ျမစ္အတြင္း ေရနစ္သည့္တ႐ုတ္ေက်ာင္းသူကို ၿဗိတိန္သံအမတ္ ကယ္တင္ (႐ုပ္သံ)

Zawgyi ျဖင့္ဖတ္ရန္

ေအာက္ဆံုးတြင္ vedio fileပါဝင္သည္။

ျမစ္အတြင္း ေရနစ္သည့္တ႐ုတ္ေက်ာင္းသူကို ၿဗိတိန္သံအမတ္ ကယ္တင္ (႐ုပ္သံ)

ေရနစ္ေနတဲ့ တ႐ုတ္တကၠသိုလ္ေက်ာင္းသားတဦးကို ၿဗိတိန္သံတမန္တဦးက ျမစ္ထဲခုန္ခ်ကာ ကယ္တင္ႏိုင္ခဲ့တယ္လို႔ ေပက်င္းမွာရွိတဲ့ ၿဗိတိန္သံ႐ုံးနဲ႔ တ႐ုတ္ႏိုင္ငံပိုင္မီဒီယာတို႔မွာ ေဖာ္ျပပါတယ္။

ႏိုဝင္ ဘာ ၁၄ ရက္က တကၠသိုလ္ေက်ာင္းသူ တဦးဟာ ျမစ္ထဲကို မေတာ္တဆျပဳတ္က်သြားခဲ့ၿပီး  ေရမနစ္ေအာင္႐ုန္းကန္ေနရတာကို ျမင္ေတြ႕ခဲ့ရတဲ့ အသက္ ၆၁ ႏွစ္အ႐ြယ္ ၿဗိတိန္သံမႉး စတီဖင္ အီလစ္ဆင္က  ကယ္တင္ခဲ့တာလို႔ ႏိုင္ငံပိုင္ Xinhua သတင္းမွာ ေဖာ္ျပပါတယ္။

လူမႈကြန္ရက္ေပၚထြက္ေပၚလာတဲ့ ဗြီဒီယိုဖိုင္တခုမွာလည္း အမ်ိဳးသမီးတဦး ေရထဲမွာ ႐ုန္းကန္ေနရတာကို ေဘးနားက လူေတြက ဝိုင္းဝန္းေအာ္ဟစ္ အကူအညီေတာင္းေနတာ ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီအခ်ိန္မွာ သံအမတ္က ဖိနပ္ခြၽတ္ကာ ေရထဲကို ခုန္ခ်ၿပီး သြားေရာက္ကယ္ဆယ္ခဲ့ပါတယ္။ 

ဒီဗြီဒီယိုဖိုင္ကို ျဖစ္ရပ္အနီးမွာ ရွိေနသူတဦးက ႐ိုက္ကူးခဲ့တာလည္း ျဖစ္ပါတယ္။အဲ့ဒီေနာက္မွာေတာ့ အသက္ကယ္အက်ႌေတြ ေရာက္ရွိလာၿပီး အီလစ္ဆန္ေရာ အမ်ိဳးသမီးကိုပါ ေဘးကင္းစြာ ဆယ္ယူႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ျဖတ္သြားျဖတ္လာတဦး ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္မွာလည္း သံတမန္ဟာ အမ်ိဳးသမီးရွိရာ ျမစ္လယ္ကို ေရကူးသြားခဲ့ၿပီး သူမကို ဆြဲေခၚကာ ကမ္းေျခဘက္ကို ျပန္ပါလာတာကိုလည္း ျမင္ေတြ႕ရပါတယ္။ “အမ်ိဳးသမီးေလးဟာ မၾကာခင္မွာ တင္သတိျပန္ရကာ အသက္ျပန္ရႈႏိုင္ခဲ့ပါတယ္။ ကယ္ဆယ္ေပးခဲ့မႈအတြက္  ေက်းဇူးတင္ပါတယ္” လို႔ ေဒသခံတာဝန္ရွိသူမ်ားကို ကိုးကားၿပီး  Xinhua သတင္းမွာ ေဖာ္ျပပါတယ္။ 

သံအမတ္အီလစ္ဆန္ရဲ႕လုပ္ရပ္ဟာ တ႐ုတ္ႏိုင္ငံသားေတြၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားသြားခဲ့ၿပီး ဒီလိုမြန္ျမတ္တဲ့လုပ္ရပ္အတြက္ အားလုံးက ဂုဏ္ယူေနၾကတယ္လို႔ ၿဗိတိန္သံ႐ုံးက ထုတ္ျပန္ပါတယ္။ တ႐ုတ္-ၿဗိတိန္ဆက္ဆံေရးဟာ ေဟာင္ေကာင္ကိစၥနဲ႔ပတ္သက္လို႔ မၾကာေသးခင္လမွာ တင္းမာမႈေတြ ေပၚေပါက္ခဲ့ပါတယ္။

Unicode ျဖင့္ဖတ္ရန္

မြစ်အတွင်း ရေနစ်သည့်တရုတ်ကျောင်းသူကို ဗြိတိန်သံအမတ် ကယ်တင် (ရုပ်သံ)

ရေနစ်နေတဲ့ တရုတ်တက္ကသိုလ်ကျောင်းသားတဦးကို ဗြိတိန်သံတမန်တဦးက မြစ်ထဲခုန်ချကာ ကယ်တင်နိုင်ခဲ့တယ်လို့ ပေကျင်းမှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ တရုတ်နိုင်ငံပိုင်မီဒီယာတို့မှာ ဖော်ပြပါတယ်။

နိုဝင် ဘာ ၁၄ ရက်က တက္ကသိုလ်ကျောင်းသူ တဦးဟာ မြစ်ထဲကို မတော်တဆပြုတ်ကျသွားခဲ့ပြီး ရေမနစ်အောင်ရုန်းကန်နေရတာကို မြင်တွေ့ခဲ့ရတဲ့ အသက် ၆၁ နှစ်အရွယ် ဗြိတိန်သံမှူး စတီဖင် အီလစ်ဆင်က ကယ်တင်ခဲ့တာလို့ နိုင်ငံပိုင် Xinhua သတင်းမှာ ဖော်ပြပါတယ်။

လူမှုကွန်ရက်ပေါ်ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း အမျိုးသမီးတဦး ရေထဲမှာ ရုန်းကန်နေရတာကို ဘေးနားက လူတွေက ဝိုင်းဝန်းအော်ဟစ် အကူအညီတောင်းနေတာ မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်မှာ သံအမတ်က ဖိနပ်ချွတ်ကာ ရေထဲကို ခုန်ချပြီး သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ 

ဒီဗွီဒီယိုဖိုင်ကို ဖြစ်ရပ်အနီးမှာ ရှိနေသူတဦးက ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ အသက်ကယ်အင်္ကျီတွေ ရောက်ရှိလာပြီး အီလစ်ဆန်ရော အမျိုးသမီးကိုပါ ဘေးကင်းစွာ ဆယ်ယူနိုင်ခဲ့ပါတယ်။

နောက်ထပ်ဖြတ်သွားဖြတ်လာတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာလည်း သံတမန်ဟာ အမျိုးသမီးရှိရာ မြစ်လယ်ကို ရေကူးသွားခဲ့ပြီး သူမကို ဆွဲခေါ်ကာ ကမ်းခြေဘက်ကို ပြန်ပါလာတာကိုလည်း မြင်တွေ့ရပါတယ်။ “အမျိုးသမီးလေးဟာ မကြာခင်မှာ တင်သတိပြန်ရကာ အသက်ပြန်ရှုနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ပေးခဲ့မှုအတွက်  ကျေးဇူးတင်ပါတယ်” လို့ ဒေသခံတာဝန်ရှိသူများကို ကိုးကားပြီး  Xinhua သတင်းမှာ ဖော်ပြပါတယ်။ 

သံအမတ်အီလစ်ဆန်ရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံသားတွေကြားမှာ တော်တော်လေး ရေပန်းစားသွားခဲ့ပြီး ဒီလိုမွန်မြတ်တဲ့လုပ်ရပ်အတွက် အားလုံးက ဂုဏ်ယူနေကြတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ တရုတ်-ဗြိတိန်ဆက်ဆံရေးဟာ ဟောင်ကောင်ကိစ္စနဲ့ပတ်သက်လို့ မကြာသေးခင်လမှာ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *