အစားအေသာက္ေတြကိုအၿမဲမႈတ္ၿပီးမွ ေကြၽးခဲ့တဲ့မိခင္ေၾကာင့္ ေရာဂါကူးစက္ခံခဲ့ရတဲ့ သမီးေလး

Zawgyi ျဖင့္ဖတ္ရန္

အစားအေသာက္ေတြကိုအၿမဲမႈတ္ၿပီးမွ ေကြၽးခဲ့တဲ့မိခင္ေၾကာင့္ ေရာဂါကူးစက္ခံခဲ့ရတဲ့ သမီးေလး

8ႏွစ္အ႐ြယ္သာရွိေသးတဲ့ Xiao Mei အမည္ရွိတဲ့ကေလးမေလးဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ဗိုက္ဆာတိုင္းဝမ္းဗိုက္နာက်င္တဲ့ေဝဒနာကိုခံစားေနခဲ့ရတာပါ ။ သူမ၏ဝမ္းဗိုက္နာက်င္ေနရျခင္းဟာ မိခင္ျဖစ္သူက သူမကိုအစာမေကြၽးခင္ အစားအေသာက္အေပၚအၿမဲတမ္းမႈတ္ၿပီးမွေကြၽးခဲ့ေသာေၾကာင့္ အစားအေသာက္ေပၚဘတ္တီးရီးယားပိုးမ်ားတြယ္ကပ္မိသြားခဲ့ၿပီး ထိုမွတစ္ဆင့္ေရာဂါကူးစက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရွိရပါတယ္ ။

ကေလးမေလးဟာ တ႐ုတ္ႏိုင္ငံ ၊ Hangzhou ၿမိဳ႕ရွိ မူလတန္းေက်ာင္းကိုတက္ေရာက္ေနတာ မၾကာေသးေပမဲ့လည္း သူမ၏အရပ္အေမာင္းမွာ 155cm ရွိေနခဲ့ၿပီး ၊ ကိုယ္အေလးခ်ိန္မွာလည္း 65kg ရွိေနခဲ့ေၾကာင္းလည္းသိရွိရပါတယ္ ။ သူမဟာ အစားအေသာက္မ်ားကိုအလြန္ႏွစ္သက္ၿပီး ႀကီးထြားခ်ိန္လည္းျဖစ္ေနသည့္အတြက္ သူမ၏မိဘမ်ားက သူမကိုအစားအစာႏွင့္ပက္သက္ၿပီး ထိန္းခ်ဳပ္ခဲ့ျခင္းမ်ိဳးမရွိေၾကာင္း သိရွိရပါတယ္ ။သို႔ေသာ္လည္း ၿပီးခဲ့တဲ့ႏွစ္ကတည္းက သူမဟာဗိုက္အလြန္နာက်င္တဲ့ေဝဒနာကိုခံစားခဲ့ရၿပီး ညဖက္ေတြမွာလုံးဝမအိပ္ေပ်ာ္ႏိုင္ခဲ့တဲ့အထိျဖစ္ခဲ့ပါတယ္ ။ သူမ၏မိဘမ်ားကေတာ့ သူမဟာဗိုက္ဆာလို႔စိတ္တိုၿပီးေအာ္ငိုေနတယ္လို႔သာထင္ခဲ့ၿပီး သူမကိုလစ္လ်ဴ ရႈထားခဲ့မိၾကပါတယ္ ။

မၾကာေသးခင္ကမွ Xiao Meiႏွင့္ သူမ၏မိသားစုဝင္တို႔မွာ ႐ုရွားႏိုင္ငံသို႔ အပန္းေျဖခရီးထြက္ခဲ့ၾကပါတယ္ ။ ထိုအခ်ိန္မွာ Xiau Mei ဟာဗိုက္နာသည့္ေဝဒနာကို အလြန္ခံစားခဲ့ရၿပီး ၊ သူမ၏ခႏၶာကိုယ္မွာလည္း ေအးစပ္ေနကာေခြၽးမ်ားအျပည့္ထြက္ေနခဲ့ပါတယ္ ။ထို႔ေနာက္ သူမ၏မိဘမ်ားကလည္း အလြန္ထိတ္လန႔္သြားခဲ့ၾကၿပီး တ႐ုတ္ႏိုင္ငံသို႔ခ်က္ခ်င္းျပန္လာခဲ့ကာ သူမကိုေဆး႐ုံတင္ခဲ့ရပါတယ္ ။

