မိန္းကေလးဖက္အသိုင္းအဝိုင္းက မဂၤလာပြဲကိုကန႔္ကြက္လို႔ဆိုၿပီး ျမစ္ေခ်ာင္းထဲခုန္ခ်ကာအဆုံးစီရင္ခဲ့တဲ့ စုံတြဲရဲ႕အျဖစ္

Zawgyi ျဖင့္ဖတ္ရန္

မိန္းကေလးဖက္အသိုင္းအဝိုင္းက မဂၤလာပြဲကိုကန႔္ကြက္လို႔ဆိုၿပီး ျမစ္ေခ်ာင္းထဲခုန္ခ်ကာအဆုံးစီရင္ခဲ့တဲ့ စုံတြဲရဲ႕အျဖစ္

တ႐ုတ္ႏိုင္ငံက အသက္ 20အ႐ြယ္ဝန္းက်င္စုံတြဲဟာ ၎တို႔ရဲ႕မဂၤလာပြဲကို မိန္းကေလးဖက္မိသားစုက ကန႔္ကြက္လို႔ဆိုၿပီး ႏွစ္ေယာက္လုံးျမစ္ေခ်ာင္းထဲခုန္ခ်ကာ ကိုယ့္ကိုအဆုံးစီရင္မႈျဖစ္ပြားခဲ့ပါတယ္ ။ မိန္းကေလးဖက္မွ မိခင္ျဖစ္သူက မဂၤလာပြဲအတြက္ေဆြးေႏြးဖို႔ ေယာက်ၤားေလးဖက္ေနအိမ္သို႔သြားေရာက္ခဲ့ပါတယ္ ။

ထို႔ေနာက္ ေငြေရးေၾကးေရးသေဘာတူညီခ်က္အျဖစ္ ေယာက်ၤာေလးဖက္မွ ၎တို႔စုံတြဲအတြက္ အိမ္တစ္လုံးဝယ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ေယာက်ၤားေလးဖက္မွ ဖခင္ျဖစ္သူက ဆင္းရဲေသာေၾကာင့္ အိမ္ဝယ္ေပးဖို႔မတတ္ႏိုင္ေၾကာင္း ၊ ဇနီးျဖစ္သူမွာလည္း ဖ်ားနာေနေၾကာင္း ရွင္းျပခဲ့ေပမဲ့လည္း မိန္းကေလးရဲ႕မိခင္ဖက္က သေဘာမတူႏိုင္ေတာ့ဘဲ သမီးျဖစ္သူရဲ႕လက္ကိုကိုင္ဆြဲၿပီးေနာက္ထပ္သမီးျဖစ္သူကို လုံးဝအဆက္အသြယ္မလုပ္ဖို႔ေျပာဆိုၿပီး အဆက္ျဖတ္ခဲ့ပါတယ္ ။

သမီးျဖစ္သူ မေသဆုံးခင္တစ္ရက္အလိုက မိခင္ျဖစ္သူႏွင့္ ရန္ျဖစ္စကားမ်ားၿပီးေနာက္ ” အေမ သမီးကိုေနာက္ထပ္ဘယ္ေတာ့မွ ေတြ႕ရေတာ့မွာမဟုတ္ဘူး ” ဆိုၿပီးေျပာဆိုကာ ေနအိမ္ကေနထြက္လာခဲ့ပါတယ္ ။ အဆိုပါစုံတြဲရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ႐ြာသားေတြကျမစ္ေခ်ာင္းထဲကေန ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္ ။

သတင္းေထာက္မ်ားက မိန္းကေလးရဲ႕မိခင္ျဖစ္သူကို ဖုန္းဆက္ၿပီး အျဖစ္အပ်က္အေၾကာင္းအရာေမးျမန္ခဲ့ခ်ိန္မွာေတာ့ ” ကြၽန္မသမီးက ေသသြားပါၿပီ ၊ ကြၽန္မဘားမွ ထပ္မေျပာခ်င္ေတာ့ပါဘူး ” ဟုေျပာဆိုၿပီးေနာက္ ဖုန္းခ်သြားခဲ့ပါတယ္ ။ မိဘေတြ သားသမီးအေပၚထားရွိတဲ့ ေမတၱာတရားေတြဟာ တစ္ခါတစ္ေလေတာ့လည္း အစြန္းေရာက္သြားတာမ်ိဳးျဖစ္တတ္ပါတယ္ ။ ေသဆုံးသြားတဲ့ စုံတြဲေလးရဲ႕အျဖစ္ဟာတ႐ုတ္ႏိုင္ငံရဲ႕ social media ေပၚမွာ အေတာ္ေလးေရပန္းစားသြားခဲ့ၿပီး လူအမ်ားစုကေတာ့ အေတာ္ေလးဝမ္းနည္းေၾကကြဲဖြယ္ေကာင္းလြန္းတဲ့အျဖစ္ ဆိုၿပီးသတ္မွတ္ခဲ့ၾကပါတယ္ ။

