၈ လအတြင္း ျမန္မာက ကိုဗစ္ပိုးေတြ႕ ၇၉၀၀၀ ေက်ာ္ျဖင့္ ကမာၻ႔ကူးစက္မႈအျမင့္ဆုံးအဆင့္ ၇၁ ျဖစ္လာ

Zawgyi ျဖင့္ဖတ္ရန္

၈ လအတြင္း ျမန္မာက ကိုဗစ္ပိုးေတြ႕ ၇၉၀၀၀ ေက်ာ္ျဖင့္ ကမာၻ႔ကူးစက္မႈအျမင့္ဆုံးအဆင့္ ၇၁ ျဖစ္လာ

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၇၉,၀၀၀ ေက်ာ္ ရွိလာခဲ့ၿပီျဖစ္ကာ ကမာၻ႔ႏိုင္ငံေပါင္း ၂၀၀ ေက်ာ္ထဲမွာ ကူးစက္မႈအျမင့္ဆုံးအဆင့္ ၇၁ ေနရာမွာ ရပ္တည္ေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ပထမဆုံးေသာ ကိုဗစ္-၁၉ အတည္ျပဳလူနာကိုေတာ့ ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္ မွာ ေတြ႕ရွိခဲ့ၿပီး ရခိုင္ျပည္နယ္က တေက်ာ့ျပန္ကူးစက္မႈေတြနဲ႔အတူ အခ်ိန္ ၈ လရွိလာခဲ့ခ်ိန္မွာေတာ့ ေရာဂါကူးစက္ခံရသူစုစုေပါင္း ၇၉,၀၀၀ ေက်ာ္လာခဲ့တာ ျဖစ္ပါတယ္။

Family members, wearing face masks as a preventive measure against the spread of the COVID-19 novel coronavirus, wait for prisoners to be released from Insein Prison in Yangon on April 17, 2020, as part of an annual amnesty to thousands of prisoners to mark its April New Year holiday. – More than a quarter of Myanmar’s prison population is to be released, the president’s office announced on April 17, as calls grow to ease pressure on overcrowded jails with coronavirus fears gripping the country. (Photo by Sai Aung MAIN / AFP)

လတ္တေလာမွာလည္း အစိုးရက ျပည္သူေတြကို ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈ ထပ္တိုးမလာေစဖို႔ မၾကာမီေရာက္လာေတာ့မယ့္ ပြင့္လင္းရာသီပိတ္ရက္ေတြမွာ ျပည္သူေတြအေနနဲ႔ မလိုအပ္ပဲ ခရီးသြားလာတာေတြ၊ လူစူလူေဝးျပဳလုပ္တာေတြ မလုပ္ၾကဖို႔၊ တတ္ႏိုင္သမွ် ေနအိမ္ထဲမွာသာ ေနထိုင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီဌာနက ႏိုဝင္ဘာ ၁၉ ရက္စြဲနဲ႔ ပန္ၾကားထားပါတယ္။ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳလူနာေတြရဲ႕ ၇၅ ရာခိုင္ႏႈန္းဟာ ေဆး႐ုံက ဆင္းခြင့္ရခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

လက္ရွိအခ်ိန္ထိ ကမာၻတဝန္း ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူအေရအတြက္ဟာ ၅၈ ဒသမ ၉ သန္းေက်ာ္ ရွိလာခဲ့ၿပီျဖစ္ၿပီး သန္းနဲ႔ခ်ီ ကူးစက္ခံထားရတဲ့ ႏိုင္ငံအေရအတြက္ဟာလည္း ၁၁ ႏိုင္ငံထိ ရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ Worldometers ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ေရာဂါျဖစ္ပြားမႈ အျမင့္ဆုံးႏိုင္ငံေတြထဲမွာေတာ့ အေမရိကန္ႏိုင္ငံက ကူးစက္ခံရသူ ၁၂ ဒသမ ၅ သန္းေက်ာ္၊ ေသဆုံးသူ ၂၆၂,၅၃၃ ေယာက္၊ အိႏၵိယႏိုင္ငံက ကူးစက္ခံရသူ ၉ ဒသမ ၁ သန္းေက်ာ္၊ ေသဆုံးသူ ၁၃၃,၇၅၀ ေယာက္၊ ဘရာဇီးႏိုင္ငံက ကူးစက္ခံရသူ ၆ သန္းေက်ာ္၊ ေသဆုံးသူ ၁၆၉,၀၂၂ ေယာက္စီနဲ႔ ထိပ္ဆုံး ၃ ႏိုင္ငံအေနနဲ႔ အသီးသီး ရပ္တည္ေနပါတယ္။

