








Richard Myo Thant
16-November-2020

COVID-19 ကာကွယ်ဆေးတကယ်ကိုအောင်မြင်ပါပြီ။ COVID-19 ကပ်ကြီးပြီးဆုံးမှာသေချာသွားပါပြီ။

အမေရိကန်ကုမ္ပဏီ Moderna က သူတို့ရဲ့ mRNA ကိုဗစ်ကာကွယ်ဆေးဟာ 94.5 ရာနှုန်း အာနိသင်ထိရောက်မှုရှိတယ်လို့ ကြေညာလိုက်ပါတယ်။

Moderna ဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ပထမဆုံး လူမှာစတင်စမ်းသပ်ပြီး ဦးဆုံးတာထွက်ခဲ့တဲ့ကုမ္ပဏီပါ။

Moderna ရဲ့ စမ်းသပ်မှုမှာ အမေရိကန်မှာကာကွယ်ဆေးစမ်းသပ်ခဲ့တဲ့ လူ ၃၀၀၀၀ ထဲက လူပေါင်း (၉၅) ယောက်ရောဂါကူးစက်ခဲ့ကာ အဲ့ဒီအထဲက Moderna ရဲ့ တကယ့်ကာကွယ်ဆေးထိုးထားသူ (၅) ယောက်ပဲပါခဲ့ပါတယ်။

၉၀ ကို ၉၅ နဲ့စားရင် 94.73 % ရပါတယ်။

ကပ်ကြီးပြီးဖို့နီးလာနေပါပြီ။

ကျနော့်အနေနဲ့ Dr. Fauci ရဲ့ စစ်ကူတွေလာနေပြီလက်နက်မချနဲ့တောင့်ထား ဆိုတဲ့စကားကိုကြားပြီးကတည်းက ဒီအပတ်ထဲမှာ Moderna ရဲ့ကာကွယ်ဆေးသတင်းထွက်မယ်လို့မျှော်လင့်ပြီး ဒီနေ့နေ့လည်က ကာကွယ်ဆေးသတင်း update တင်ခဲ့တာပါခင်ဗျား။

Moderna ရဲ့အားသာချက်က – 20 degree Celsius နဲ့ သိုလှောင်ဖြန့်ဖြူးနိုင်တာမို့ ကျနော်တို့အတွက်ပိုအဆင်ပြေပါတယ်။

Richard Myo Thant
16-November-2020

Leave a Reply

Your email address will not be published. Required fields are marked *