Xiao Mei ၏ေဆးစစ္ခ်က္ေတြ ထြက္လာတဲ့အခ်ိန္မွာေတာ့ ဆရာဝန္ျဖစ္သူဟာ သူမ၏မိသားစုဝင္မ်ားကို အစာအိမ္ေရာဂါရွိဖူးၾကလား အထူးသျဖင့္ ဘတ္တီးရီးယားေရာဂါပိုးမ်ား ခႏၶာကိုယ္အတြင္းသို႔ဝင္ေရာက္ၿပီး အစာေျခတဲ့အူလမ္းေၾကာင္းတြင္ေနထိုင္ကာ အစာအိမ္အတြင္းမ်က္ႏွာျပင္တြင္ျပည္တည္တတ္ေသာ Helicobacter pylori ကူးစက္ေရာဂါမ်ိဳးရွိဖူးၾကလား ဆိုၿပီး မိသားစုဝင္မ်ားကိုေမးျမန္းခဲ့ပါတယ္ ။

ဆရာဝန္၏ေမးခြန္းေၾကာင့္ မိခင္ျဖစ္သူမွာအလြန္ထိတ္လန႔္သြားခဲ့ၿပီး ကေလးငယ္ေတြကအဆိုပါကူးစက္ေရာဂါမ်ိဳး မခံစားရႏိုင္ဘူးလို႔သူမေတြးထင္ခဲ့မိလို႔ပါ ။မိခင္ျဖစ္သူမွာလည္း Helicobacter Pylor ကဲ့သို႔ကူးစက္ေရာဂါခံစားခဲ့ရဖူးၿပီး ၊ ေဆးစစ္ခ်က္ရလဒ္ေတြထြက္လာမွာကို စိုးရိမ္ခဲ့တဲ့အတြက္ ကုသမႈေတြကိုေ႐ႊ႕ဆိုင္းထားမိခဲ့ေၾကာင္း ရွင္းျပခဲ့ပါတယ္။ မိခင္ျဖစ္သူမွာ သူမ၏အစာအိမ္ေရာဂါကိုမကုသခဲ့တဲ့အတြက္ Xiao Mei ၏အစားအေသာက္ေတြကို မႈတ္ေပးျခင္း ႏွင့္ သူမအသုံးျပဳေနေသာ တူမ်ားျဖင့္ သမီးျဖစ္သူကိုထမင္းခြံ႕ေကြၽးခဲ့တဲ့အတြက္ ဘတ္တီးရီးယားပိုးမႊားမ်ား Xiao Mei ကိုကူးစက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္ ။

စစ္ေဆးခ်က္မ်ားထြက္လာၿပီးေနာက္ ဆရာဝန္ဟာ Xiao Mei ဟာ Helicobacter Pylori ကူးစက္ေရာဂါခံစားခဲ့ရၿပီး ၊ သူမ၏အူသိမ္ထဲတြင္ျပည္တည္ေနေသာ အနာအေသးေလးတစ္ခုရွိေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္ ။ သမီးျဖစ္သူ၏ ေဆးစစ္မွတ္တမ္းကိုၾကာသိရၿပီးေနာက္ မိခင္ျဖစ္သူဟာေနာင္တရခဲ့ၿပီး သူမ၏အစားအစာေကြၽးေမြးတဲ့ ပုံစံေတြေၾကာင့္ သမီးျဖစ္သူေရာဂါကူးစက္ခံခဲ့ရၿပီး နာက်င္မႈေတြကိုျဖစ္ေစခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္ေၾကာင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode ျဖင့္ဖတ္ရန္

အစားအသောက်တွေကိုအမြဲမှုတ်ပြီးမှ ကျွေးခဲ့တဲ့မိခင်ကြောင့် ရောဂါကူးစက်ခံခဲ့ရတဲ့ သမီးလေး

8နှစ်အရွယ်သာရှိသေးတဲ့ Xiao Mei အမည်ရှိတဲ့ကလေးမလေးဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဗိုက်ဆာတိုင်းဝမ်းဗိုက်နာကျင်တဲ့ဝေဒနာကိုခံစားနေခဲ့ရတာပါ ။ သူမ၏ဝမ်းဗိုက်နာကျင်နေရခြင်းဟာ မိခင်ဖြစ်သူက သူမကိုအစာမကျွေးခင် အစားအသောက်အပေါ်အမြဲတမ်းမှုတ်ပြီးမှကျွေးခဲ့သောကြောင့် အစားအသောက်ပေါ်ဘတ်တီးရီးယားပိုးများတွယ်ကပ်မိသွားခဲ့ပြီး ထိုမှတစ်ဆင့်ရောဂါကူးစက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။