အဲဒီ ၃ ႏိုင္ငံေနာက္မွာေတာ့ ကိုဗစ္-၁၉ ေရာဂါသန္းနဲ႔ခ်ီကူးစက္ခံရတဲ့ ႏိုင္ငံေတြအျဖစ္ ျပင္ သစ္၊ ႐ုရွား၊ စပိန္၊ ယူေက၊ အီတလီ၊ အာဂ်င္တီးနား၊ ကိုလံဘီယာ၊ မကၠဆီကိုႏိုင္ငံေတြက  အစဥ္ လိုက္ ရွိေနခဲ့တာပါ။

ေရာဂါျဖစ္ပြားမႈစတင္ရာ တ႐ုတ္ႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေရအတြက္ ၈၆,၄၃၁ ေယာက္၊ စုစုေပါင္း ေသဆုံးသူ ၄,၆၃၄ ေယာက္နဲ႔ ခုရက္ပိုင္းအတြင္း ေသဆုံးသူထပ္တိုးမ လာဘဲ ႏိုင္ငံအလိုက္ အမွတ္စဥ္ ၆၈ ေနရာထိ က်ဆင္းသြားခဲ့ပါတယ္။

အာရွေဒသတြင္း ႏိုင္ငံေတြထဲမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန႔္ပြားမႈ အျမင့္ဆုံး အိႏၵိယ ႏိုင္ငံၿပီးရင္ အီရန္၊ အီရတ္နဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြက ကူးစက္ခံရသူဦးေရ ၈၅၄,၃၆၁ ေယာက္၊ ၅၃၅,၃၂၁ ေယာက္၊ ၄၉၇,၆၆၈ ေယာက္စီနဲ႔ အသီးသီး ရွိေနပါတယ္။

ျမန္မာနဲ႔ အိမ္နီးခ်င္းႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူး စက္ခံရသူဦးေရ ၄၄၇,၃၄၁ ေယာက္နဲ႔ ေသဆုံးသူ ၆,၃၈၈ ေယာက္ ရွိေနတာ ျဖစ္ပါတယ္။

အာဆီယံႏိုင္ငံေတြထဲမွာေတာ့ အင္ဒိုနီးရွားႏိုင္ငံၿပီးရင္ ဖိလစ္ပိုင္ႏိုင္ငံက ကိုဗစ္-၁၉ ေရာဂါကူး စက္ခံရသူဦးေရ ၄၁၈,၈၁၈ ေယာက္နဲ႔ ေသဆုံးသူ ၈,၁၂၃ ေယာက္နဲ႔ ဒုတိယေနရာမွာ ရွိေနခဲ့ပါတယ္။

The streets of downtown Yangon overlooking City Hall and Sule Pagoda

လတ္တေလာ ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ျမန္မာႏိုင္ငံကေတာ့ ႏိုဝင္ဘာ ၂၂ ရက္ည ၈ နာ ရီအထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ စုစုေပါင္း ၇၉,၂၄၆ ေယာက္၊ ေသဆုံးသူ ၁,၇၃၉ ေယာက္နဲ႔ ေဆး႐ုံက ဆင္းခြင့္ရသူစုစုေပါင္း ၅၈,၇၅၈ ေယာက္နဲ႔ အာဆီယံႏိုင္ငံေတြထဲမွာ ကိုဗစ္-၁၉ ကူးစက္မႈ နဲ႔ ေသဆုံးမႈ အမ်ားဆုံး ၃ ႏိုင္ငံထဲမွာ ပါဝင္ေနပါတယ္။

လက္ရွိအခ်ိန္ထိ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဓာတ္ခြဲစစ္ေဆးမႈ စုစုေပါင္း ၁ သန္းေက်ာ္ ျပဳလုပ္ခဲ့ၿပီးျဖစ္ကာ ေစာင့္ၾကည့္လူနာေပါင္း ၁၅,၅၈၁ ေယာက္ ရွိေနတယ္လို႔ ဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ဒ္မွာ ေဖာ္ျပထားပါတယ္။

စင္ကာပူႏိုင္ငံကေတာ့ ေရာဂါကူးစက္ခံရသူအေရအတြက္ ၅၈,၁၆၀ ေယာက္နဲ႔ ေသဆုံးသူ အေရအတြက္ ထပ္တိုးမလာဘဲ ၂၈ ေယာက္ ရွိေနတာ ျဖစ္ပါတယ္။

မေလးရွားႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူ အေရအတြက္ ၅၄,၇၇၅ ေယာက္နဲ႔ ေသဆုံးသူ ၃၃၅ ေယာက္ ရွိပါတယ္။

ျမန္မာနဲ႔ အိမ္နီးခ်င္းႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူး စက္ခံရသူ အေရအတြက္ ၃,၉၁၃ ေယာက္နဲ႔ ခုရက္ပိုင္းအတြင္း ေသဆုံးသူအေရအတြက္ ထပ္တိုးမလာဘဲ အေယာက္ ၆၀ ေယာက္ ရွိေနပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေရအတြက္ ၁,၃၀၇ ေယာက္နဲ႔ ေသဆုံးသူအေရအတြက္ ခုရက္ပိုင္းမွာ တိုးမလာဘဲ ၃၅ ေယာက္ ရွိေနၿပီး ဘ႐ူ ႏိုင္းႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေရအတြက္ ၁၄၈ ေယာက္နဲ႔ ေသဆုံးသူ ၃ ေယာက္ ရွိေနတာပါ။

ကေမာၻဒီးယားနဲ႔ လာအိုႏိုင္ငံေတြမွာေတာ့ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ အေရအတြက္ ၃၀၆ ေယာက္နဲ႔  ၂၅ ေယာက္ အသီးသီးရွိေနေပမယ့္ ေသဆုံးလူနာ ခုခ်ိန္ထိ မရွိေသးပါဘူး။

တကမာၻလုံးအတိုင္းအတာနဲ႔ လတ္တေလာအခ်ိန္ထိ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရ ၿပီး ေသဆုံးသူအေရအတြက္ ၁ ဒသမ ၃၉ သန္းေက်ာ္ ရွိလာခဲ့ၿပီျဖစ္ၿပီး ေရာဂါျပန္လည္ ေပ်ာက္ကင္းလာသူ အေရအတြက္ကေတာ့ ၄၀ ဒသမ ၇ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

၈ လအတွင်း မြန်မာက ကိုဗစ်ပိုးတွေ့ ၇၉၀၀၀ ကျော်ဖြင့် ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၁ ဖြစ်လာ

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၇၉,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ကာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ ကူးစက်မှုအမြင့်ဆုံးအဆင့် ၇၁ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် မှာ တွေ့ရှိခဲ့ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေနဲ့အတူ အချိန် ၈ လရှိလာခဲ့ချိန်မှာတော့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၉,၀၀၀ ကျော်လာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာလည်း အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထပ်တိုးမလာစေဖို့ မကြာမီရောက်လာတော့မယ့် ပွင့်လင်းရာသီပိတ်ရက်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစူလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့၊ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာနက နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ပန်ကြားထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၅၈ ဒသမ ၉ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေအတွက်ဟာလည်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၂  ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၂၆၂,၅၃၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၁၃၃,၇၅၀ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ သန်းကျော်၊ သေဆုံးသူ ၁၆၉,၀၂၂ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ကိုဗစ်-၁၉ ရောဂါသန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံတွေအဖြစ် ပြင် သစ်၊ ရုရှား၊ စပိန်၊ ယူကေ၊ အီတလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ မက္ကဆီကိုနိုင်ငံတွေက  အစဉ် လိုက် ရှိနေခဲ့တာပါ။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၄၃၁ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမ လာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၆၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ နိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၈၅၄,၃၆၁ ယောက်၊ ၅၃၅,၃၂၁ ယောက်၊ ၄၉၇,၆၆၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၄၇,၃၄၁ ယောက်နဲ့ သေဆုံးသူ ၆,၃၈၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၁၈,၈၁၈ ယောက်နဲ့ သေဆုံးသူ ၈,၁၂၃ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၂၂ ရက်ည ၈ နာ ရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၇၉,၂၄၆ ယောက်၊ သေဆုံးသူ ၁,၇၃၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၈,၇၅၈ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှု နဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

လက်ရှိအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၁ သန်းကျော် ပြုလုပ်ခဲ့ပြီးဖြစ်ကာ စောင့်ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက် ရှိနေတယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၁၆၀ ယောက်နဲ့ သေဆုံးသူ အရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅၄,၇၇၅ ယောက်နဲ့ သေဆုံးသူ ၃၃၅ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၉၁၃ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၀၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၆ ယောက်နဲ့  ၂၅ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၃၉ သန်းကျော် ရှိလာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၄၀ ဒသမ ၇ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *