လႈိင္ Q စင္တာကို အျပစ္တင္ေနတဲ့သူကို ဒဲ့ ေျပာခ်လိုက္တဲ့ ပရဟိတသူရဲေကာင္းတစ္ဦး

Zawgyi ျဖင့္ဖတ္ရန္

လႈိင္ Q စင္တာကို အျပစ္တင္ေနတဲ့သူကို ဒဲ့ ေျပာခ်လိုက္တဲ့ ပရဟိတသူရဲေကာင္းတစ္ဦး

ညီမငယ္ သိေစခ်င္တယ္။ လႈိင္ Q စင္တာဆိုတာ အစ္ကိုတို႔ျမန္မာႏိုင္ငံမွာ ကိုဗစ္စျဖစ္တဲ့အခ်ိန္မွစ၍ ဖြင့္လွစ္ခဲ့တာ ခုဆိုလွ်င္ ၇ လေက်ာ္ ၈ လနီးပါး ၾကာခဲ့ၿပီးျဖစ္တယ္။ လူနာေပါင္းမ်ားစြာကို က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ခဲ့တယ္။ ဒီလို ေစာင့္ေလွ်ာက္ေပးႏိုင္ခဲ့တာကလည္း

က်န္းမာေရးဝန္ထမ္း ဆရာ/ ဆရာမေတြ၊ Volunteer ေတြ၊ အလႉရွင္ေတြ၊ တိုင္းေဒသႀကီးအစိုးရ အားလုံးတက္ညီလက္ညီ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကလို႔ အခက္ခဲေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာ ျဖစ္တယ္။ ဒီလူေတြအားလုံးဟာ ကိုဗစ္စတင္ျဖစ္ပြားတဲ့ အခ်ိန္ကတည္းက ယခုအခ်ိန္ထိ

အိမ္မျပန္ၾကရေသးဘူးဆိုတာ ညီမငယ္ သိေစခ်င္တယ္။ Volunteer ညီေလး၊ ညီမေလးေတြဆိုတာ မနက္မိုးလင္းတာနဲ႔ ညီမငယ္တို႔လို လူနာေတြရဲ႕ စြန႔္ပစ္ပစၥည္းေတြ၊ စားႂကြင္းစားက်န္ေတြကို စနစ္တက်ထုတ္ပိုးၿပီး သိမ္းဆည္းေပးၾကရတယ္၊ ထမင္းပို႔ရတယ္၊ ေရကဒ္ေပါင္းမ်ားစြာကို

သယ္ပို႔ၾကရတယ္၊ အိမ္ကလူေတြလာပို႔တဲ့ ပါဆယ္မွန္သမွ်ကို မညည္းမညဴပဲ အခန္းေရွ႕ေရာက္တဲ့ထိ အထုတ္ႀကီးငယ္မေ႐ြး ပို႔ေပးၾကရတယ္၊ ညီမတို႔ ျပန္သြားၿပီးေနာက္မွာလည္း အခန္းေတြအားလုံးကို သန႔္ရွင္းေရး လုပ္ေပးၾကရတယ္။ အိမ္မွာ မိဘေတြကေတာင္ မခိုင္းရက္ ေျခေမႊး

မီးမေလာင္၊ လက္ေမႊးမီးမေလာင္ ေနၾကရတဲ့ ကေလးေတြပါ။ ေဆးေက်ာင္းသားေတြ၊ ပညာတတ္လူငယ္ေတြ၊ ျပည္နယ္ႏွင့္ တိုင္းအသီးသီးကေန ရန္ကုန္ကို ကူညီကယ္တင္ဖို႔ လာခဲ့ၾကတဲ့ ၾကက္ေျခနီေတြလည္း ပါတယ္။ ညီမငယ္ေျပာသလို Volunteer လုပ္တယ္ဆိုတာလည္း ပရဟိတ