Unicode ျဖင့္ဖတ္ရန္

မိန်းကလေးဖက်အသိုင်းအဝိုင်းက မင်္ဂလာပွဲကိုကန့်ကွက်လို့ဆိုပြီး မြစ်ချောင်းထဲခုန်ချကာအဆုံးစီရင်ခဲ့တဲ့ စုံတွဲရဲ့အဖြစ်

တရုတ်နိုင်ငံက အသက် 20အရွယ်ဝန်းကျင်စုံတွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကို မိန်းကလေးဖက်မိသားစုက ကန့်ကွက်လို့ဆိုပြီး နှစ်ယောက်လုံးမြစ်ချောင်းထဲခုန်ချကာ ကိုယ့်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ် ။ မိန်းကလေးဖက်မှ မိခင်ဖြစ်သူက မင်္ဂလာပွဲအတွက်ဆွေးနွေးဖို့ ယောင်္ကျားလေးဖက်နေအိမ်သို့သွားရောက်ခဲ့ပါတယ် ။

ထို့နောက် ငွေရေးကြေးရေးသဘောတူညီချက်အဖြစ် ယောင်္ကျာလေးဖက်မှ ၎င်းတို့စုံတွဲအတွက် အိမ်တစ်လုံးဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ယောင်္ကျားလေးဖက်မှ ဖခင်ဖြစ်သူက ဆင်းရဲသောကြောင့် အိမ်ဝယ်ပေးဖို့မတတ်နိုင်ကြောင်း ၊ ဇနီးဖြစ်သူမှာလည်း ဖျားနာနေကြောင်း ရှင်းပြခဲ့ပေမဲ့လည်း မိန်းကလေးရဲ့မိခင်ဖက်က သဘောမတူနိုင်တော့ဘဲ သမီးဖြစ်သူရဲ့လက်ကိုကိုင်ဆွဲပြီးနောက်ထပ်သမီးဖြစ်သူကို လုံးဝအဆက်အသွယ်မလုပ်ဖို့ပြောဆိုပြီး အဆက်ဖြတ်ခဲ့ပါတယ် ။

သမီးဖြစ်သူ မသေဆုံးခင်တစ်ရက်အလိုက မိခင်ဖြစ်သူနှင့် ရန်ဖြစ်စကားများပြီးနောက် ” အမေ သမီးကိုနောက်ထပ်ဘယ်တော့မှ တွေ့ရတော့မှာမဟုတ်ဘူး ” ဆိုပြီးပြောဆိုကာ နေအိမ်ကနေထွက်လာခဲ့ပါတယ် ။ အဆိုပါစုံတွဲရဲ့ ရုပ်အလောင်းကိုတော့ ရွာသားတွေကမြစ်ချောင်းထဲကနေ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ် ။

သတင်းထောက်များက မိန်းကလေးရဲ့မိခင်ဖြစ်သူကို ဖုန်းဆက်ပြီး အဖြစ်အပျက်အကြောင်းအရာမေးမြန်ခဲ့ချိန်မှာတော့ ” ကျွန်မသမီးက သေသွားပါပြီ ၊ ကျွန်မဘားမှ ထပ်မပြောချင်တော့ပါဘူး ” ဟုပြောဆိုပြီးနောက် ဖုန်းချသွားခဲ့ပါတယ် ။ မိဘတွေ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရားတွေဟာ တစ်ခါတစ်လေတော့လည်း အစွန်းရောက်သွားတာမျိုးဖြစ်တတ်ပါတယ် ။ သေဆုံးသွားတဲ့ စုံတွဲလေးရဲ့အဖြစ်ဟာတရုတ်နိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးရေပန်းစားသွားခဲ့ပြီး လူအများစုကတော့ အတော်လေးဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းတဲ့အဖြစ် ဆိုပြီးသတ်မှတ်ခဲ့ကြပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *