အစိုးရေထာက္ပံ့ေငြ (၄ဝဝဝဝ) က်ပ္အား လာေလၽွာက္သည့္အမ်ိဳးသားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးက တရားစြဲဆို

[Zawgyi]

အစိုးရေထာက္ပံ့ေငြ (၄ဝဝဝဝ) က်ပ္အား လာေလၽွာက္သည့္အမ်ိဳးသားကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးက တရားစြဲဆို

ရန္ကုန္တိုင္းေဒသႀကီး၊ လွိုင္သာယာၿမိဳ့နယ္ ၆ ရပ္ကြက္အတြင္း ေနထိုင္သူ အမ်ိဳးသားတဦးသည္ အစိုးရမွ ကိုဗစ္ ကာလေထာက္ပံ့ေငြက်ပ္ ၄ဝဝဝဝ အား အိမ္ေထာင္စုကိုယ္စားေလၽွာက္ထားသူဆို၍ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး႐ုံးတြင္ စာရြက္စာတမ္းအတုမ်ားျဖင့္ အိမ္ေထာင္စု ၂၆၂ စုစာ လာေရာက္ေလၽွာက္ ထားခဲ့ေၾကာင္း သိရသည္။

ယင္းသို့ စာရြက္စာတမ္းအတုမ်ားျဖင့္ လာေကာက္ေလၽွာက္ထားမွုကို လွိုင္သာယာၿမိဳ့နယ္ ၆ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူးကေတြ႕ရွိၿပီး မသကၤာ၍ စစ္ေဆးရာမွ ျဖစ္ရပ္မွန္ေပၚေပါက္ခဲ့ျခင္းသျဖင့္ ၿမိဳ့နယ္ ရဲစခန္းမွ ခ်က္ခ်င္းဖမ္းဆီး အမွုဖြင့္အေရးယူနိုင္ခဲ့ေၾကာင္း လွိုင္သာယာၿမိဳ့နယ္ (အေရွ႕ပိုင္း) ဒုၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ဦးခ်စ္ကိုကိုလင္းက ေျပာသည္။

”စာရြက္စာတမ္းအတုေတြေပါ့ဗ်ာ။ အုပ္ခ်ဳပ္ေရးမွူးလက္မွတ္အတု၊ ရာအိမ္မွူးလက္မွတ္အတု၊ အဲစာရြက္ေပၚမွာလည္း သူက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနဆိုၿပီးေတာ့ စာတန္းေခါင္းစီးႀကီးပါၿပီးေတာ့ အဲစာရြက္ေတြကို တရြက္ ၁ဝဝ က်ပ္နဲ႔ ရပ္ကြက္ထဲလိုက္ေရာင္းတာ။ ေရာင္းၿပီး နာမည္စာရင္းေတြျဖည့္ျဖည့္ၿပီး သူ႔ျပန္လာေပး။ သူသြားတင္ေပးမယ္ဆိုၿပီး လုပ္တာေပါ့။ လုပ္ေတာ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးကေတြ႕ေတာ့ စစ္ေဆးၿပီး ဖမ္းလိုက္ေတာ့မိတာေပါ့။ နယ္ထိန္းတခါတည္းေခၚ ၿပီး အမွုဖြင့္ဖမ္းဆီးထားပါတယ္”ဟု ၎က ေျပာသည္။

လွိုင္သာယာၿမိဳ့နယ္မွ ေထာက္ပံ့ေၾကးေငြက်ပ္ ၄ဝဝဝဝ မရရွိသည့္ အိမ္ေထာင္စုမ်ားကို နိုဝင္ဘာ ၁၆ ရက္က ျပန္လည္ေလၽွာက္ထားခြင့္ေပးရာတြင္ ယင္းျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ထိုေၾကာင့္ စာရြက္စာတမ္းအတုလုပ္၍ အစိုးရေထာက္ပံ့ေငြ က်ပ္ ၄ဝဝဝ ေလၽွာက္ထားသူအား လိမ္လည္မွု၊ စာရြက္စာတမ္းအတုျပဳလုပ္မွုတို့ျဖစ္ လွိုင္သာယာ ၿမိဳ့နယ္ရဲစခန္းတြင္ ၆ ရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွူးမွ အမွုဖြင့္အေရးယူထားေၾကာင္း သိရသည္။

လက္ရွိတြင္ အစိုးရေထာက္ပံ့ေငြ က်ပ္ ၄ဝဝဝ မရရွိဘဲ က်န္ရွိေနသည့္ အိမ္ေထာင္စုစာရင္းမ်ားကို သက္ဆိုင္ရာ ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး႐ုံးမ်ားတြင္ လက္ခံစိစစ္၍ ၿမိဳ့နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွူး႐ုံးသို့ နိုဝင္ဘာ ၂ဝ ရက္တြင္ တင္ျပရမည္ျဖစ္ကာ ထိုမွတဆင့္စာရင္းမ်ားကို ရန္ကုန္တိုင္းအစိုးရအဖြဲ႕သို့ တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
နိုင္ငံေတာ္က ကိုဗစ္ကာလအတြင္း ပုံမွန္ဝင္ေငြမရွိသည့္ အေျခခံလူတန္းစား အိမ္ေထာင္စုမ်ားအတြက္ စတုတၳအႀကိမ္အျဖစ္ နိုဝင္ဘာ ၁ဝ ရက္ကစတင္ၿပီး Stay at Home ျပင္ပအိမ္ေထာင္စု တစုလၽွင္ က်ပ္ ၂ဝဝဝဝ၊ Stay at Home အက်ဳံးဝင္ အိမ္ေထာင္စုတစုကို က်ပ္ ၄ဝဝဝဝ ႏွုန္းေထာက္ပံ့ခဲ့သည္။

ထိုသို့ေထာက္ပံ့ရာတြင္ ရန္ကုန္တိုင္းေဒသႀကီး ၿမိဳ့နယ္အခ်ိဳ့တြင္ ေထာက္ပံ့ေၾကးမရရွိဘဲ က်န္ရွိအိမ္ေထာင္စု အမ်ားအျပားမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး၊ ရာအိမ္မွူး၊ ဆယ္အိမ္မွူးတို့ျဖင့္ အျငင္းပြားမွု၊ ဆူပူမွုတို့ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေက်ာ္သူ

[Unicode]

အစိုးရထောက်ပံ့ငွေ (၄ဝဝဝဝ) ကျပ်အား လာလျှောက်သည့်အမျိုးသားကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားစွဲဆို

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသားတဦးသည် အစိုးရမှ ကိုဗစ် ကာလထောက်ပံ့ငွေကျပ် ၄ဝဝဝဝ အား အိမ်ထောင်စုကိုယ်စားလျှောက်ထားသူဆို၍ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စာရွက်စာတမ်းအတုများဖြင့် အိမ်ထောင်စု ၂၆၂ စုစာ လာရောက်လျှောက် ထားခဲ့ကြောင်း သိရသည်။

ယင်းသို့ စာရွက်စာတမ်းအတုများဖြင့် လာကောက်လျှောက်ထားမှုကို လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတွေ့ရှိပြီး မသင်္ကာ၍ စစ်ဆေးရာမှ ဖြစ်ရပ်မှန်ပေါ်ပေါက်ခဲ့ခြင်းသဖြင့် မြို့နယ် ရဲစခန်းမှ ချက်ချင်းဖမ်းဆီး အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ပြောသည်။

”စာရွက်စာတမ်းအတုတွေပေါ့ဗျာ။ အုပ်ချုပ်ရေးမှူးလက်မှတ်အတု၊ ရာအိမ်မှူးလက်မှတ်အတု၊ အဲစာရွက်ပေါ်မှာလည်း သူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုပြီးတော့ စာတန်းခေါင်းစီးကြီးပါပြီးတော့ အဲစာရွက်တွေကို တရွက် ၁ဝဝ ကျပ်နဲ့ ရပ်ကွက်ထဲလိုက်ရောင်းတာ။ ရောင်းပြီး နာမည်စာရင်းတွေဖြည့်ဖြည့်ပြီး သူ့ပြန်လာပေး။ သူသွားတင်ပေးမယ်ဆိုပြီး လုပ်တာပေါ့။ လုပ်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကတွေ့တော့ စစ်ဆေးပြီး ဖမ်းလိုက်တော့မိတာပေါ့။ နယ်ထိန်းတခါတည်းခေါ် ပြီး အမှုဖွင့်ဖမ်းဆီးထားပါတယ်”ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်မှ ထောက်ပံ့ကြေးငွေကျပ် ၄ဝဝဝဝ မရရှိသည့် အိမ်ထောင်စုများကို နိုဝင်ဘာ ၁၆ ရက်က ပြန်လည်လျှောက်ထားခွင့်ပေးရာတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် စာရွက်စာတမ်းအတုလုပ်၍ အစိုးရထောက်ပံ့ငွေ ကျပ် ၄ဝဝဝ လျှောက်ထားသူအား လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှုတို့ဖြစ် လှိုင်သာယာ မြို့နယ်ရဲစခန်းတွင် ၆ ရပ်ကွက် အုပ်ချုပ် ရေးမှူးမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လက်ရှိတွင် အစိုးရထောက်ပံ့ငွေ ကျပ် ၄ဝဝဝ မရရှိဘဲ ကျန်ရှိနေသည့် အိမ်ထောင်စုစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် လက်ခံစိစစ်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ နိုဝင်ဘာ ၂ဝ ရက်တွင် တင်ပြရမည်ဖြစ်ကာ ထိုမှတဆင့်စာရင်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်က ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာ ၁ဝ ရက်ကစတင်ပြီး Stay at Home ပြင်ပအိမ်ထောင်စု တစုလျှင် ကျပ် ၂ဝဝဝဝ၊ Stay at Home အကျုံးဝင် အိမ်ထောင်စုတစုကို ကျပ် ၄ဝဝဝဝ နှုန်းထောက်ပံ့ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ထောက်ပံ့ကြေးမရရှိဘဲ ကျန်ရှိအိမ်ထောင်စု အများအပြားမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ဖြင့် အငြင်းပွားမှု၊ ဆူပူမှုတို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်သူ

Leave a Reply

Your email address will not be published. Required fields are marked *