စိတ္ဓာတ္ေလးေတြ တကယ္ရွိမွဆိုတာလည္း ဟုတ္တာေပါ့။ ဒါေပမယ့္ ညီမရယ္ Volunteer တိုင္းကလည္း ပရဟိတစိတ္ဓာတ္မရွိပဲနဲ႔ ဒီလိုေနရာေတြကို ကိုယ့္အသက္အႏၲရာယ္ႏွင့္ ရင္းၿပီးဘယ္သူမွ ေရာက္လာၾကမွာ မဟုတ္ပါဘူး။ PPE ကို နာရီေပါင္းမ်ားစြာ ဝတ္ထားရတဲ့

Volunteer ေတြကိုလည္း ကိုယ္ခ်င္းစာနားလည္ ေပးေစခ်င္တယ္။ PPE ဝတ္ထားတဲ့ Volunteer တိုင္းကလည္း အိမ္သာ၊ ေရ၊ မီး ျပင္တတ္ၾကမွာမဟုတ္ဘူး ညီမငယ္။ ညီမေျပာတဲ့ အခက္ခဲေတြကို ျပဳျပင္ႏိူင္ဖို႔ ေန႔စဥ္ႏွင့္အမွ် အားလုံးႀကိဳးစားေနၾကပါတယ္။ ဒီလိုႀကိဳးစားခဲ့ၾကလို႔လဲ

ဒီေန႔အခ်ိန္ထိ ညီမတို႔လို လူနာေတြကို ေစာင့္ေရွာက္ေပးႏိူင္ေနတာပါ။ အစ္ကိုတို႔မွာလည္း တစ္ေန႔ တစ္ေန႔ ေျဖရွင္းေပးေနရတဲ့ အမ်ားရဲ႕ အခက္အခဲေတြ ဆိုတာကလည္း မ႐ိုးရပါဘူး။ ဒါကို ညီမငယ္သိေစခ်င္တယ္။ ညီမေျပာတဲ့ ေပါက္လႊတ္ပဲစား ထားတယ္ဆိုတာကို အစ္ကိုေတြး

ၾကည့္တယ္၊ Master Bed Room၊ Kitchen Room၊ ေရေႏြး အိုး၊ ဟင္းခ်က္တဲ့အိုး၊ ကုတင္ေမႊ႕ယာ၊ ေစာင္၊ ျခင္ေထာင္၊ ေခါင္းအုံး၊ ဘိုထိုင္အိမ္သာကအစ စီစဥ္ေပးထားတာကို ေပါက္လႊတ္ပဲစားထားတယ္လို႔ ေျပာတာဆိုရင္ေတာ့ အစ္ကိုစိတ္မေကာင္းျဖစ္မိတယ္။ က်န္းမာေရး

ေစာင့္ေရွာက္မႈ႕အေနနဲ႔ ေဆးမရဘူးဆိုတာကလည္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ Guide Line အတိုင္း ဆရာ/ဆရာမေတြဟာ ေဆာင္႐ြက္ေနၾကတာျဖစ္တယ္။ အေရးေပၚကုသဖို႔ လိုအပ္ေနတဲ့လူနာကို ေဆးမေပးတဲ့ ဆရာဝန္ေတာ့ မရွိေလာက္ပါဘူး ညီမရယ္။ ရန္ကုန္မွာ ရွိေနတဲ့

စင္တာတိုင္းမွာလည္း သူ႔အခက္ခဲနဲ႔သူ ရွိၾကပါတယ္။ အခက္အခဲေတြ ေျပလည္ဖို႔ဆိုတာလည္း ညီမတို႔လို လူနာေတြ အေနနဲ႔ အျပဳသေဘာေဆာင္ၿပီး ပူးေပါင္းေဆာင္႐ြက္ဖို႔လိုပါတယ္။ ညီမအေနနဲ႔ တစ္သီးပုဂၢလခံစားခ်က္ေတြ ကိုလဲ တတ္ႏိူင္သေလာက္ ေလွ်ာ့ေစခ်င္ပါတယ္။

