တန်ဆောင်မုန်းလပြည့် ညနဲ့လွဲမှားနေတဲ့အယူအဆ တန်ဖိုးမဖြတ်နိုင်တဲ့နေ့တစ်နေ့ပါ

သူခိုးကြီးည လုံးဝမဟုတ်ပါ”

(တန်ဆောင်မုန်းလပြည့် ညသည် သူခိုးကြီးည လုံးဝမဟုတ်ပါ။)

တန်ဆောင်မုန်း လပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။မြတ်စွာဘုရားသည် အဇာတသတ် ရှင်ဘုရင်းအား သာမညဖလ သုတ်တော်ကို ဟောတော်မှု၍ဘုရင်နှင့်တကွ နောက်ပါပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာ ဖြစ်တဲ့ ညကြီးပါ။

ဒီလို ကြီးကျယ်ခန်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုတ်ပျက်အောင် သူခိုးညဆိုပြီးနာမည်တပ်လိုက်တော့ အမှန်တရားက ပျောက်ကွယ်သလို ဖြစ်သွားပါတယ်။

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း

( ကျီးမနိုးပွဲ )

လွန်လေပြီးသော ရှေ့အခါက ယောကျာ်းသားများ ရှင်လိင်ပြန်ကြရာဝယ် ဆေးမှင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှား ရှိခဲ့၏။

ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား မှူးမတ်သူကြွယ် ကုန်သည်လယ်လုပ် စသော လူယေ ာကျာ်းတို့သည် ဆေးမှင်ထိုးကြလေသည်။

အခုခေတ်ကဲ့သို့ ကြုံသလိုထိုးကြခြင်းမဟုတ်ချေ။ အခါကောင်းကို စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့်အခန်းတွင် ပွဲပေး၍ ထိုးရပါသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောကျာ်းတို့သည် တန် ဆောင်မုန်လပြည့်ည နက္ခတ်စုံချိန်တွင် ကြောင် တက်ကြောင် ဆင်းဆေးအစောင့်တို့သည်တန် ခိုးပြသည့်ဟု အယူရှိသောကြောင့်

အရှင်မသိသော ပစ္စည်းကို ခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။ ထိုးကွင်းဆိုသည်မှာ ခိုးရာပါ ပစ္စည်းအား ဘယ်သူဘယ်ဝါအိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ထိုသို့ ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသော သူသည် လူစွမ်းကောင်းဖြစ်၏။

ရှေး အခါက နွားများနှင့် လူအိပ်နေသော ကုတင်ကိုလူမနိုးအောင်ထမ်း၍ ခိုးကွင်း၌လာထားကြသည်။မနက်မိုးလင်းသော အခါပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့၏ ပစ္စည်းများကို လာရွေးယူရပြီး ကထိန်ပွဲကို ဆင်နွဲကြသည်။ပစ္စည်းခိုးလို့ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံး တုံးကာပြာလူး၍ ထားကြသည်။

ကထိန်ပွဲတွင် ထိုခိုးသားကို ရွာလူကြီးက တရား သူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။ဒီဘက်ခေတ်ရောက်လာတော့ တန်ဖိုးရှိပစ္စည်းတွေကို တ ကယ်ခိုးလာကြတယ်။ လမ်းတွေပေါ်မှာ ကျတ်သရေမင်္ဂလာမရှိအောင်

ရုပ်ပျက်ဆင်းပျက် ဆိုင်းဘုတ်တွေဖြုတ်ချ အရက်ဘီယာ အ စားအသောက်တွေ ပလူးပျံအောင် ပြန့်ကျဲနေတယ်။ အပျော်ကနေ အပျက်ဘက်ကိုဦးတည်လာကြတယ်။အမှန်တရားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ သိစေချင်၍ ရည်ရွယ်ရင်း…။

မူရင်း ကောက်နှုတ်ချက်အား လေးစားစွာဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်…။ c r d

Leave a Reply

Your email address will not be published. Required fields are marked *