ကလေးမလေးဟာ တရုတ်နိုင်ငံ ၊ Hangzhou မြို့ရှိ မူလတန်းကျောင်းကိုတက်ရောက်နေတာ မကြာသေးပေမဲ့လည်း သူမ၏အရပ်အမောင်းမှာ 155cm ရှိနေခဲ့ပြီး ၊ ကိုယ်အလေးချိန်မှာလည်း 65kg ရှိနေခဲ့ကြောင်းလည်းသိရှိရပါတယ် ။ သူမဟာ အစားအသောက်များကိုအလွန်နှစ်သက်ပြီး ကြီးထွားချိန်လည်းဖြစ်နေသည့်အတွက် သူမ၏မိဘများက သူမကိုအစားအစာနှင့်ပက်သက်ပြီး ထိန်းချုပ်ခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။သို့သော်လည်း ပြီးခဲ့တဲ့နှစ်ကတည်းက သူမဟာဗိုက်အလွန်နာကျင်တဲ့ဝေဒနာကိုခံစားခဲ့ရပြီး ညဖက်တွေမှာလုံးဝမအိပ်ပျော်နိုင်ခဲ့တဲ့အထိဖြစ်ခဲ့ပါတယ် ။ သူမ၏မိဘများကတော့ သူမဟာဗိုက်ဆာလို့စိတ်တိုပြီးအော်ငိုနေတယ်လို့သာထင်ခဲ့ပြီး သူမကိုလစ်လျူ ရှုထားခဲ့မိကြပါတယ် ။

မကြာသေးခင်ကမှ Xiao Meiနှင့် သူမ၏မိသားစုဝင်တို့မှာ ရုရှားနိုင်ငံသို့ အပန်းဖြေခရီးထွက်ခဲ့ကြပါတယ် ။ ထိုအချိန်မှာ Xiau Mei ဟာဗိုက်နာသည့်ဝေဒနာကို အလွန်ခံစားခဲ့ရပြီး ၊ သူမ၏ခန္ဓာကိုယ်မှာလည်း အေးစပ်နေကာချွေးများအပြည့်ထွက်နေခဲ့ပါတယ် ။ထို့နောက် သူမ၏မိဘများကလည်း အလွန်ထိတ်လန့်သွားခဲ့ကြပြီး တရုတ်နိုင်ငံသို့ချက်ချင်းပြန်လာခဲ့ကာ သူမကိုဆေးရုံတင်ခဲ့ရပါတယ် ။

Xiao Mei ၏ဆေးစစ်ချက်တွေ ထွက်လာတဲ့အချိန်မှာတော့ ဆရာဝန်ဖြစ်သူဟာ သူမ၏မိသားစုဝင်များကို အစာအိမ်ရောဂါရှိဖူးကြလား အထူးသဖြင့် ဘတ်တီးရီးယားရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ပြီး အစာခြေတဲ့အူလမ်းကြောင်းတွင်နေထိုင်ကာ အစာအိမ်အတွင်းမျက်နှာပြင်တွင်ပြည်တည်တတ်သော Helicobacter pylori ကူးစက်ရောဂါမျိုးရှိဖူးကြလား ဆိုပြီး မိသားစုဝင်များကိုမေးမြန်းခဲ့ပါတယ် ။

ဆရာဝန်၏မေးခွန်းကြောင့် မိခင်ဖြစ်သူမှာအလွန်ထိတ်လန့်သွားခဲ့ပြီး ကလေးငယ်တွေကအဆိုပါကူးစက်ရောဂါမျိုး မခံစားရနိုင်ဘူးလို့သူမတွေးထင်ခဲ့မိလို့ပါ ။မိခင်ဖြစ်သူမှာလည်း Helicobacter Pylor ကဲ့သို့ကူးစက်ရောဂါခံစားခဲ့ရဖူးပြီး ၊ ဆေးစစ်ချက်ရလဒ်တွေထွက်လာမှာကို စိုးရိမ်ခဲ့တဲ့အတွက် ကုသမှုတွေကိုရွှေ့ဆိုင်းထားမိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ မိခင်ဖြစ်သူမှာ သူမ၏အစာအိမ်ရောဂါကိုမကုသခဲ့တဲ့အတွက် Xiao Mei ၏အစားအသောက်တွေကို မှုတ်ပေးခြင်း နှင့် သူမအသုံးပြုနေသော တူများဖြင့် သမီးဖြစ်သူကိုထမင်းခွံ့ကျွေးခဲ့တဲ့အတွက် ဘတ်တီးရီးယားပိုးမွှားများ Xiao Mei ကိုကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

စစ်ဆေးချက်များထွက်လာပြီးနောက် ဆရာဝန်ဟာ Xiao Mei ဟာ Helicobacter Pylori ကူးစက်ရောဂါခံစားခဲ့ရပြီး ၊ သူမ၏အူသိမ်ထဲတွင်ပြည်တည်နေသော အနာအသေးလေးတစ်ခုရှိကြောင်း အတည်ပြုပေးခဲ့ပါတယ် ။ သမီးဖြစ်သူ၏ ဆေးစစ်မှတ်တမ်းကိုကြာသိရပြီးနောက် မိခင်ဖြစ်သူဟာနောင်တရခဲ့ပြီး သူမ၏အစားအစာကျွေးမွေးတဲ့ ပုံစံတွေကြောင့် သမီးဖြစ်သူရောဂါကူးစက်ခံခဲ့ရပြီး နာကျင်မှုတွေကိုဖြစ်စေခဲ့တဲ့အတွက်ကြောင့် ဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Reply

Your email address will not be published. Required fields are marked *