က.ည.န ရုံးတွေ ပြန်ဖွင့်တော့မှာလား၊ ယာဉ်မောင်းလိုင်စင်တွေ ပြန်လုပ်လို့ရနေပြီလား မသိသေးတဲ့သူတွေအတွက်

ကညနရုံးတွေ ဖွင့်တော့မှာလား ယာဉ်မောင်းလိုင်စင်တွေ လုပ်လို့ရပြီလား..

ကညနရုံးတွေဘယ်တော့ဖွင့်မှာလဲ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးချင်လို့ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ချင်လို့ စသည်ဖြင့် မေးမြန်းကြတဲ့သူတွေ

များပါတယ်။ကညနရုံးတွေဖွင့်မည့်ရက်ဟာ အတိအကျ စာထွက်လာတာတော့ မတွေ့သေးပါဘူး.. ဘယ်နေ့ဘယ်ရက်လို့ပြောနေကြသံတွေကတော့ အမျိုးမျိုးကြားနေရပါတယ်..

ကျွန်တော်ပြောချင်တာလေးက ကညနရုံးတွေ ဖွင့်ခဲ့သည့်တိုင် ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးဖို့ အသစ်လုပ်ဖို့ဆိုတာ ချက်ချင်းမရနိုင်သေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကညနရုံးတွေဖွင့်တယ်ဆိုတာနဲ့ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို အရင်စမှာပါ.. အဲ့ဒါပြီးပါမှ သက်တမ်းကုန်‌နေတဲ့ယာဉ်တွေ သက်တမ်းတိုးခြင်း၊

သက်တမ်းကုန်နေတဲ့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးခြင်းတို့ကို အရင်ဆောင်ရွက်မှာပါ..အထက်ပါနှစ်ရက်လုံးပြီးပါမှ ယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေ

တဆင့်ဖြေဆိုတာတွေစမှာပါ.. ဥပမာ အမောင်းသင်လိုင်စင်ကနေ “ခ”ဖြေတာတို့ “ခ” ကနေ”ဃ” “င” ဖြေတာတို့ပါ.. ဒါတောင်မှ ကိုဗစ် အခြေအနေပေါ်မူတည်ပြီး မြို့နယ်၊

ခရိုင်၊တိုင်းဒေသကြီးအလိုက် နေရာဒေသသတ်မှတ်ခြင်း၊ လူဦးရေသတ်မှတ်ခြင်း၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားသတ်မှတ်ခြင်း၊ အချိန်၊ ရက် သတ်မှတ်ခြင်း စသည်ဖြင့်

ကျန်းမာရေးအရ ကိုဗစ် ပထမလှိုင်းတုန်းကလို ကန့်သတ်ချက်များစွာနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။သက်တမ်းကုန်‌နေပြီး သက်တမ်းတိုးခွင့်မရတဲ့ ယာဉ်တွေ၊

ယာဉ်မောင်းလိုင်စင်တွေကိုလဲ ကိုဗစ် ပထမလှိုင်းတုန်းကလို ဖြေလျော့မှုတွေ ပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီတော့ ကညနရုံးတွေဖွင့်ခဲ့လျှင်လည်း ယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေ တဆင့်တိုးဖြေဆိုတာတွေ ချက်ချင်းမရနိုင်သေးဘူးဆိုတာ အသစ်လုပ်ဖို့ တဆင့်တိုးဖို့

မျှော်လင့်နေတဲ့မိဘပြည်သူများကို သိစေလိုပါတယ်ခင်ဗျာ။ဖြည့်စွပ်ပြီးပြောချင်တာလေးက ယာဉ်လိုင်စင်တွေသက်တမ်းကုန်နေသော်လည်း ယာဉ်နဲ့အတူပါရှိပါစေ

ယာဉ်မောင်းလိုင်စင်တွေသက်တမ်းကုန်နေပါ‌စေ မိမိနဲ့‌တော့အတူပါရှိပါစေ စစ်ဆေးတဲ့တာဝန်ရှိသူတွေက သက်တမ်းကုန်ခြင်းနဲ့ပတ်သက်လို့ မေးမြန်းလာသည့်အခါ

ရေရေလည်လည် ရှင်းပြပေးပါ အဆင်ပြေပါလိမ့်မယ်ဗျာ။လိုင်စင်တွေအကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာယာဉ်ထိန်းရုံးကနေ

ထောက်ခံစာယူထားပါ.. ထောက်ခံစာနဲ့ ယာဉ်မောင်းလို့မရပေမဲ့ အထောက်အထားတစ်ခုအဖြစ်တော့ မိမိလက်မှာ ရှိထားတော့ရှင်းပြရတဲ့အခါ အကျိုးဖြစ်စေမှာပါ။(ပုံဟောင်းလေးတွေမို့ Mask မပါ)ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (22.11.2020)ခရက်ဒစ်

Unicode

ကညနရုံးတွေ ဖွင့်တော့မှာလား ယာဉ်မောင်းလိုင်စင်တွေ လုပ်လို့ရပြီလား..