ဒါဆိုရင္ အားလုံးအဆင္ေျပ ေခ်ာေမြ႕ သြားမွာပါ။ Hlaing center ဆိုတာ ဆင္းရဲခ်မ္းသာမေ႐ြး လူမ်ိဳးဘာသာမေ႐ြးလက္ခံကုသေပးေနတဲ့ေနရာျဖစ္တဲ့အတြက္ ညီမနားလည္ႏိုင္ပါေစလို႔ ေမွ်ာ္လင့္လွ်က္၊ ခရက္ဒစ္ – ဇြဲထက္ကိုကို။

Unicode ျဖင့္ဖတ္ရန္

လှိုင် Q စင်တာကို အပြစ်တင်နေတဲ့သူကို ဒဲ့ ပြောချလိုက်တဲ့ ပရဟိတသူရဲကောင်းတစ်ဦး

ညီမငယ် သိစေချင်တယ်။ လှိုင် Q စင်တာဆိုတာ အစ်ကိုတို့မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်တဲ့အချိန်မှစ၍ ဖွင့်လှစ်ခဲ့တာ ခုဆိုလျှင် ၇ လကျော် ၈ လနီးပါး ကြာခဲ့ပြီးဖြစ်တယ်။ လူနာပေါင်းများစွာကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တယ်။ ဒီလို စောင့်လျှောက်ပေးနိုင်ခဲ့တာကလည်း

ကျန်းမာရေးဝန်ထမ်း ဆရာ/ ဆရာမတွေ၊ Volunteer တွေ၊ အလှူရှင်တွေ၊ တိုင်းဒေသကြီးအစိုးရ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အခက်ခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်တယ်။ ဒီလူတွေအားလုံးဟာ ကိုဗစ်စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက ယခုအချိန်ထိ

အိမ်မပြန်ကြရသေးဘူးဆိုတာ ညီမငယ် သိစေချင်တယ်။ Volunteer ညီလေး၊ ညီမလေးတွေဆိုတာ မနက်မိုးလင်းတာနဲ့ ညီမငယ်တို့လို လူနာတွေရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ စားကြွင်းစားကျန်တွေကို စနစ်တကျထုတ်ပိုးပြီး သိမ်းဆည်းပေးကြရတယ်၊ ထမင်းပို့ရတယ်၊ ရေကဒ်ပေါင်းများစွာကို

သယ်ပို့ကြရတယ်၊ အိမ်ကလူတွေလာပို့တဲ့ ပါဆယ်မှန်သမျှကို မညည်းမညူပဲ အခန်းရှေ့ရောက်တဲ့ထိ အထုတ်ကြီးငယ်မရွေး ပို့ပေးကြရတယ်၊ ညီမတို့ ပြန်သွားပြီးနောက်မှာလည်း အခန်းတွေအားလုံးကို သန့်ရှင်းရေး လုပ်ပေးကြရတယ်။ အိမ်မှာ မိဘတွေကတောင် မခိုင်းရက် ခြေမွှေး

မီးမလောင်၊ လက်မွှေးမီးမလောင် နေကြရတဲ့ ကလေးတွေပါ။ ဆေးကျောင်းသားတွေ၊ ပညာတတ်လူငယ်တွေ၊ ပြည်နယ်နှင့် တိုင်းအသီးသီးကနေ ရန်ကုန်ကို ကူညီကယ်တင်ဖို့ လာခဲ့ကြတဲ့ ကြက်ခြေနီတွေလည်း ပါတယ်။ ညီမငယ်ပြောသလို Volunteer လုပ်တယ်ဆိုတာလည်း ပရဟိတ

