[Zawgyi]
[Unicode]
ခြေနှစ်ချောင်းသာရှိပေမဲ့ အမြဲပျော်ရွှင်တက်ကြွနေတဲ့ ခွေးလေး (ရုပ်သံ)
Vedioအောက်ဆုံးတွင်ပါဝင်သည်
မသန်စွမ်းဘူးဆိုရင်တောင် အမြဲစိတ်ကိုပျော်ရွှင်စွာထားပြီး ကြိုးစားရုန်းကန်မယ်ဆိုရင် အရာအားလုံပုံမှန်အနေအထားလို ဖြတ်သန်းသွားနိုင်မယ်ဆိုတာ ယခုဖော်ပြမဲ့ခွေးလေးက သက်သေပြလိုက်တာပါပဲ ။
Video ထဲမှာတော့ ခွေးလေးဟာ ခြေနှစ်ဖက်သာပါရှိလို့ အခြားခွေးတွေလိုပုံမှန်းလမ်းမလျှောက်နိုင်ပေမဲ့ အမြဲတက်ကြွနေပြီး ကြိုးစားလမ်းလျှောက်နိုင်အောင် ကိုယ်တိုင်လေ့ကျင့်ခဲ့ပုံပါပဲ ။ ဒါကြောင့် ခွေးလေးဟာ အနောက်ခြေနှစ်ဖက်ကိုသာ အားကိုးပြီး လူတွေလိုလမ်းလျှောက်နိုင်ပေမဲ့ ၊ ခန္ဓာကိုယ်ကိုမလဲကျအောင်ထိန်းနိုင်ဖို့ ပြေးပြေးလွှားလွှားသွားနေခဲ့ရတာပါ ။
သို့ပေမဲ့လည်း ခွေးလေးဟာ သူ့ဘဝကိုသူပျော်ရွှင်စွာဖြတ်သန်းနေပြီး မျက်နှာလေးကအမြဲပြုံးပျော်နေတာပါ ။ Video ထဲမှာ သခင့်ဆီ ခြေထောက်နှစ်ချောင်းထဲနဲ့ အပြေးအလွှားသွားနေခဲ့တဲ့ ခွေးလေးရဲ့ပုံစံဟာ လူအတော်အများကို ကြိုးစားရုန်းကန်လိုစိတ်ဖြစ်စေခဲ့လို့ ခွေးလေးဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။
— Thi ha (@Thiha93103756) November 23, 2020