ကညနရုံးတွေဘယ်တော့ဖွင့်မှာလဲ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးချင်လို့ ယာဉ်မောင်းလိုင်စင်အသစ်လုပ်ချင်လို့ စသည်ဖြင့် မေးမြန်းကြတဲ့သူတွေ

များပါတယ်။ကညနရုံးတွေဖွင့်မည့်ရက်ဟာ အတိအကျ စာထွက်လာတာတော့ မတွေ့သေးပါဘူး.. ဘယ်နေ့ဘယ်ရက်လို့ပြောနေကြသံတွေကတော့ အမျိုးမျိုးကြားနေရပါတယ်..

ကျွန်တော်ပြောချင်တာလေးက ကညနရုံးတွေ ဖွင့်ခဲ့သည့်တိုင် ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးဖို့ အသစ်လုပ်ဖို့ဆိုတာ ချက်ချင်းမရနိုင်သေးပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကညနရုံးတွေဖွင့်တယ်ဆိုတာနဲ့ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို အရင်စမှာပါ.. အဲ့ဒါပြီးပါမှ သက်တမ်းကုန်‌နေတဲ့ယာဉ်တွေ သက်တမ်းတိုးခြင်း၊

သက်တမ်းကုန်နေတဲ့ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းတိုးခြင်းတို့ကို အရင်ဆောင်ရွက်မှာပါ..အထက်ပါနှစ်ရက်လုံးပြီးပါမှ ယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေ

တဆင့်ဖြေဆိုတာတွေစမှာပါ.. ဥပမာ အမောင်းသင်လိုင်စင်ကနေ “ခ”ဖြေတာတို့ “ခ” ကနေ”ဃ” “င” ဖြေတာတို့ပါ.. ဒါတောင်မှ ကိုဗစ် အခြေအနေပေါ်မူတည်ပြီး မြို့နယ်၊

ခရိုင်၊တိုင်းဒေသကြီးအလိုက် နေရာဒေသသတ်မှတ်ခြင်း၊ လူဦးရေသတ်မှတ်ခြင်း၊ ယာဉ်မောင်းလိုင်စင်အမျိုးအစားသတ်မှတ်ခြင်း၊ အချိန်၊ ရက် သတ်မှတ်ခြင်း စသည်ဖြင့်

ကျန်းမာရေးအရ ကိုဗစ် ပထမလှိုင်းတုန်းကလို ကန့်သတ်ချက်များစွာနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။သက်တမ်းကုန်‌နေပြီး သက်တမ်းတိုးခွင့်မရတဲ့ ယာဉ်တွေ၊

ယာဉ်မောင်းလိုင်စင်တွေကိုလဲ ကိုဗစ် ပထမလှိုင်းတုန်းကလို ဖြေလျော့မှုတွေ ပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီတော့ ကညနရုံးတွေဖွင့်ခဲ့လျှင်လည်း ယာဉ်မောင်းလိုင်စင်အသစ်လုပ်တာတွေ တဆင့်တိုးဖြေဆိုတာတွေ ချက်ချင်းမရနိုင်သေးဘူးဆိုတာ အသစ်လုပ်ဖို့ တဆင့်တိုးဖို့

မျှော်လင့်နေတဲ့မိဘပြည်သူများကို သိစေလိုပါတယ်ခင်ဗျာ။ဖြည့်စွပ်ပြီးပြောချင်တာလေးက ယာဉ်လိုင်စင်တွေသက်တမ်းကုန်နေသော်လည်း ယာဉ်နဲ့အတူပါရှိပါစေ

ယာဉ်မောင်းလိုင်စင်တွေသက်တမ်းကုန်နေပါ‌စေ မိမိနဲ့‌တော့အတူပါရှိပါစေ စစ်ဆေးတဲ့တာဝန်ရှိသူတွေက သက်တမ်းကုန်ခြင်းနဲ့ပတ်သက်လို့

ရေရေလည်လည် ရှင်းပြပေးပါ အဆင်ပြေပါလိမ့်မယ်ဗျာ။လိုင်စင်တွေအကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသွားတယ်ဆိုရင်လည်း သက်ဆိုင်ရာယာဉ်ထိန်းရုံးကနေ

ထောက်ခံစာယူထားပါ.. ထောက်ခံစာနဲ့ ယာဉ်မောင်းလို့မရပေမဲ့ အထောက်အထားတစ်ခုအဖြစ်တော့ မိမိလက်မှာ ရှိထားတော့ရှင်းပြရတဲ့အခါ

အကျိုးဖြစ်စေမှာပါ။(ပုံဟောင်းလေးတွေမို့ Mask မပါ)ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (22.11.2020)ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *