
Zawgyi ဖြင့်ဖတ်ရန်



“ကိုထိုက်ဇော်

သွားတေါ့နော်

မင်းကြောက်နေတယ်ဆိုလို့အစ်မတို့ရွာလေးမှာခေတ္တခိုလှုံဖို့အစ်မကစီစဉ်ထါးပေသိငွေစါရင်းတင်ဖို့ရာပြင်ဆင်လို့မပြီးသေးတေါ့မင်းမလါနိုင်ခဲ့ရရှာဘူးလေ–







ဇော်ကြီးရယ်..




မောင်းတိုင်( ၁)





ဪ ဒါနဲ့





#မင်းရသ

Unicode ဖြင့်ဖတ်ရန်

“အစ်မတို့ ရွာလေးမှာ ခိုလုံဖို့ ပြင်ဆင်ပေးခဲ့တယ်…ဒါပေမယ့် မလာနိုင်ခဲ့ရှာဘူး” ဆိုပြီး ဦးထိုက်ဇော်အကြောင်း ရင်ဖွင့်ခဲ့တဲ့ မိတ်ဆွေတစ်ဦး”

ကျောက်မဲမြို့နယ်မှာ ပစ်ခတ်ခံရတဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိုက်ဇော်အကြောင်းကို သူ့ရဲ့ အသိမိတ်ဆွေ တစ်ဦးက ခုလိုရင်ဖွင့်ထားပါတယ်

“ကိုထိုက်ဇော်

သွားတေါ့နော်

မင်းကြောက်နေတယ်ဆိုလို့အစ်မတို့ရွာလေးမှာခေတ္တခိုလှုံဖို့အစ်မကစီစဉ်ထါးပေသိငွေစါရင်းတင်ဖု့ိ့ရာပြင်ဆင်လို့မပြီးသေးတေါ့မင်းမလါနိုင်ခဲ့ရရှာဘူးလေ–

အကြွေစေါလို့နှမြောပီးယူကြုံးမရဖြစ်ရပါတယ်အစ်မတို့မင်းအန်ကယ်တို့တစ်ဘဝလုံးပြုခဲ့သမျှဒါနသီလဘါဝနာကုသိုလ်တွေကိုမင်းအကုန်ယူသွားပါအမျှအမျှအမျှပါကိုထိုက်ဇော်ရေ”

ဆိုပြီး ရင်ဖွင့်ထားတာဖြစ်ပါတယ်….အသက်အန္တရယ်ကို ကြိုမြင်ခဲ့လို့ ရှောင်တိမ်းဖို့ ကြိုးစားခဲ့ပေမယ့် ငွေစာရင်းရှင်းဖို့ မပြီးသေးလို့ မရှောင်တိမ်းနိုင်ခဲ့တာဖြစ်ပါတယ်…

ဦးထိုက်ဇော်အကြောင်းကို သိသူ နောက်ထပ်မိတ်ဆွေ တစ်ယောက်ကလည်း ခုလို ရင်ဖွင့်ထားပါတယ်….

“လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်…

ရပ်ကွက်ထဲမှာ ပြေးလွှားဆော့ကစား နေကြတဲ့ ကလေးတွေထဲက သွက်သွက်လက်လက်ရှိလှတဲ့ ဇော်ကြီး၊ ဆရာကြီးဦးတင်မောင် ဒေါ်ခင်တုတ်တို့ရဲ့မြေး စိတ်ထားကောင်းပြီးလူမှူဆက်ဆံရေးကောင်းလှတဲ့ အကိုကြီးဦးဇော်ဝင်း.. အမ… တို့ရဲ့သားကိုမျိုးအောင်(ခ) ကိုအပ်ပနား၊ကိုဝင်းကို(ခ)ဖြူဖွေး(ဗိုလ်မှူးငြိမ်း)၊ စန်းစန်းဝင်း(ခ)ခွေးမတို့ရဲ့ တူကလေး၊

အချိန်တွေကြာ ခွဲခွဲခွာခွာနဲ့ဘယ်တွေရောက်လို့ ဘယ်တွေပေါက်နေမှန်းမသိ၊သိလည်းသိ တွေ့လည်းတွေ့တော့ ကြွေလွင့်ခဲ့ရတဲ့ သတင်းနဲ့ စိတ်မကောင်းလိုက်တာ

ဇော်ကြီးရယ်..

မင်းက အစဉ်အလာကောင်းလှတဲ့ တောင်တွင်းကြီးသား ၊ တောင်တွင်းသားကို မြစ်ထဲကန်ချ ၊ပေါ်လာတဲ့နေရာမှာ လူကြီး(ခေါင်းဆောင်)ဖြစ်တယ် ဆိုတဲ့ ငယ်ငယ်က ကြားဖူးတဲ့စကား.. မင်းရဲ့မကြာသေးခင်က အောင်မြင်မှု နဲ့ ပြည်သူကိုပြန်အလုပ်အကျွေး မပြုခင်မှာ ကြွေလွင့်သွားခဲ့ရပြီကော…

မင်းအတွက် ငါတို့ တောင်တွင်းသားတွေနဲ့ နိုင်ငံတစ်ဝှမ်းက သတိ ပညာ ရှိတဲ့ သူတွေအားလုံး ဝမ်းနည်းကြေကွဲနေကြမှာ အမှန်ပါပဲ..ပြည်သူကပေးအပ်လာတဲ့တာဝန်ကို အပြည့်အဝ မထမ်းဆောင်နိုင်သေးပေမဲ့ ငါတို့အားလုံး မင်းကို အလေးပြုဂုဏ်ယူနေမှာပါ..

မင်း..ကောင်းရာဘုံဘဝမှာ ခံစားစံစားနိုင်ပါစေ..ဇော်ကြီးရေ…

မောင်းတိုင်( ၁)

တစ်ရပ်ကွက်ထဲသား ညီအကိုတွေထဲက

ဝေလွင်မြိုင်…”ဆိုပြီး ရင်ဖွင့်ထားတာဖြစ်ပါတယ်

ဉာဏ်ပညာမဲ့ သူတွေဟာနောက်ဆုံးမှာ လက်နက် ပဲ အားကိုးကြတယ်

ဒီစနစ်ကို မကြိုက်လို့ ပင်နီ ဝတ်တာ….………….သွေးတော့ နည်းနည်းစွန်းမယ် မိန်းမ….တဲ့

ဪ ဒါနဲ့

အခုပဲ စကားပြောနေရင်း အခုပဲ ရှင်ငြိမ်သတ် သွားတော့ မိန်းမ ဖြစ်တဲ့ ကျွန်မက စိတ်မကောက်ရဘူးလား……..

မိန်းမရေ…ဆောင်း ဝင်လာပြီ ပြည်နယ်အတွင်း ပြည်သူတွေ အတွက် ကိုဗစ်ကို ပိုသတိထား ရမယ်တဲ့

ရှင့်အတွက် ကျတော့ ကျည်တစ်တောင့် နဲ့ လမိုက်ည ……………..

ဟုတ်တယ်…တစ်ဆိတ်ရှိ သေနတ်ပဲ အားကိုးနေတဲ့ အဲ့ဒီအဖွဲ့အစည်း တွေ အကုန်လုံး ကို မုန်းတယ် ……ရှင်ရယ်…….

#မင်းရသ

Leave a Reply

Your email address will not be published. Required fields are marked *