ဝမ်းလျှောဝမ်းပျက်၍ ဆေးရုံဆေးခန်းသွားရန်အခက်အခဲရှိသူများအတွက်ဆေးနည်း

ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ၀မ်းမရပ်မနားသွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။ အထူးသဖြင့် တောရပ်နေပြည် သူတို့ကြုံတတ်ကြလေသည်။ထိုသို့ဖြစ်ပါလျှင်

ဆူပွတ်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။ ပြီးလျှင် ဆားကော်ဖီဇွန်း(၁)ဇွန်းစာ ၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာနှင့်

သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။

၀မ်းလည်းရပ်သွားပါလိမ့်မယ်။အားလည်းမယုတ်လျော့ပါဘူး။ သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။

အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူတိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လည်းဖြစ်ပါတယ်။၀မ်းလျောခြင်းဖြစ်ရပ်များနှင့်ကြံုတိုင်း

နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရရှိသောဤဆေးလေးဖြင့် ကိိုယ်တိုင်ရော၊ ပတ်သက်ဆက်နွယ် သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ၀မ်းလျောခြင်းအတွက်

အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ဆေးရုံဆေးခန်သွားပြဖို့ အခက်အခဲရှိသူတွေအတွက်ဖြစ်ပါတယ်..။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

[unicode]








Leave a Reply

Your email address will not be published. Required fields are marked *