စိတ်ဓာတ်လေးတွေ တကယ်ရှိမှဆိုတာလည်း ဟုတ်တာပေါ့။ ဒါပေမယ့် ညီမရယ် Volunteer တိုင်းကလည်း ပရဟိတစိတ်ဓာတ်မရှိပဲနဲ့ ဒီလိုနေရာတွေကို ကိုယ့်အသက်အန္တရာယ်နှင့် ရင်းပြီးဘယ်သူမှ ရောက်လာကြမှာ မဟုတ်ပါဘူး။ PPE ကို နာရီပေါင်းများစွာ ဝတ်ထားရတဲ့

Volunteer တွေကိုလည်း ကိုယ်ချင်းစာနားလည် ပေးစေချင်တယ်။ PPE ဝတ်ထားတဲ့ Volunteer တိုင်းကလည်း အိမ်သာ၊ ရေ၊ မီး ပြင်တတ်ကြမှာမဟုတ်ဘူး ညီမငယ်။ ညီမပြောတဲ့ အခက်ခဲတွေကို ပြုပြင်နိူင်ဖို့ နေ့စဉ်နှင့်အမျှ အားလုံးကြိုးစားနေကြပါတယ်။ ဒီလိုကြိုးစားခဲ့ကြလို့လဲ

ဒီနေ့အချိန်ထိ ညီမတို့လို လူနာတွေကို စောင့်ရှောက်ပေးနိူင်နေတာပါ။ အစ်ကိုတို့မှာလည်း တစ်နေ့ တစ်နေ့ ဖြေရှင်းပေးနေရတဲ့ အများရဲ့ အခက်အခဲတွေ ဆိုတာကလည်း မရိုးရပါဘူး။ ဒါကို ညီမငယ်သိစေချင်တယ်။ ညီမပြောတဲ့ ပေါက်လွှတ်ပဲစား ထားတယ်ဆိုတာကို အစ်ကိုတွေး

ကြည့်တယ်၊ Master Bed Room၊ Kitchen Room၊ ရေနွေး အိုး၊ ဟင်းချက်တဲ့အိုး၊ ကုတင်မွှေ့ယာ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဘိုထိုင်အိမ်သာကအစ စီစဉ်ပေးထားတာကို ပေါက်လွှတ်ပဲစားထားတယ်လို့ ပြောတာဆိုရင်တော့ အစ်ကိုစိတ်မကောင်းဖြစ်မိတယ်။ ကျန်းမာရေး

စောင့်ရှောက်မှု့အနေနဲ့ ဆေးမရဘူးဆိုတာကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guide Line အတိုင်း ဆရာ/ဆရာမတွေဟာ ဆောင်ရွက်နေကြတာဖြစ်တယ်။ အရေးပေါ်ကုသဖို့ လိုအပ်နေတဲ့လူနာကို ဆေးမပေးတဲ့ ဆရာဝန်တော့ မရှိလောက်ပါဘူး ညီမရယ်။ ရန်ကုန်မှာ ရှိနေတဲ့

စင်တာတိုင်းမှာလည်း သူ့အခက်ခဲနဲ့သူ ရှိကြပါတယ်။ အခက်အခဲတွေ ပြေလည်ဖို့ဆိုတာလည်း ညီမတို့လို လူနာတွေ အနေနဲ့ အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ညီမအနေနဲ့ တစ်သီးပုဂ္ဂလခံစားချက်တွေ ကိုလဲ တတ်နိူင်သလောက် လျှော့စေချင်ပါတယ်။

ဒါဆိုရင် အားလုံးအဆင်ပြေ ချောမွေ့ သွားမှာပါ။ Hlaing center ဆိုတာ ဆင်းရဲချမ်းသာမရွေး လူမျိုးဘာသာမရွေးလက်ခံကုသပေးနေတဲ့နေရာဖြစ်တဲ့အတွက် ညီမနားလည်နိုင်ပါစေလို့ မျှော်လင့်လျှက်၊ ခရက်ဒစ် – ဇွဲထက်ကိုကို။

Leave a Reply

Your email address will not be published. Required fields are marked *