက ကိုဗစ် ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် အဆိုပါ ရိပ်သာရှိ သွေးသစ္စာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ အဆိုပါရိပ်သာ၌ ကိုဗစ် ရောဂါပိုးတွေ့ရှိသူ ၄၀၇ ဦးအထိရှိပြီဖြစ်ပြီး သေဆုံးသူ ၈ ဦးထိရှိလာပြီဖြစ်ပါတယ်
E

Leave a Reply

Your email address will not be published. Required fields are marked *